- By CNI
- Category: အားကစား
- Hits: 187
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
အဲဗာတန်အသင်း နောက်ခံလူ ဘရန့်ဝိတ်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူရမှာဖြစ်လို့ ဒီရာသီ အသင်းရဲ့ လက်ကျန်ပွဲတွေမှာ ပါဝင်နိုင်မှာ မဟုတ်သလို သူ့ရဲ့ကမ္ဘာ့ဖလား မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ ပါတယ်။
ဘရန့်ဝိတ်ဟာ လီဗာပူးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲရဲ့ ပွဲပြီးဖို့ နီးကပ်ချိန်မှာ ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရတာပါ။
ဘရန့်ဝိတ်ရဲ့ ဒဏ်ရာ အခြေအနေဟာ မစိုးရိမ်ရဘူးလို့ ထင်ထားခဲ့ပေမယ့် Daily Mail က သူဟာ ၂ လကြာ အနားယူရမယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲ့ဒါကြောင့် ဘရန့်ဝိတ်ဟာ ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်ချိန်မှသာ ပြန်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။
ဘရန့်ဝိတ်ဟာ မကြာသေးမီမှာ အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့တာကြောင့် သူ့ကိုဆုံးရှုံးရမှာက အဲဗာတန်အသင်း နည်းပြ ဒေးဗစ်မိုယက်စ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။

ဘရန့်ဝိတ်ကို တွေ့ရစဉ်
အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ချင်နေတဲ့ ဘရန့်ဝိတ်ရဲ့ မျှော်လင့်ချက်တွေကလည်း ဒဏ်ရာကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။
ဘရန့်ဝိတ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တံကောက်ကြော ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ဒီရာသီရဲ့ ပထမရာသီဝက်ကို လွဲချော်ခဲ့တာပါ။
အခုရရှိတဲ့ ဒဏ်ရာအသစ်ဟာ တူညီတဲ့ ခြေထောက်မှာပဲ ဖြစ်ခဲ့ပေမယ့် နေရာချင်း မတူညီဘူးလို့ ယူဆရပါတယ်။
ဘရန့်ဝိတ်ဟာ ဒီရာသီမှာ အဲဗာတန်အသင်းအတွက် ၇ ပွဲသာ ကစားထားရသေးပြီး ၁ ဂိုး သွင်းယူထားပါတယ်။
အဲဗာတန်အသင်းဟာ ဘရန့်ဝိတ် မပါဝင်နိုင်တဲ့ အသင်းရဲ့ လက်ကျန် ၅ ပွဲမှာ မိုက်ကယ်ကိန်းကို အသုံးပြု သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 188
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
လက်စတာအသင်းဟာ ဟားလ်စီးတီးအသင်းနဲ့ပွဲမှာ ၂ ဂိုးစီသရေကျခဲ့ပြီးနောက် ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းထံ တန်းဆင်းဖို့ သေချာသွားခဲ့ပါတယ်။
လက်စတာအသင်းဟာ ဒီပွဲရလဒ်ကြောင့် ချန်ပီယံရှစ်ပွဲတွေကစားဖို့ ၂ ပွဲကျန်ရှိသေးချိန်မှာ တန်းဆင်းဇုန် အထက် က ဘလက်ဘန်းအသင်းနဲ့ ၇ မှတ်ကွာဟသွားခဲ့တဲ့အတွက် တန်းဆင်းခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းခဲ့တဲ့ လက်စတာအသင်းဟာ ၂ ရာသီဆက်တိုက်တန်းဆင်းခဲ့ပြီး အသင်းရဲ့အဆိုးရွားဆုံး အခြေ အနေတစ်ခုကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့တဲ့ လက်စတာအသင်းဟာ ၁၀ နှစ်အကြာမှာ တတိယတန်းကို တန်းဆင်းခဲ့ရတာပါ။
လက်စတာအသင်းပရိသတ်တွေဟာ ဟားလ်စီးတီးအသင်းနဲ့ပွဲအပြီးမှာ အသင်းပိုင်ရှင်တွေကို ထွက်ခွာဖို့တောင်းဆိုခဲ့ကြသလို ကစားသမားတွေကိုလည်း လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လက်စတာအသင်း ကိုတွေရစဉ်
လက်စတာအသင်းနည်းပြ ရိုဝက်က သူတို့ဟာ ဒီလိုအဖြစ်အပျက်တွေကနေ သင်ယူရမှာဖြစ်ပြီး ဒါဟာ ဘောလုံး ကလပ်တစ်ခုခရီးလမ်းရဲ့ကြောက်စရာကောင်းတဲ့ အပိုင်းတစ်ခုဆိုတာ ကလပ်အသင်းလက်ခံရမယ်လို့ ပြောခဲ့ပါ တယ်။
ဒါ့အပြင်ရိုဝက်က လက်စတာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မယုံလောက်အောင် မြင့်မားတဲ့ အောင်မြင်မှုကို ရခဲ့ပေမယ့် အခုလိုဆိုးရွားမှုအပေါ် အားလုံးစိတ်ပျက်နေကြတယ်လို့ ပြောခဲ့တာပါ။
လက်စတာအသင်းဟာ အသုံးစရိတ်သုံးစွဲရာမှာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ ရမှတ် ၆ မှတ်ဖြတ်တောက် ခံခဲ့ရတာကလည်း သူတို့ကို တန်းဆင်းဖို့ ဖြစ်လာစေခဲ့ပါတယ်။
လက်စတာအသင်းအကြီးအကဲကတော့ သူတို့ဟာ ပြင်းပြင်းထန်ထန်တုန့်ပြန်ပြီး အကောင်းဆုံးပြန်လာနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ လိဂ်ဝမ်းထံ တန်းဆင်းပြီးနောက် ပြောခဲ့ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 193
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
ချယ်လ်ဆီးအသင်းက ဘရိုက်တန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြရိုစီနီယာဟာ အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပြီး ဒီပွဲမှာ ချယ်လ်ဆီးကစားသမား ၃ ဦးသာ အရာအားလုံး ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ရိုစီနီယာက “ပရိသတ်တွေကို တောင်းပန်ချင်ပြီး ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ ကစားသမားတွေကို ကာကွယ်ဖို့ ထိုက်တန်တဲ့အခါမှာ ကျနော် ကာကွယ်ပေးမှာပါ။ ဒီပွဲမှာ သူတို့ထဲက ၃ ဦး၊ ၄ ဦးလောက်က အရာအားလုံးပေးခဲ့ ကြပါတယ်။ ၃ ဦး၊ ၄ ဦးလောက်က လုံလောက်မှု မရှိခဲ့ပါဘူး။ နာမည်တွေကိုတော့ ကျနော် မပြောချင်ပါဘူး။ အခု အချိန်မှာ ကျနော်လုပ်နိုင်တာက ဒီပွဲမှာ ကျနော်တို့ လုပ်ခဲ့တဲ့ အရာတွေအတွက် ပရိသတ်တွေကို တောင်းပန်ဖို့ ပါပဲ”လို့ Chelsea TV ကို ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရှုံးပွဲကြောင့် ၁၉၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၅ ပွဲ ဆက်တိုက် သွင်းဂိုး မသွင်းယူနိုင်ဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ ရိုစီနီယာကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိတဲ့အထိ ဆိုးရွားခဲ့တာကြောင့် အသင်းပရိသတ်တွေ ဟာ နည်းပြရိုစီနီယာကို ထုတ်ပယ်ဖို့ ကွင်းအတွင်း တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ချယ်လ်ဆီးအသင်း နည်းပြ ရိုစီနီယာက ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို သူနားလည်သလို သူကိုယ်တိုင်လည်း အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်တာကြောင့် ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပြီလို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ရှုံးပွဲတွေ ဆက်နေမှုကြောင့် ပရီးမီးယားလိဂ်အဆင့် ၇ နေရာကို ကျဆင်းသွားခဲ့ပြီး ဥရောပ ဝင်ခွင့်ရယူနိုင်ဖို့ ရုန်းကန်ရတော့မှာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဆုဖလား ရယူနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် FA ဖလားပြိုင်ပွဲရှိ နေပြီး လိဒ်စ်အသင်းနဲ့ ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 251
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
ယူနိုက်တက်အသင်းဟာ ရာသီကုန်မှာ ထွက်ခွာမယ့် ဘရာဇီးလ်ကွင်းလယ်လူ ကတ်စီမီရိုရဲ့နေရာမှာ အစားထိုးဖို့ အတွက် ရီးရယ်လ်အသင်းကွင်းလယ်လူချူအာမန်နီကို အနီးကပ်စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးကို ပြောင်း ရွှေ့ကြေးအများအပြားပေးကာ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ချူအာမန်နီက သူတို့ရဲ့ပစ်မှတ်စာရင်းထဲမှာ ပါဝင် နေတာပါ။
ယူနိုက်တက်အသင်းအနေနဲ့ ချူအာမန်နီကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး အများအပြား ပေးချေရမှာဖြစ်သလို ရီးရယ်လ်အသင်းက ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူမှုအပေါ်မှာလည်း မူတည် နေပါတယ်။
ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီနဲ့ ချယ်လ်ဆီးအသင်းကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
သူတို့ ၂ ဦးစလုံးဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ချင်တဲ့ အရိပ်အမြွက် တွေကို ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်မှာ ပြောခဲ့ကြပါတယ်။

ချူအာမန်နီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ သူတို့ကို ဝယ်ယူဖို့အတွက် ချူအာမန်နီ၊ကာမာဗင်ဂါအပါအဝင် အသင်းမှာရှိတဲ့ ကစားသမား တချို့ကို ရောင်းချနိုင်တာပါ။
မန်ချက်စတာကလပ်ဟာ နွေရာသီမှာ ကွင်းလယ်ကစားသမားအနည်းဆုံး ၂ ဦး လောက်အထိ ခေါ်ယူကာ အသင်းရဲ့လူစာရင်းကို ပိုပြီးအားကောင်းအောင် အားဖြည့်ချင်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းက တိုနယ်လီ၊ ခရစ္စတယ်ပဲလေ့စ်အသင်းက ဝါတန်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းက အယ်လီးယော့တို့ကိုလည်း စောင့်ကြည့်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ဥရုဂွေးကွင်းလယ်လူ အူဂါတေးကို ရောင်းချသွားဖွယ်ရှိနေပေမယ့် ကိုဘီမေနူးကိုတော့ စာချုပ်သစ်ချုပ်ပြီး အသင်းမှာရေရှည်ဆက်ထိန်းသိမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 194
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
PSG အသင်းနောက်ခံလူဟာကီမီက သူတို့ကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲမှာ လိုင်ယွန်အသင်း အတွက် ဂိုးသွင်းပြီးနောက် ကခုန်အောင်ပွဲခံခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးအန်းဒရစ်အနေနဲ့ ဘောလုံးကိုသာ အာရုံစိုက်ဖို့ ပြောခဲ့ပါတယ်။
ဟာကီမီက “ဒီလိုအရာတွေက ပွဲတွေမှာ ဖြစ်လေ့ရှိပြီး ကျနော်တို့က ပြိုင်ဘက်ကစားသမားတွေကို အာရုံစိုက်မှာ မဟုတ်ပါဘူး။ ပရိသတ်တွေကို ရည်ရွယ်ပြီး လုပ်နေတဲ့အရာတွေကိုတော့ သူ့ကို ရပ်တန့်စေချင်ပါတယ်။ သူဟာ အရည်အချင်းရှိတဲ့ ကစားသမားဖြစ်လို့ ဘောလုံးကစားတာကိုပဲ အာရုံစိုက်သင့်ပါတယ်။ ကျနော်တို့ ရှုံးနေတဲ့ အချိန်မှာ ဘောလုံးနဲ့မဆိုင်တဲ့အရာတွေကို သူလုပ်တဲ့အပေါ် ကျနော့်ကို စိတ်အနှောက်အယှက်ဖြစ်စေတယ်” လို့ ပြောခဲ့တာပါ။
အန်းဒရစ်ဟာ ဒီပွဲမှာ လိုင်ယွန်အသင်းအတွက် ဂိုးသွင်းယူပြီးနောက် PSG အသင်းပရိသတ်တွေအရှေ့မှာ ၁၅ စက္ကန့်နီးပါး ကခုန်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အန်းဒရစ်ကိုတွေ့ရစဉ်
အန်းဒရစ်ရဲ့အောင်ပွဲခံမှုအပြီးမှာ ဟာကီမီဟာ သူနဲ့ကွင်းထဲ ထိပ်တိုက်တွေ့ပြီး စကားပြောဆိုမှုတွေ ပြုလုပ်နေခဲ့တာပါ။
အန်းဒရစ်ဟာ PSG အသင်းဘက်ကို ၁ ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
PSG အသင်းဟာ ဒီပွဲအရေးနိမ့်မှုကြောင့် အဆင့် ၂ နေရာက လန်းစ်အသင်းကို ၁ မှတ်သာ ဖြတ်ထား နိုင်တော့ပြီး ပွဲကျန်ကစားဖို့လည်း ရှိနေသေးတာပါ။
လိုင်ယွန်အသင်းကတော့ ပြင်သစ်လီဂူး-၁ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ရီးရယ်လ်အသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ အန်းဒရစ်ဟာ လိုင်ယွန်အသင်းအတွက် ၁၇ ပွဲ ပါဝင်ကစားထားအပြီးမှာ ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 262
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် နည်းပြ ရိုစီနီယာက သူဟာ အသင်းပိုင်ရှင်တွေထံကနေ ၁၀၀ ရာခိုင်နှုန်း ထောက်ခံမှုကို ခံစားရကြောင်း ပြောခဲ့ပါတယ်။
ရိုစီနီယာက “၁၀၀ ရာခိုင်နှုန်းထောက်ခံမှုကို ခံစားရပါတယ်။ သူတို့က ကျနော်တို့ရဲ့နေ့စဉ်စကားပြောဆိုမှုတွေမှာ ကျနော့်ကိုထောက်ခံခဲ့ကြပါတယ်။ ပါဝင်တဲ့အားကစားဒါရိုက်တာတွေကလည်း ကျနော့်ကိုရော အသင်းကိုပါ အကြီးအကျယ်ထောက်ခံအားပေးကြပါတယ်။ ကျနော်တို့က သူတို့ကိုမှီခိုနေရပြီး အခုအချိန်မှာ ဘောလုံးပွဲတွေ အနိုင်ရဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့သိပါတယ်”လို့ ပြောခဲ့တာပါ။
အီတလီလူမျိုးနည်းပြမာရက်စ်ကာရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ရိုစီနီယာဟာ ချယ်လ်ဆီးအသင်း ရဲ့ရလဒ်ဆိုးတွေကြောင့် အသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့အရေးနိမ့်ပြီးနောက် အဆင့် ၅ နေရာက လီဗာပူးလ်အသင်းနဲ့ ၇ မှတ်အကွာအဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။
ဒါကြောင့် ရာသီအစမှာ ချယ်လ်ဆီးအသင်းရဲ့အနိမ့်ဆုံးပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့တောင် မရေမရာဖြစ်လာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ပူးတွဲပိုင်ရှင်အက်ဂ်ဘာလီက အသင်းအကြီးအကဲတွေဟာ နည်းပြရိုစီနီယာကို ဆက်လက်ထောက်ခံနေကြောင်းနဲ့ ရေရှည်မှာ သူအောင်မြင်နိုင်မယ်လို့ထင်ကြောင်း ပြီးခဲ့တဲ့အပတ်မှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဆုဖလားမျှော်လင့်ချက်အဖြစ် FA ဖလားတစ်ခုတည်းသာရှိတော့ပြီး ဆီမီးဖိုင်နယ်မှာ လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 214
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းအသင်း ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဝုလ်ဗ်စ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပထမဆုံး တန်းဆင်းတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။
ဝုလ်ဗ်စ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ပွဲ ကစားအပြီးမှာ ၁၇ မှတ်သာ ရရှိထားကာ အဆင့် ၁၇ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၁၆ မှတ် ကွာဟနေတာပါ။
အဲ့ဒါကြောင့် ဝုလ်ဗ်စ်အသင်းဟာ လက်ကျန် ပွဲစဉ်တွေကစားဖို့ ၅ ပွဲ ကျန်ရှိသေးချိန်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
ဝုလ်ဗ်စ်အသင်း အတွက်တော့ ဒီရာသီဟာ အလွန်စိတ်ပျက်စရာကောင်းခဲ့ပြီး ဇန်နဝါရီလ ရောက်မှသာ သူတို့ရဲ့ ပထမဆုံး လိဂ်နိုင်ပွဲကို ရရှိခဲ့တာပါ။
ဒီနောက်ပိုင်းမှာ ဝုလ်ဗ်စ်အသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်အသင်းကို သရေကစား နိုင်ခဲ့သလို အက်စတွန်ဗီလာနဲ့ လီဗာပူးလ်အသင်းကို ၂ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းကို တွေ့ရစဉ်
ပရီးမီးယားလိဂ်မှာ ၈ ရာသီကြာ ရှိခဲ့တာကို အဆုံးသတ်ခဲ့ရတဲ့ ဝုလ်ဗ်စ်အသင်းဟာ ၂၀၁၇-၁၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံရှစ်ပြိုင်ပွဲကို ပြန်လာရမှာပါ။
ဝုလ်ဗ်စ်အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းမှုဟာ သူတို့နဲ့ဆက်စပ်နေတဲ့ သူတိုင်းအတွက် ခက်ခဲမှု ဖြစ်ပေမယ့် အကောင်းဆုံး ပြန်လာနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဝုလ်ဗ်စ်အသင်းနဲ့အတူ ဘန်လေအသင်းလည်း တန်းဆင်းဖို့ နီးစပ်နေပြီး နောက်ထပ်တန်းဆင်းမယ့် ၁ နေရာ အတွက် လိဒ်စ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်နေရတာပါ။
စပါးအသင်းဟာ လက်ရှိအချိန်မှာ တန်းဆင်းဇုန်အဆင့် ၁၈ နေရာ ရပ်တည်နေပြီး လိဒ်စ်အသင်းနဲ့ ၈ မှတ်၊ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ၅ မှတ်၊ ဝက်စ်ဟမ်းအသင်းနဲ့ ၂ မှတ် ကွာဟနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 199
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀
အီဂျစ်ကြယ်ပွင့်ဆာလက်က သူ့ရဲ့လီဗာပူးလ်အသင်းကစားသမားဘဝအဆုံးသတ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ နှုတ်ဆက်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ဆာလက်က “ကျနော်ဟာ လက်ရှိအချိန်ကိုပဲ အာရုံစိုက်ထားပြီး ဂိုးတွေဆက်သွင်းကာ အနည်းဆုံးတော့ ဒီရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် အသင်းကို အကူအညီပေးချင်ပါတယ်။ ပြီးတော့ မှန်ကန်တဲ့ နည်းလမ်းနဲ့ နှုတ်ဆက်မှုပြုလုပ်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မယ့် ဆာလက်ရဲ့အန်ဖီးလ်ကစားသမားဘဝဟာ ကုန်ဆုံးဖို့ နောက်ဆုံးရက်သတ္တပတ်တွေထံ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းက အဲဗာတန် အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ သူ့ရဲ့နောက်ဆုံးမာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုးသွင်းယူ ပေးခဲ့ပါတယ်။

ဒီဂိုးကြောင့် ဆာလက်ဟာ မာဆေးဆိုဒ်ဒါဘီပွဲတွေမှာ လီဗာပူးလ်ကစားသမားတစ်ဦးအတွက် ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ စတီဗင်ဂျရတ်ရဲ့သွင်းဂိုး ၉ ဂိုးနဲ့ တူညီသွားခဲ့တာပါ။
လီဗာပူးလ်အသင်းအတွက် ကစားပေးဖို့ ၅ ပွဲသာကျန်ရှိတော့တဲ့ ဆာလက်ဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးဖို့ စိတ်ပိုင်း ဖြတ်ထားပါတယ်။
လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာဖြစ်တဲ့ အဆင့် ၅ နေရာရပ်တည်နေကာ အဆင့် ၆ နေရာက ချယ်လ်ဆီးအသင်းကို ၇ မှတ်ဖြတ်ထားနိုင်တာပါ။
လီဗာပူးလ် အသင်း ဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 218
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀
PSG အသင်းဟာ အာဆင်နယ်အသင်းတောင်ပံကစားသမား မာတင်နယ်လီကို ခေါ်ယူဖို့ ချဉ်းကပ်မှု ပြုလုပ် ခဲ့တယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်မှာ ဘရာဇီးလ်ကလပ်အိုင်တူယာနိုအသင်းကနေ ရောက်လာခဲ့တဲ့ မာတင်နယ်လီဟာ အာဆင်နယ် အသင်းမှာ ရှိတာ ၇ ရာသီကြာရှိပြီဖြစ်ပါတယ်။
မာတင်နယ်လီဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၂၇၀ ကျော်ကစားထားပြီး ၆၂ ဂိုးသွင်းယူထားပေမယ့် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ရမှုတွေရှိနေတာပါ။
ဒါပေမယ့် နွေရာသီမှာ တိုက်စစ်ပိုင်းကို အားကောင်းအောင်ပြုလုပ်ဖို့ရှာဖွေနေတဲ့ PSG အသင်းဟာ မာတင်နယ်လီ ကို သူတို့ခေါ်ယူမယ့် စာရင်းထဲ ထည့်ထားတာဖြစ်ပါတယ်။
L’Equipe က PSG အသင်းအကြီးအကဲ လူးဝစ်ကမ်ပို့စ် ဟာ နွေရာသီအပြောင်းအရွှေ့အတွက် မာတင်နယ်လီရဲ့ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် PSG အသင်းဟာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားနေတဲ့ လိုက်ပ်ဇစ်အသင်း တောင်ပံ ကစားသမား ဒိုင်အိုမန်ဒီနဲ့လည်း ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်း အရွှေ့မှာ မာတင်နယ်လီကို ရောင်းချဖို့လမ်းဖွင့်ထားသလို ဂျီးဆပ်စ်၊ဘင်ဝှိုက်၊ဝမ်နရီနဲ့ စကယ်လီတို့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမယ်လို့ အခုလအစောပိုင်းမှာ BBC Sport က ဖော်ပြထားတာပါ။
အာဆင်နယ်အသင်းဟာ မာတင်နယ်လီအတွက် ပေါင်သန်း ၅၀ ဝန်းကျင်လိုချင်နေပြီး သူ့ရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ်နွေရာသီဆိုရင် ကုန်ဆုံးမှာပါ။ ဒါပေမယ့် လန်ဒန်ကလပ်ဟာ မာတင်နယ်လီရဲ့စာချုပ်ကို နောက်ထပ် ၁ နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 220
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါ ပွဲစဉ်တွေ ပြီးဆုံးဖို့ ၄ ပွဲ ကျန်ရှိသေးချိန်မှာ အမှတ်ပေးဖလားကို ရယူနိုင်ခဲ့ပြီးနောက် နည်းပြကွန်ပနီက ဆုဖလား ၃ လုံး ရယူချင်နေတဲ့ အသင်းရဲ့ ရာသီပြီးဆုံးဖို့ အဝေးကြီး လိုသေးတယ်လို့ ပြောခဲ့ပါတယ်။
ကွန်ပနီက “ရာသီက မပြီးဆုံးသေးပါဘူး၊ အနိုင်ရဖို့ အရာတွေ ရှိပါသေးတယ်။ ကျနော်တို့ဟာ ဒီနေရာမှာ မရပ်တန့် ချင်ဘဲ အခုက အဆုံးအဖြတ်ပေးမယ့် ရက်သတ္တပတ်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒါကို ကျနော်တို့ မျှော်လင့်နေသလို ဘယ်လောက် ခက်ခဲမယ်ဆိုတာကိုလည်း ကျနော်တို့ သိပါတယ်။ ကျနော်တို့ရဲ့ ယုံကြည်ချက်က အဲ့ဒီနေရာမှာ ရှိနေပြီး ဒါကဘောလုံးမှာ အလွန်တန်ဖိုးရှိပါတယ်”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ စတုဂတ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင် ရခဲ့ပြီးနောက် အဆင့် ၂ နေရာက ဒေါ့မွန် အသင်းကို ၁၅ မှတ် ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ လိဂ်ပြိုင်ပွဲ မပြီးဆုံးမီမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါဖလား ရယူနိုင်ခဲ့အပြီးမှာ နောက်ထပ်ဆုဖလား ၂ ခုကိုလည်း ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း ယှဉ်ပြိုင်နေစဉ်
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ကြားရက်ထဲမှာ ဂျာမန်ဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် လေဗာကူဆင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ PSG အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ယှဉ်ပြိုင်ရမှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၃ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ဆုဖလား ၃ လုံး အောင်မြင်မှုကို ရယူနိုင်ဖို့ ပစ်မှတ်ထား နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းကလည်း အသင်းဟာ ဒီရာသီမှာ ကစားစရာပွဲတွေ အများကြီး ရှိနေသေးတာကြောင့် လာမယ့်ပွဲတွေကို အာရုံစိုက်ဖို့ အသင်းဖော်တွေကို တိုက်တွန်းမှု ပြုလုပ်ခဲ့ပါတယ်။
ဟာရီကိန်းဟာ ဒီရာသီ ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၂ ဂိုး သွင်းယူထားပြီး ပြိုင်ပွဲစုံ ၅၁ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။
Source: CNA
