- By CNI
- Category: အားကစား
- Hits: 167
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၆
အာဆင်နယ်အသင်းဟာ အက်သလက်တီကိုအသင်းကို အနိုင်ရရှိကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံးအကြိမ် ပြန်တက်နိုင်ခဲ့ပြီးနောက် နည်းပြအာတီတာက မယုံနိုင်စရာ ညတစ်ညလို့ ပြောခဲ့ ပါတယ်။
အာတီတာက “ကျနော်တို့အတူတူ သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ဒီကလပ်မှာ ပါဝင်တဲ့ လူတိုင်းအတွက် ဂုဏ်ယူ ပြီး ပျော်ရွှင်မိပါတယ်။ ဒါက လူတိုင်းအတွက် ဘယ်လောက်အထိ အဓိပ္ပါယ်ရှိလဲဆိုတာကို ကျနော်တို့သိပြီး ကျနော် တို့ အရာအားလုံး ပေးခဲ့ကြပါတယ်။ ကောင်လေးတွေက မယုံနိုင်စရာ အလုပ်ကိုလုပ်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကြာ အပြီးမှာတော့ ကျနော်တို့ရဲ့သမိုင်းမှာ ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ အက်သလက်တီကိုအသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပထမအကျော့တွေ့ဆုံမှုမှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုး-၁ ဂိုးနဲ့ အာဆင်နယ်အသင်း အနိုင်ရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။

အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂၀၀၆ ခုနှစ်မှာ နောက်ဆုံး တက်ရောက်ခဲ့ပြီး ဘာစီလိုနာ အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသော အသင်းဖြစ်သလို ကစားထားတဲ့ ၁၄ ပွဲမှာ ၉ ပွဲပေးဂိုး မပေးခဲ့ရတာပါ။
ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဆာကာက အလွန် လှပတဲ့ အရာဖြစ်ပြီး ဒါဟာ သူတို့အတွက်နဲ့ ပရိသတ်တွေအတွက် ဘာကိုဆိုလိုလဲဆိုတာ မြင်တွေ့ရတာ နှစ်သက်ပြီး အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
အက်သလက်တီကိုအသင်း နည်းပြ ဆီမြွန်နီက အာဆင်နယ်အသင်းဟာ နှစ်ကျော့စလုံးမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ပြီး ဒီရာသီ သူတို့ရင်ဆိုင်ခဲ့ရတဲ့ အကောင်းဆုံးအသင်းလို့ ချီးကျူးခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်-PSG အသင်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 174
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၅
ဆန်းတို့စ်အသင်းဟာ တနင်္ဂနွေနေ့က လေ့ကျင့်ခန်း အစီအစဉ်အတွင်း နေမာက ရော်ဘင်ဟိုဂျူနီယာကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။
နေမာဟာ အသက် ၁၈ နှစ်အရွယ်ရှိ ကစားသမားရဲ့ လိမ်ခေါက်ဖြတ်ကျော်မှုကို ခံခဲ့ရတာကြောင့် သူ့ကို မလေးမစား ပြုလုပ်တယ်ဆိုပြီး ခံစားရကာ တုန့်ပြန်ခဲ့တာလို့ ESPN သတင်းမှာ ဖော်ပြထားတာပါ။
ဆန်းတို့စ်အသင်းက အသင်းရဲ့ ကစားသမားတစ်ဦးဟာ ကလပ်မှာရှိတဲ့ ကစားသမားတစ်ဦးကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတာနဲ့ ပတ်သက်ပြီး သိရှိထားကြောင်း သူတို့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် ကလပ်ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ အသင်းအတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်း စတင်ခဲ့တယ်လို့ ဆန်းတို့စ်အသင်းက ပြောခဲ့ပါတယ်။

နေမာနဲ့ ရော်ဘင်ဟိုဂျူနီယာကို တွေ့ရစဉ်
Globo Esporte က ရော်ဘင်ဟိုရဲ့ သားဖြစ်သူဟာ နေမာကို စွပ်စွဲချက် ၃ ခု ပြုလုပ်ခဲ့ပြီး ကလပ်မှာ ဘေးကင်းမှု စံနှုန်းတွေ ကင်းမဲ့တာကြောင့် သူ့ရဲ့စာချုပ်ကို အဆုံးသတ်ဖို့ ဆန်းတို့စ်အသင်းနဲ့ ဆွေးနွေးချင်နေတယ်လို့ ဖော်ပြထားတာပါ။
နေမာကတော့ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့် နေမာဟာ ရော်ဘင်ဟိုဂျူနီယာကို ဖုန်းခေါ်ဆိုပြီး အခြေအနေတွေကို ပြေလျော့စေဖို့ ကြိုးစားခဲ့သလို သူ့ရဲ့မိသားစုထံ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် တောင်းပန်တဲ့ မက်ဆေ့ချ်တွေ ပေးပို့ခဲ့တယ်လို့ ဘရာဇီးလ် သတင်းတွေမှာ ဖော်ပြထားတာပါ။
နေမာဟာ ရော်ဘင်ဟိုဂျူနီယာရဲ့ ဖခင်ဖြစ်သူနဲ့အတူ ဘရာဇီးလ် လက်ရွေးစင်အသင်းမှာ အတူတွဲ ကစားခဲ့ဖူး ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဆန်းတို့စ် အသင်းကြီးအတွက် ပါဝင်ခွင့်ရခဲ့တဲ့ ရော်ဘင်ဟိုဂျူနီယာဟာ ဒီရာသီပြိုင်ပွဲစုံ ၈ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 163
CNI Sport News
၂၀၂၆ ခုနှစ်၊ မေ ၅
အသင်းဟောင်းချယ်လ်ဆီးအသင်းရဲ့ချိတ်ဆက်မှုတွေခံနေရတဲ့ ကိုမိုအသင်းနည်းပြဖာဘရီဂတ်စ်က တစ်နေ့မှာ ပရီးမီးယားလိဂ်ထံ ပြန်လာပြီးနည်းပြလုပ်မယ့် အစီအစဉ်ကို ပြောလာခဲ့ပါတယ်။
ဖာဘရီဂတ်စ်က “ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာအကောင်းဆုံးလိဂ်ပါ။ ကျနော်ဟာ ဒါကို အမြဲတမ်း ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ ကျနော်ချယ်လ်ဆီးမှာရှိချိန် နည်းပြမော်ရင်ဟိုက ကျနော်အလုပ်လုပ်ဖို့နှစ် ၃၀ ကျန်သေးတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါကြောင့် ကိုမိုမှာ ၁၀ နှစ်နေနိုင်ပြီး ၁၂ နှစ်၊၁၅ နှစ်မှာ ပရီးမီးယားလိဂ်ကို သွားနိုင်ပါတယ်။ ဘောလုံးက ခန့်မှန်းရခက်ပြီး တစ်စက္ကန့်အတွင်းမှာ အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်ကို ပျော်ရွှင်စွာဖြတ်သန်းချင်တယ်”လို့ The Telegraph ကို ပြောခဲ့တာပါ။
၂၀၁၄ ကနေ ၂၀၁၉ ခုနှစ်အထိ ချယ်လ်ဆီးအသင်းမှာကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်အပါအဝင် FA ဖလား၊လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ အသင်းဟောင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ ရေပန်စားနေတဲ့ သူတွေထဲက တစ်ဦးအဖြစ်ရှိနေပါတယ်။

ဖာဘရီဂတ်စ်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် ကိုမိုအသင်းမှာ သူ့ရဲ့နည်းပြဘဝကို စတင်ခဲ့တာပါ။
စပိန်ကွင်းလယ်လူဟောင်းဟာ ကိုမိုအသင်းကို ရာသီအပြည့်ကိုင်တွယ်ခွင့်ရခဲ့တဲ့ မနှစ်ကရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၁၀ နေရာရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
ကိုမိုအသင်းမှာ ရှယ်ယာအနည်းငယ်ပိုင်ဆိုင်ထားတဲ့ ဖာဘရီဂတ်စ်ဟာ အသင်းရဲ့ဘောလုံးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို သူအပြည့်အဝထိန်းချုပ်ထားတယ်လို့ ပြောထားပါတယ်။
ဒါ့အပြင်ဖာဘရီဂတ်စ်က သူ့ကို ဆုံးဖြတ်ချက်တွေအားလုံးချမှတ်ဖို့ ယုံကြည်မှု့အပြည့်ပေးထားတဲ့ ဥက္ကဋ္ဌ ရှိနေတာက အလွန်ပျော်ရွှင်ပြီး ကံကောင်းသလို ဒါဟာ သူ့အတွက်အလွန်အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
Source: DailyMail
- By CNI
- Category: အားကစား
- Hits: 198
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၅
Sky Sports မှာ ရုပ်သံဘောလုံး ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါက ပရီးမီးယားလိဂ်မှာ ၆ ပွဲ ဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့တဲ့ ချယ်လ်ဆီးအသင်းကို ပြိုကွဲပျက်ဆီးနေတဲ့အသင်းလို့ တံဆိပ်ကပ်ခဲ့ပါတယ်။
ကာရေဂါက “သူတို့ရဲ့ အခြေအနေဟာ တုန်လှုပ်ဖို့ကောင်းပြီး ဒါဟာထိပ်ပိုင်း ဦးဆောင်သူတွေ ဆီကနေ လာတာ ပါ။ လွန်ခဲ့တဲ့ ၁၂ လက PSG အသင်းကို အနိုင်ယူခဲ့တဲ့ သူတို့ဟာ အခု ဖောရက်စ်ဘီအသင်းကို အရေးနိမ့်ခဲ့ပါတယ်။ အခုဆိုရင် ကစားသမားတွေနဲ့ ဝန်ထမ်းတွေကြားမှာ၊ ကစားသမားတွေနဲ့ ပရိသတ်တွေကြားမှာ ဘာဆက်နွယ်မှုမှ မရှိတော့ပါဘူး။ ဒီမှာစည်းလုံးမှုလည်း မရှိတော့သလို သူတို့ကို ကြည့်ရတာ ပြိုကွဲပျက်ဆီးနေတဲ့ ဘောလုံး တစ်သင်းလိုပါပဲ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ၁၉၉၃ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဒီရလဒ်ဆိုးတွေကြောင့် ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားအဆင့် ၉ နေရာအထိ ကျဆင်းသွားခဲ့ပြီး အဆင့် ၅ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၁၀ မှတ်ကွာဟသွားခဲ့တာပါ။

ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
သင်္ချာနည်းအရ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့တဲ့ ချယ်လ်ဆီးအသင်းဟာ ဥရောပဝင်ခွင့်ရဖို့အတွက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ မက်ဖာလိန်းက ပထမ ၁၅ မိနစ်အတွင်းက စွမ်း ဆောင်ရည်တွေဟာ လက်ခံနိုင်စရာ မရှိသလို ဒီအဆင့်မှာ ဒီလိုမျိုးတွေဖြစ်ရင် ခက်ခဲမှုတွေ ကြုံတွေ့ရမယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအဖြစ် လီဗာပူးလ်၊ စပါး၊ ဆန်းဒါးလန်းအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ FA ဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 204
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၅
မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းနဲ့ ၃ ဂိုးစီ သရေကျကာ ချန်ပီယံဆုပြိုင်ပွဲမှာ ခြေချော်သွားခဲ့ပြီးနောက် နည်းပြဂွာဒီယိုလာက ပရီးမီးယားလိဂ်က သူတို့လက်ထဲ မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဆုဖလားက ကျနော်တို့ လက်ထဲမှာ မရှိတော့ပါဘူး။ ပရီးမီးယားလိဂ်မှာ ၄ ပွဲကစားဖို့ ကျန်ရှိနေပြီး နောက်ပွဲက ဘရန်ဖို့ဒ်အသင်းနဲ့ပါ။ ဒီအသင်းတွေဟာ ပြိုင်ဘက်ကောင်းတွေ ဖြစ်တာကြောင့် ပုံစံချင်းတူညီပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဒိုကူရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အဲဗာတန်အသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ခွင့်ပြုခဲ့ရပြီး ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပွဲချိန် ၈၃ မိနစ်မှာ ဟာလန်းက ချေပဂိုးသွင်းပြီး မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၇ မိနစ်မှာ ဒိုကူက မန်စီးတီးအသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူပေးခဲ့တာပါ။

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာကို တွေ့ရစဉ်
အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ရှုံးပွဲကြုံတွေ့ခဲ့ခြင်း မရှိပေမယ့် ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းထက် ၁ ပွဲလျော့ကစားပြီး ရမှတ် ၅ မှတ် ကွာဟသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲစလုံးမှာ အနိုင် ရလဒ် ရယူနိုင်ခဲ့ရင် ချန်ပီယံဆုကို ရရှိသွားတော့မှာပါ။
မန်စီးတီးအသင်း တောင်ပံကစားသမား ဒိုကူက ရလဒ်က နာကျင်စရာဖြစ်ပေမယ့် ကစားဖို့ပွဲတွေ အများကြီး ရှိနေသေးတာကြောင့် ဘာမဆို ဖြစ်သွားနိုင်လို့ ဆက်တိုက် ပွဲဝင်ရမယ်လို့ ပြောခဲ့ပါတယ်။
အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်က မန်စီးတီးအသင်းနဲ့ပွဲမှာ သရေတစ်မှတ်ရခဲ့တာက ဆိုးရွားတဲ့ရလဒ် မဟုတ်ပေမယ့် အနိုင်ရဖို့ အခွင့်အရေးရှိခဲ့တယ်လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဥရောပဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ တန်းဆင်းဇုန်ကနေ ထွက်ခွာဖို့ ရုန်းကန်နေတဲ့ ဝက်စ်ဟမ်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 252
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၄
မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်း တစ်သင်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံမှာ ကစားမယ့် ပထမဆုံးအားကစားအသင်း ဖြစ်လာမှာဖြစ်ပြီး အခုလထဲ လာရောက်မယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံဟာ တင်းမာမှုတွေ ရှိနေတာကြောင့် နှစ်နိုင်ငံအကြား အားကစားနဲ့ ယဉ်ကျေးမှု ဖလှယ်တာဟာ အလွန်ရှားပါးတာပါ။
မြောက်ကိုရီးယား အာဏာပိုင်တွေဟာ မေလ ၂၀ ရက်မှာ တောင်ကိုရီးယားကလပ် Suwon FC အသင်းနဲ့ ကစားမယ့် အာရှအမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲအတွက် Naegohyang အသင်းက အဖွဲ့ဝင် ၃၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့နဲ့ ပတ်သက်ပြီး အကြောင်းကြားစာကို တောင်ကိုရီးယားထံ ပေးပို့ခဲ့ပါတယ်။
Naegohyang အသင်းရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ကစားသမား ၂၇ ဦးနဲ့ အဖွဲ့ဝင် ၁၂ ဦး ပါဝင်မှာဖြစ်ပြီး တောင်ကိုရီးယားထံ ဘယ်အချိန် ရောက်ရှိမလဲဆိုတာတော့ အတိအကျ ပြောခြင်း မရှိသေးပါဘူး။

မြောက်ကိုရီးယားအသင်းကို တွေ့ရစဉ်
ဒီပွဲအနိုင်ရတဲ့ အသင်းဟာ သြစတြေးလျ ကလပ်နဲ့ ဂျပန်ကလပ် အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ သေနတ်ပစ်၊ လူငယ်ဘောလုံးနဲ့ စားပွဲတင် တင်းနစ် ကိုယ်စားလှယ်အဖွဲ့တွေ တောင်ကိုရီးယားထံ သွားရောက်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီယား အားကစားအဖွဲ့ဟာ တောင်ကိုရီးယားထံ သွားရောက်ခြင်း မရှိတော့ တာပါ။
အခုအချိန်မှာတော့ ပထမဆုံးအကြိမ်အဖြစ် Naegohyang အသင်းက တောင်ကိုရီးယားမှာ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပွဲ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အမျိုးသမီးဘောလုံးအသင်းကို တောင်ကိုရီးယားထံ နောက်ဆုံး စေလွှတ်ခဲ့တာက ၂၀၁၄ ခုနှစ်မှာဖြစ်ပြီး မြောက်ကိုရီးယားအသင်းဟာ အင်ချွန်းမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲမှာ ပါဝင်ခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 176
CNI Sport News
၂၀၂၆ ခုနှစ်၊ မေ ၄
အင်တာမိုင်ယာမီအသင်းဟာ ယူနိုက်တက်အသင်း ကွင်းလယ်လူကတ်စီမီရိုကို နွေရာသီမှာ အလွတ်နဲ့ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ လုပ်ဆောင်နေပါတယ်။
ကတ်စီမီရိုဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၉ ဂိုးသွင်းယူထားပြီး ၂ ဂိုးဖန်တီးကာ ခြေစွမ်းပြသ နေပေမယ့် စာချုပ်ကုန်ဆုံးမယ့် ဇွန်လကုန်ရင် အသင်းကနေ ထွက်ခွာတော့မှာပါ။
ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ကတ်စီမီရိုကို နောက်ထပ်တစ်ရာသီအသင်းမှာ ဆက်နေပေးဖို့တောင်းဆိုမှုတွေရှိနေကြပြီး နည်းပြကာရစ်ကတော့ ဆုံးဖြတ်ချက်ပြောင်းလဲဖို့မရှိတော့ဘူးလို့ ပြောထားပါတယ်။
ကတ်စီမီရိုကို မေဂျာလိဂ်နဲ့ဆော်ဒီကလပ်အသင်းတွေအပြင် ဥရောပကလပ်အသင်းအများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ကတ်စီမီရိုကို တွေ့ရစဉ်
အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက အင်တာမိုင်ယာမီအသင်းဟာ ကတ်စီမီရိုရဲ့အပြောင်းအရွှေ့ဖြစ်မြောက်အောင် လုပ်ဆောင်နေပြီး သူ့ရဲ့လက်မှတ်ကို ရယူနိုင်ဖို့ကြိုးပမ်းနေတဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိမယ်လို့ မျှော်လင့်နေတာပါ။
ကတ်စီမီရိုကလည်း သူ့ကိုခေါ်ယူချင်နေကြတဲ့ အသင်းတွေထဲမှာ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး မေဂျာလိဂ်ကလပ်နဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။
ကတ်စီမီရိုဟာ လက်ရှိအချိန် မှာတော့ ယူနိုက်တက်အသင်းနဲ့ရာသီကုန်ဆုံးပြီးရင် နွေရာသီမှာ ဘရာဇီးလ်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင် ဖို့ရှိနေတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကတ်စီမီရိုဟာ သူနောက်ကစားမယ့်အသင်းကို ကြေညာပြီး ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်လာမှာ ဖြစ်ပါတယ်။
Source:Sportsmole
- By CNI
- Category: အားကစား
- Hits: 186
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၄
စပါးအသင်းဟာ အက်စတွန်ဗီလာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး သြဂုတ်လ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် နိုင်ပွဲရခဲ့ပေမယ့် တန်းဆင်းဇုန် တိုက်ပွဲမှာ အနိုင်ရဖို့ အဝေးကြီး လိုသေး ကြောင်း နည်းပြဒီဇာဘီက သတိပေးခဲ့ပါတယ်။
ဒီဇာဘီက “ဝုလ်ဗ်စ်နဲ့ပွဲ မတိုင်မီက အခြေအနေကို ကျနော်တို့ မေ့ထားလို့ မရပါဘူး။ ရာသီက မပြီးဆုံးသေးတဲ့ အတွက် ဒီနိုင်ပွဲ ၂ ပွဲအတွက် ပျော်ရွှင်နေလို့ မရပါဘူး။ ကျနော်တို့ဟာ တူညီတဲ့စိတ်ဓါတ်နဲ့ ဆက်လုပ်ဆောင်သွား ရမှာဖြစ်ပြီး လာမယ့်ပွဲအတွက် အာရုံစိုက်ရပါမယ်။ ဘောလုံးက အပတ်တိုင်း ပြောင်းလဲနိုင်လို့ ခံစားခဲ့ရတာတွေကို မေ့လို့မရဘဲ ကျနော်တို့ ထပ်တွန်းအားပေးရမယ်”လို့ ပြောခဲ့တာပါ။
စပါးအသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရလဒ်ကြောင့် တန်းဆင်းဇုန်အပြင်ဘက် အဆင့် ၁၇ နေရာကို ရောက်ရှိသွားခဲ့ပြီး အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းအသင်းကို ၁ မှတ်အသာရခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းကို တွေ့ရစဉ်
နည်းပြဟောင်း တူဒေါရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ နည်းပြဒီဇာဘီဟာ စပါးအသင်းကို ပရီးမီးယားလိဂ် မှာ ၁၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ်ပေးခဲ့ပြီး သူ့ရဲ့လက်ထက် ၄ ပွဲမှာ အသင်းဟာ ရမှတ် ၇ မှတ် ရယူထားနိုင်ခဲ့တာပါ။
ဒီဇာဘီကတော့ စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှိနေနိုင်ဖို့အတွက် လာမယ့်ပွဲတွေကိုလည်း တူညီတဲ့ စိတ်ဓါတ်နဲ့ ဆက်ပြီး တွန်းအားပေး လုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကနေ လာမယ့်ရာသီ ချန်ပီယံရှစ်ထံ တန်းဆင်းမယ့် လက်ကျန် ၁ နေရာအတွက် နော်တင်ဟမ်ဖောရက်စ်၊ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတို့ ရုန်းထွက်နေကြတာပါ။
စပါးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအဖြစ် လိဒ်စ်၊ ချယ်လ်ဆီး၊ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 180
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၄
ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ ကျန်းမာရေး စိုးရိမ်မှုရှိခဲ့တဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်အတွက် ကောင်းမွန်တဲ့ ခွန်အားဖြစ်ဖို့ နည်းပြကာရစ်က မျှော်လင့်နေပါတယ်။
ကာရစ်က “ပွဲမတိုင်မီမှာ ဒီအကြောင်းကို ကြားခဲ့ရတဲ့အတွက် ကျနော် သိထားပါတယ်။ ဒါက ကျနော့်ကို စိတ် ထိခိုက် စေတယ်ဆိုတာ ကျနော် ပြောနိုင်ပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်မယ်လို့ မျှော်လင့်ပြီး အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ဒီရလဒ်ကောင်းက သူ့ကိုကောင်းမွန်တဲ့ ခွန်အားတစ်ခုပေး နိုင်ဖို့ မျှော်လင့်ကြောင်း” ပြောခဲ့တာပါ။
အသက် ၈၄ နှစ်အရွယ်ရှိ ဖာဂူဆန်ဟာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းပွဲ မတိုင်မီ နာရီပိုင်းအလို ကွင်းထဲမှာ နေထိုင် မကောင်းဖြစ်လာတာကြောင့် ကြိုတင်ကာကွယ်မှုအဖြစ် ဆေးရုံထံ ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဖာဂူဆန်ဟာ ဆေးရုံမှာ ကုသမှုခံယူပြီးနောက် အိမ်ကိုပြန်နိုင်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဖာဂူဆန်ကို တွေ့ရစဉ်
PA သတင်းမှာတော့ ဖာဂူဆန်ရဲ့ အခြေအနေ ကောင်းမွန်တယ်လို့ ဖော်ပြထားတာပါ။
ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
ကာရစ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ထားတဲ့ ၁၄ ပွဲမှာ ၁၀ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးထားပြီး အနိုင်ရတဲ့ အသင်းတွေထဲမှာ အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊စပါးနဲ့ အက်စတွန်ဗီလာအသင်းတို့ ပါဝင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ကာရစ်ဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း နည်းပြရာထူးကို ရယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။
ကာရစ်ကတော့ ဒါဟာ သူ့အတွက် အလွန်ကောင်းမွန်တဲ့နေရာဖြစ်သလို လုပ်ဆောင်ရတာတွေကိုလည်း နှစ်သက်ပေမယ့် စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲအဖြစ် ဆန်းဒါးလန်းအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 209
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂
ဘိုင်ယန်မြူးနစ်အသင်း ကစားသမားဟောင်းဖြစ်ပြီး လက်ရှိအချိန်မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဟာမန်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ သူ့ရဲ့အသင်းဟောင်းကို တိုက်တွန်းခဲ့ပါတယ်။
ဟာမန်းက “ဘိုင်ယန်က ရက်ရှ်ဖို့ဒ်ကို ခေါ်ယူသင့်လားဆိုရင် ၁၀၀ ရာခိုင်နှုန်းပါပဲ။ ကျနော် သူ့ကိုနှစ်သက်ပြီး သူဟာ ထူးချွန်တဲ့ ကစားသမားလို့ ကျနော် ထင်ပါတယ်။ သူဟာ ကောင်းမွန်တဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်ပြီး အသင်းနဲ့လည်း ကောင်းမွန်စွာ ချိတ်ဆက်နိုင်ပါတယ်”လို့ BetKing မှာ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ်အသင်းက ဂေါ်ဒွန်နဲ့ လိုက်ပ်ဇစ် အသင်းက ဒိုင်အိုမန်ဒီတို့ကို သူတို့ခေါ်ယူမယ့် စာရင်းထဲ ထည့်သွင်းထားပါတယ်။
နယူးကာဆယ်အသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ဂေါ်ဒွန်အတွက် အနည်းဆုံး ယူရိုသန်း ၈၀ လိုချင်နေတာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ဒီအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေတာပါ။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ယူရိုသန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ကို တွန့်ဆုတ်နေပြီး နောက်ထပ် တစ်ရာသီ အငှားစာချုပ်နဲ့ ထပ်ပြီး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
ဟာမန်းကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူသင့်တယ်လို့ ယုံကြည်နေတာပါ။
ဒါ့အပြင် ဟာမန်းက ရက်ရှ်ဖို့ဒ်ဟာ နည်းစနစ်ပိုင်း ကောင်းမွန်မှု၊ ကန်သွင်းချက် ကောင်းမွန်တာကြောင့် ထိပ်တန်း အဆင့်ရဲ့ နေရာတိုင်းမှာ ကစားနိုင်တဲ့ ကစားသမားဆိုတာ သေချာတယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းထံ နောက်ထပ် တစ်ရာသီ အငှားချမလား ဒါမှမဟုတ် အပြီးသတ် ရောင်းချမလားဆိုတာ ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။
Source: Goal
