- By CNI
- Category: အားကစား
- Hits: 296
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ခရီမိုနီဆီအသင်း တိုက်စစ်မှူး ဗာဒီဟာ နိုဝင်ဘာလအတွက် စီးရီးအေတစ်လတာ အကောင်းဆုံး ကစားသမား ဆုရခဲ့ပြီး သူဟာ ဒီဆုကို ရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ဗာဒီဟာ ပြီးခဲ့တဲ့လက စီးရီးအေ ၃ ပွဲ ပါဝင်ကစားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ပွဲစဉ်မှာ ခရီမိုနီဆီအသင်းအတွက် ၁ ဂိုး သွင်းယူခဲ့ပါတယ်။
ပရိသတ်တွေရဲ့ မဲပေးမှုတွေနဲ့ စာရင်း အချက်အလက်တွေကို ပေါင်းစပ်ထားတဲ့ စီးရီးအေ တစ်လတာ အကောင်း ဆုံးဆုမှာ ဗာဒီဟာ အေစီမီလန်အသင်း ဂိုးသမား မိုက်ဂ်နန်၊ အင်တာမီလန်အသင်း တိုက်စစ်မှူး လောတရို မာတီနက်ဇ်၊ နာပိုလီအသင်း တောင်ပံကစားသမား နီရက်စ်၊ ဂျီနိုအာအသင်းက အိုစတီဂါဒ့်နဲ့ အူဒီးနီးစ်အသင်းက ဇာနီအိုလိုတို့ကို အသာရပြီး ရရှိခဲ့တာပါ။
စီးရီးအေ အမှုဆောင်ချုပ် ဒီဆီယာဗိုက “ဗာဒီဟာ တကယ့်ကို တခြားခေတ်က ကစားသမားတစ်ဦးပါ။ ခရီမိုနီဆီ အသင်းထံ သူရောက်ရှိလာခဲ့တာကို စီးရီးအေ ပရိသတ်တွေက စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြပြီး ဗာဒီဟာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေ၊ မွေးရာပါ ခေါင်းဆောင်မှု၊ အရေးပါတဲ့ သွင်းဂိုးတွေနဲ့ ပြန်ပေးဆပ်နေပါ တယ်။ ဒါက သူ့ကို အမြဲတမ်း ထင်ရှားစေတဲ့ ပြိုင်ဆိုင်လိုမှုစိတ်နဲ့ ဂိုးသွင်းစွမ်းရည်တွေရဲ့ ရလဒ်”လို့ ပြောခဲ့ပါ တယ်။

ဗာဒီကို တွေ့ရစဉ်
၁၃ နှစ်ကြာ ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် နွေရာသီမှာ ခရီမိုနီဆီအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဗာဒီဟာ အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားပါတယ်။
စီးရီးအေပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၂၀၁၉ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဗာဒီမတိုင်မီက ဘယ်အင်္ဂလန်ကစားသမားကမှ ဒီဆုကို ရယူနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ခရီမိုနီဆီအသင်းဟာ စီးရီးအေနောက်ဆုံး ၂ ပွဲဆက်တိုက် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေကာ ဥရောပဝင်ခွင့် နေရာက အသင်းနဲ့ ၄ မှတ်ကွာဟနေတာပါ။
ခရီမိုနီဆီအသင်းဟာ လာမယ့် စီးရီးအေပွဲစဉ်အဖြစ် တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 245
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
လီဗာပူးလ်အသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ တောင်ပံကစားသမား ဆာလက်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ပစ်မှတ်ထားနေတယ်လို့ လိဂ်အကြီးအကဲ အိုမာမူဂါဘယ်လ်က ပြောခဲ့ပါတယ်။
ဆော်ဒီမှာ ပြုလုပ်တဲ့ ကမ္ဘာ့ဘောလုံး ထိပ်သီး အစည်းအဝေးမှာ အိုမာမူဂါဘယ်လ်က “ဆာလက်ကို ဆော်ဒီလိဂ်က ကြိုဆိုပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ တာဝန်ရှိတာက ကလပ်အသင်း တွေပါ။ သေချာတာကတော့ ဆာလက်ဟာ သူတို့တွေထဲက တစ်သင်းသင်းရဲ့ ပစ်မှတ်ပါပဲ”လို့ ပြောခဲ့ပါတယ်။
ဆာလက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အရန်ခုံပေါ်မှာ ထိုင်ခဲ့ရပြီးနောက် လီဗာပူးလ်အသင်းနဲ့ နည်းပြ အာနီဆလော့ တို့ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။
အဲ့ဒါကြောင့် ဆာလက်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဆာလက်ကို တွေ့ရစဉ်
ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ ဆာလက်ဟာ အင်တာမီလန်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်း လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။
လာမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ပါဝင် ကစားနိုင်မလားဆိုတာ သေချာမှု မရှိသေးတာပါ။
ဆာလက်ဟာ ဒီပွဲပြီးရင် အာဖရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ အီဂျစ်အသင်းနဲ့ သွားရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေဟာ ဆာလက်ကို ခေါ်ယူနိုင်ဖို့ အရင်ကတည်းက ကြိုးပမ်းခဲ့တာမှာ အောင်မြင်မှု မရခဲ့ပေမယ့် လီဗာပူးလ်အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ အခုအချိန်မှာတော့ သူ့ကို ခေါ်ယူဖို့ မျှော်လင့်ချက် အားကောင်းလာခဲ့တာပါ။
The Telegraph က အယ်လ်ဟီလယ်နဲ့ အယ်လ်အစ်တီဟတ်အသင်းတွေဟာ လာမယ့် အပြောင်းအရွှေ့မှာ ဆာလက်ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး မကြာမီမှာ ကြိုးပမ်းသွားဖွယ်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 174
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြတူချယ်လ်က သူ့ရဲ့ လူစာရင်းကို မရွေးချယ်မီ နောက်ဆုံး ၂ ပွဲအဖြစ် မတ်လထဲမှာ ဥရုဂွေး၊ ဂျပန်အသင်းတို့နဲ့ ဝင်ဘာလေမှာ ခြေစမ်းပွဲယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ မတ်လ ၂၇ ရက်မှာ ဥရုဂွေး၊ ၃၁ ရက်မှာ ဂျပန်အသင်းတို့နဲ့ ကစားမှာဖြစ်ပြီး နည်းပြ တူချယ်လ်က သူ့ရဲ့ လူစာရင်းကို မေလထဲ ကြေညာဖို့ စီစဉ်ထားပါတယ်။
ဥရုဂွေးက ကမ္ဘာ့အဆင့် ၁၆ ၊ ဂျပန်အသင်းက အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး ၂ နိုင်ငံစလုံးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က ကမ္ဘာ့အဆင့် ထိပ်ဆုံး ၂၀ ထဲမှာ ပါဝင်တဲ့ အသင်း ၂ သင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ ရည်မှန်းထားတဲ့ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲမတိုင်မီ အမေရိက မှာ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့လည်း မျှော်လင့်ထားပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားအသင်းတို့နဲ့ အုပ်စု L မှာ ကျရောက် နေပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က သူတို့ဟာ ခက်ခဲတဲ့ အုပ်စုထဲမှာ ကျရောက်နေပေမယ့် အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း မဲခွဲအပြီးမှာ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အုပ်စုတွင်း ရာနှုန်းပြည့် အနိုင်၊ ပေးဂိုးမပေးရဘဲ ခြေစစ်ပွဲအောင် မြင်ခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ၁ ကြိမ်ဖြစ်ပြီးနောက် အောင်မြင်မှုနဲ့ ဝေးကွာနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရခဲ့တာက သူတို့အတွက် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 205
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
အာဆင်နယ်အသင်းဟာ ကလပ်ဘရုဂျ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်နိုင်ဖို့ နီးစပ်သွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်၊ လိဒ်စ်၊ လီဗာပူးလ်၊ မန်စီးတီးအသင်းတို့ ပြီးနောက် ဥရောပပြိုင်ပွဲ အဖွင့်ပွဲစဉ် ၆ ပွဲစလုံး အနိုင်ရရှိတဲ့ ပဉ္စမမြောက် အင်္ဂလိပ် ကလပ်အသင်း ဖြစ်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ထိပ်ဆုံး ၈ သင်းက အလိုအလျောက် တက်ခွင့်ရမှာဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အဆင့် ၉ နေရာက လီဗာပူးလ်အသင်းကို ၆ မှတ်ဖြတ်ထားတာပါ။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်မှာ အနိမ့်ဆုံး တစ်မှတ်ရတာနဲ့ ၁၆ သင်းအဆင့်ကို တက်ခွင့်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာချိန်မှာ အာဆင်နယ်အသင်း ပရိသတ်အချို့ရဲ့ ဝေဖန်မှု တွေ ခံခဲ့ရတဲ့ တောင်ပံကစားသမား မာဒူအက်ကေဟာ ဒီပွဲမှာ ခြေစွမ်းပြသပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်း နည်းပြ အာတီတာက မှော်ဆန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ မာဒူအက်ကေကို ချီးကျူး ခဲ့ပြီး အသင်းမှာ ရှေ့တန်း ကစားသမားအချို့ ပြန်ပါဝင်လာနိုင်တဲ့အတွက် ပျော်ရွှင်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ရက်ပေါင်း ၃၃၂ ရက်အကြာမှာ အာဆင်နယ်အသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ကစားနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဂျီးဆပ်စ် ပြန်ပါဝင် ကစားနိုင်တာကြောင့် အားလုံးဝမ်းသာနေပြီး သူဟာ ဒီလိုပုံစံအတိုင်း ဆက်ကစားနိုင်မယ်ဆိုရင် အသင်းအတွက် တစ်ခုခု ယူဆောင်လာပေးမှာဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်ထားတဲ့ အာဆင်နယ်အသင်း ဟာ လာမယ့်လိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 209
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ရလဒ်တွေ ကောင်းအောင် ပြန်ပြီးလုပ်နိုင်ဖို့အတွက် နည်းပြအလွန်ဆိုကို အချိန်ထပ်ပြီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားတာပါ။
မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့ရင် နည်းပြအလွန်ဆို ရာထူးကနေ ထုတ်ပယ်ခံရမယ်ဆိုပြီး ဒီပွဲမတိုင်မီကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အလွန်ဆိုဟာ ရီးရယ်လ်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေ ခံစားနေရတာပါ။
ဒီပွဲမှာ ရီးရယ်လ်အသင်း ပရိသတ်တွေဟာ အသင်းရဲ့ ရလဒ်တွေအပေါ် သူတို့ရဲ့ စိတ်ပျက်မှုကို ပြသခဲ့ပြီး လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ရီးရယ်လ်နည်းပြ အလွန်ဆိုကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်ကလည်း အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေး နိမ့် ခဲ့တာကြောင့် အိမ်ကွင်းမှာ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
စပိန်သတင်းစာ မာကာက မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ရီးရယ်လ်အသင်းဟာ နည်းပြအလွန်ဆိုကို အချိန်ထပ်ပြီး ပေးသွားမယ်လို့ ဖော်ပြထားတာပါ။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၇ နေရာ ရပ်တည်နေတာ ကြောင့် နောက်တစ်ဆင့်ကို အလိုအလျောက် တက်နိုင်ဖို့ အခွင့်အရေး ရှိနေသေးပါတယ်။
ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်က သူတို့ဟာ နည်းပြကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံပြီး ရလဒ် ကောင်းတွေရရှိအောင် ဆက်တိုက်ပွဲ ဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အလွန်ဆိုက ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို သူနားလည် လက်ခံပြီး ယုံကြည်မှုနဲ့ ဆက်သွားမယ်ဆိုရင် ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ရလဒ်တွေ မကောင်းဖြစ်နေတဲ့အတွက် လာလီဂါပြိုင်ပွဲမှာလည်း ဘာစီလိုနာအသင်းရဲ့ ၄ မှတ်ဖြတ် ဦးဆောင်ခြင်းကို ခံထားရတာပါ။
ရီးရယ်လ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် အလာဗက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 184
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
တောင်ကိုရီးယားအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်က စပါးအသင်းက အမြဲတမ်းသူ့ရဲ့ အိမ်ဖြစ်တယ်လို့ စပါးအသင်း အိမ်ကွင်းကို ပြန်လာပြီး အသင်းဟောင်း ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်ချိန်မှာ ပြောခဲ့ပါတယ်။
ဆွန်ဟောင်မင်က “ပရိသတ်တွေ ကျနော့်ကို မမေ့ကြဖို့ မျှော်လင့်ပါတယ်။ အံ့အားသင့်စရာကောင်းပြီး မယုံနိုင်စရာ ၁၀ နှစ်တာ ကာလပါပဲ။ ကျေးဇူးတင်ပါတယ်လို့ ကျနော်ပြောချင်ပြီး ကျနော်က အမြဲတမ်း စပါးအသင်းဖြစ်သလို ခင်ဗျားတို့နဲ့အတူ အမြဲရှိနေမှာပါ။ ဒီနေရာက အမြဲတမ်း ကျနော့်ရဲ့ အိမ်ဖြစ်ဖြစ်ပြီး ခင်ဗျားတို့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ အားလုံးကို ချစ်တယ်”လို့ ပြောခဲ့တာပါ။
၂၀၁၅ ခုနှစ်မှာ လေဗာကူဆင်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် ၄၅၄ ပွဲ ကစားခဲ့ပြီး ၁၇၃ ဂိုး သွင်းယူကာ မနှစ်ကရာသီမှာ ယူရိုပါလိဂ်ဖလား ရရှိခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ အခုနှစ် ဘောလုံးရာသီ မစတင်မီမှာ စပါးအသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီး တောင်ကိုရီးယား ရာသီကြို ခြေစမ်းခရီးစဉ်မှာ အသင်းအတွက် နောက်ဆုံးပွဲ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
မေဂျာလိဂ်ကလပ် LAFC အသင်းထံ ပြောင်းခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်း ပရိသတ်တွေကို အိမ်ကွင်းမှာ မနှုတ်ဆက်ခဲ့ရတာကြောင့် တစ်နေ့ စပါးအသင်း အိမ်ကွင်းကို လာရောက်ပြီး ပရိသတ်တွေကို နှုတ်ဆက်ချင်တယ် လို့ ပြောခဲ့တာပါ။
ဆွန်ဟောင်မင်ဟာ စပါးအသင်းက ဆလားဗီးယားအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ တော့ အသင်းရဲ့ ပွဲကို တက်ရောက်ကြည့်ရှုပြီး ပရိသတ်တွေကို နှုတ်ဆက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ကို စပါးအသင်း ဂန္ထဝင် လက်ဒလေကင်းက အမှတ်တရ ဂုဏ်ပြု လက်ဆောင် ပေးခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ လက်ရှိအချိန်မှာ LAFC အသင်းနဲ့အတူ ၂၀၂၅ မေဂျာလိဂ်ရာသီ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် အနားယူပြီးရင် ရာသီသစ်အတွက်နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 194
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဆက်စ်ကိုဟာ ယူနိုက်တက်အသင်းအတွက် ပြန်လာဖို့ နီးစပ် နေပြီဖြစ်ပြီး အသင်းမှာ သူ့ကိုယ်သူ သက်သေပြဖို့ စိတ်မရှည် ဖြစ်နေကြောင်း အေးဂျင့်ဖြစ်သူ ဘာဆာနိုဗစ်က ပြောခဲ့ပါတယ်။
ဘာဆာနိုဗစ်က “ဆက်စ်ကိုဟာ အလွန်ကောင်းမွန်တယ်လို့ ခံစားနေရပြီး သူ့ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်ဟာ စီစဉ်ထားတဲ့အတိုင်း သွားနေပါတယ်။ ကွင်းထဲကို ပြန်လာဖို့ သူစိတ်အားထက်သန်နေပြီး ကစားရတာကို သူလွမ်းနေပါတယ်။ မကြာခင်မှာ သူပြန်လာနိုင်ဖို့ မျှော်လင့်ပြီး ဘယ်အချိန် ပြန်လာမလဲဆိုတာက ဆေးအဖွဲ့နဲ့ နည်းပြအပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် မကြာမီမှာ သူ့ကို ကွင်းထဲမြင်တွေ့ရတော့မယ်လို့ ထင်ပြီး ထင်ထား တာထက်တောင် ပိုစောနိုင်တယ်”လို့ ဆလိုဗေးနီးယားရုပ်သံ Arena Sport ကို ပြောခဲ့တာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ဆက်စ်ကိုဟာ စပါးနဲ့ ယူနိုက်တက်အသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က ပွဲစဉ်မှာ ဒူးဒဏ်ရာ ရပြီးကတည်းက အနားယူနေရတာ ဖြစ်ပါတယ်။
ဆက်စ်ကိုဟာ ဒီကာလအတွင်းမှာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ၄ ပွဲကို လွဲချော်ခဲ့ပါတယ်။

ဆက်စ်ကိုကို တွေ့ရစဉ်
နွေရာသီက ပေါင် ၇၄ သန်းနဲ့ လိုက်ပ်ဇစ်အသင်းကနေ ရောက်လာခဲ့တဲ့ ဆက်စ်ကိုဟာ ယူနိုက်တက်အသင်း အတွက် ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၂ ဂိုးသွင်းယူထားတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ တိုက်စစ်မှူး ဆက်စ်ကို အသင်းအတွက် ပြန်ပါဝင်နိုင်မယ့် အချိန်ကို ရှင်းရှင်းလင်းလင်း ပြောထားခြင်း မရှိသေးပေမယ့် သူ့ရဲ့ အေးဂျင့်ကတော့ ဆလိုဗေးနီးယား လက်ရွေးစင်ဟာ ကြံ့ခိုင်မှုပြည့်ဝဖို့ နီးစပ်နေပြီလို့ ပြောခဲ့ပါတယ်။
ဆက်စ်ကိုဟာ ယူနိုက်တက် ကစားသမားဘဝကို နှေးကွေးစွာ စတင်နေပေမယ့် အေးဂျင့်ဘာဆာနိုဗစ်က သူ့ရဲ့ ကစားသမားကို နည်းပြအာမိုရင်က အပြည့်အဝ ထောက်ခံမှု ပေးထားတယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ အမ်ဘူမိုနဲ့ အာမတ်တို့ကို အာဖရိကဖလား ပြိုင်ပွဲအတွက် သူတို့ရဲ့ နိုင်ငံအသင်းတွေထံ စေလွှတ်ရမှာဖြစ်လို့ ဆက်စ်ကို အသင်းအတွက် အမြန်ဆုံးပါဝင်နိုင်ဖို့ မျှော်လင့် နေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 181
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
အတ္တလန်တာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ချေပဂိုးပေး ရပြီးနောက်ပိုင်း ပွဲကိုထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခဲ့တယ်လို့ နည်းပြ မာရက်စ်ကာက ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ဂိုးပေးလိုက်ရပြီးနောက် ကျနော်တို့ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ နောက်ထပ် သွင်းဂိုးရနိုင်မယ့် အခွင့်အရေး ၂ ကြိမ်ရခဲ့ပါတယ်။ ၁ ဂိုးစီ သရေဖြစ်သွားတဲ့အချိန်မှာ ကျနော်တို့ အာရုံစူးစိုက်မှုတွေ လျော့သွားခဲ့တာပါ။ ပေးခဲ့ရတဲ့ ၂ ဂိုးစလုံးကို ကျနော်တို့ တားဆီးနိုင်သင့်ပြီး ဒါက လွယ်ကူတဲ့ သွင်းဂိုးတွေလို့ “ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ပက်ဒရိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးခွင့်ပြုခဲ့ရပြီး အတ္တလန်တာအသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ် League Phase ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

ချယ်လ်ဆီးနဲ့ အတ္တလန်တာ ယှဉ်ပြိုင်နေစဉ်
ချယ်လ်ဆီးအသင်းအနေနဲ့ ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ချင်တယ်ဆိုရင် ချန်ပီယံလိဂ် လက်ကျန်ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရဖို့ လိုအပ်သွားပြီဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လက်ကျန် ၂ ပွဲအဖြစ် ပါဖို့စ်၊ နာပိုလီအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ပလေးအော့ဖ် ယှဉ်ပြိုင်ရရင် ပွဲစဉ်ဇယား အလွန်ကျပ်သွားမှာ ဖြစ်တဲ့ အတွက် ထိပ်ဆုံး ၈ သင်းထဲ ဝင်ချင်ရင် နောက်ဆုံး ၂ ပွဲစလုံး အနိုင်ရဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အတ္တလန်တာအသင်းနဲ့ပွဲစဉ် အပါအဝင် နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက်နိုင်ပွဲ ပျောက်ဆုံးနေတာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ မာရက်စ်ကာက ပွဲတွေအနိုင်ရဖို့ လိုအပ်တဲ့အတွက် အာရုံစိုက်ပြီး အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ ပြောခဲ့ ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 172
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ MVP ဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ပြီး သူဟာ မေဂျာလိဂ် သမိုင်းမှာ ဒီလိုအောင်မြင်မှုကို ရရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာမိုင်ယာမီအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် မေဂျာလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းက ဗန်ကူးဗားအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ဖလား ဗိုလ်လုပွဲမှာ မက်ဆီဟာ အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၅ ပုံမှန်ရာသီအတွင်းမှာ ၂၉ ဂိုးသွင်းပြီး လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့တာပါ။
အာဂျင်တီးနားအသင်း ခေါင်းဆောင်ဟာ မေဂျာလိဂ် ၂၈ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၄၈ ဂိုးရှိခဲ့ပြီး လိဂ်သမိုင်းမှာ ဒုတိယမြောက် အများဆုံး စံချိန်ဖြစ်ခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ မေဂျာလိဂ် တစ်ရာသီအတွင်းမှာ ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ပွဲ ၁၀ ပွဲအထိရှိခဲ့တဲ့ မေဂျာလိဂ် သမိုင်းမှာ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့တာပါ။
မေဂျာလိဂ် MVP ဆုကို ၁၉၉၆ ခုနှစ်ကတည်းက စတင် ချီးမြှင့်ခဲ့တာဖြစ်ပြီး မေဂျာလိဂ်ကလပ်တွေရဲ့ နည်းစနစ် အဖွဲ့တွေ၊ မီဒီယာတွေနဲ့ လက်ရှိ ကစားသမားတွေက မဲပေးပြီး ရွေးချယ်တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် မေဂျာလိဂ် MVP ဆုမှာ မက်ဆီက မဲအရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး သူ့ရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ဆန်ဒီယေဂိုအသင်းက ဒရီယာကတော့ ၁၁ ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ရာသီကုန်အထိ စာချုပ် သက်တမ်းတိုးထားတဲ့ မက်ဆီဟာ အသင်းနဲ့အတူ ၂၀၂၃ လိဂ်ဖလား၊ ၂၀၂၄ Supporters' Shield နဲ့ ၂၀၂၅ မေဂျာလိဂ်ဖလားတို့ကို ရရှိထားတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 207
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်အားလုံးမှာ တစ်ပိုင်းစီကို ၃ မိနစ်ကြာ ရေဓာတ်ဖြည့် နားချိန်ပါဝင်မယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကြေညာခဲ့ပါတယ်။
ဖီဖာဟာ ကစားသမားတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ ရာသီဥတု အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် အသင်းအားလုံးအတွက် ပွဲစဉ်အားလုံးမှာ တန်းတူ အခြေအနေ ဖြစ်စေဖို့ အခုလို လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာပါ။
ကစားသမားတွေ ရေဓာတ် ပြန်လည်ဖြည့်နိုင်ဖို့အတွက် ဒိုင်လူကြီးဟာ ပွဲချိန်တစ်ပိုင်းစီရဲ့ ၂၂ မိနစ်တိုင်းမှာ ပွဲကို ရပ်တန့်ပြီး ၃ မိနစ်ကြာ အနားပေးမှာဖြစ်ပါတယ်။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အပူချိန် မြင့်မားခြင်း၊ တောမီးလောင်ကျွမ်းခြင်းနဲ့ ဟာရီကိန်း မုန်တိုင်းတွေဟာ အသင်းတွေ၊ ပရိသတ်တွေနဲ့ အားကစား ကွင်းရှိ ဝန်ထမ်းတွေကို ထိခိုက်မှုရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ပရိသတ်တွေကိုတွေ့ရစဉ်
နွေရာသီမှာ ကျင်းပခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်တွေကို အလွန်ပူပြင်းတဲ့ အချိန်တွေမှာ ကျင်းပခဲ့ တာကြောင့် ကစားသမားတွေနဲ့ နည်းပြတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က အလွန်အန္တရာယ်များတဲ့ အပူဒဏ်ကြောင့် ကစားနေချိန်မှာ မူးဝေသလို ခံစားခဲ့ရတယ်လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က အပူချိန်မြင့်မားမှုကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် သူ့ရဲ့ အရန် ကစားသမားတွေကို ပွဲအတွင်း အဝတ်လဲခန်းထဲမှာ နေခိုင်းနိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်မှာ ပြောခဲ့ပါတယ်။
အပူချိန်ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲကစားချိန်တွေကို မတူညီတဲ့ ၁၃ ကြိမ် အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။
Source: BBC
