- By CNI
- Category: အားကစား
- Hits: 182
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇
စပါးအသင်း ကြယ်ပွင့် ဇာဗီဆိုင်မွန်ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန် အသင်းအတွက် မပါဝင်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။
ဇာဗီဆိုင်မွန်ဟာ စပါးအသင်းက ဝုလ်ဗ်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့အတွက် ပွဲချိန်မိနစ် ၆၀ ကျော်မှာ ထမ်းစင်နဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရတာပါ။
အစောပိုင်း သတင်းတွေအရ ဇာဗီဆိုင်မွန်ဟာ သူ့ရဲ့ညာဘက်ဒူးမှာ အရွတ်ဒဏ်ရာ(ACL)ရရှိသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအချိန်မှာတော့ ဇာဗီဆိုင်မွန်က သူ့ရဲ့ရာသီ အဆုံးသတ်သွားပြီဖြစ်သလို နွေရာသီမှာ နိုင်ငံအသင်းကို ကိုယ်စားပြုခွင့်လည်း အဆုံးသတ်သွားပြီလို့ သူ့ရဲ့ Instagram မှာ ရေးသားခဲ့ပါတယ်။
ဇာဗီဆိုင်မွန်က “ဘဝက ရက်စက်ကြမ်းကြုတ် နိုင်တယ်လို့ ပြောကြပြီး ဒီနေ့မှာ ဒါကို ခံစားခဲ့ရပါတယ်။ ရိုးရိုး သားသား ပြောရရင် ကျနော်ကြေကွဲနေပြီး ကျနော်ဟာ အသင်းအတွက် တိုက်ပွဲချင်တာပါ။ အခုတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့အတူ ဒီလိုလုပ်ချင်တဲ့ အရာကို ကျနော့်ဆီကနေ လုယူသွားခဲ့ပါပြီ။ နွေရာသီမှာ ကျနော့်နိုင်ငံကို ကိုယ်စား ပြုဖို့က ပြီးဆုံးသွားပြီ”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဇာဗီဆိုင်မွန်ကိုတွေ့ရစဉ်
၂၀၂၂ ခုနှစ်မှာ နယ်သာလန်အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ဇာဗီဆိုင်မွန်ဟာ လက်ရွေးစင်အသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်နေရတာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဇာဗီဆိုင်မွန်ဟာ နယ်သာလန်အသင်းအတွက် ၃၄ ပွဲ ကစားထားပြီး ၆ ဂိုး သွင်းယူထား ပါတယ်။
ဇာဗီဆိုင်မွန်ရဲ့ ဒဏ်ရာဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ စပါးအသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။
စပါးအသင်းဟာ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၇ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၂ မှတ် ကွာဟနေ ပါတယ်။
စပါးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 178
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇
ချယ်လ်ဆီးအသင်းဟာ FA ဖလား ဆီမီးဖိုင်နယ်ပွဲမှာ လိဒ်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီးနောက် ယာယီနည်းပြ မက်ဖာလိန်းက ဒီနိုင်ပွဲဟာ အသင်းအတွက် အရေးကြီးဆုံးရလဒ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မက်ဖာလိန်းက “စိတ်သက်သာရာ ရတယ်ဆိုတာက မှန်ကန်တဲ့ စကားလုံးပါ။ ကျနော်တို့ဟာ ဒီပွဲအတွက် ယုံကြည်မှုရှိခဲ့သလို ၃ ရက်တာ ကောင်းမွန်တဲ့ လေ့ကျင့်မှုရှိခဲ့ပေမယ့် ဘာတွေဖြစ်မလဲဆိုတာ ဘယ်တော့မှ မသိနိုင်ပါဘူး။ ကျနော်တို့ဟာ အကောင်းဆုံးပုံစံ မရှိခဲ့ပေမယ့် ပြသခဲ့တဲ့ စရိုက်လက္ခဏာက နှစ်သက်စရာ အကောင်းဆုံးပါပဲ။ သူတို့ဟာ ဘောလုံးပွဲတစ်ပွဲကို ဘယ်လောက် အနိုင်ရရှိချင်လဲဆိုတာနဲ့ ကလပ်အတွက် အရေးကြီးတဲ့ ဘောလုံးပွဲကို အနိုင်ရဖို့ သူတို့လုပ်နိုင်တဲ့ ဆန္ဒတွေကို ပြသခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာ ၇ ပွဲအထိရှုံးနိမ့်ပြီး ရလဒ်တွေ ဆိုးနေတာကြောင့် နည်းပြ ရိုစီနီယာကို ထုတ်ပယ်ခဲ့ပြီး သူ့ရဲ့နေရာမှာ မက်ဖာလိန်းကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။
မက်ဖာလိန်းဟာ အန်ဇိုမာရက်စ်ကာ ထွက်ခွာပြီးနောက် ရိုစီနီယာကို နည်းပြသစ်အဖြစ် မခန့်အပ်မီမှာ ချယ်လ်ဆီး အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သေးတာပါ။

ချယ်လ်ဆီးအသင်း နည်းပြ မက်ဖာလိန်းကို တွေ့ရစဉ်
ဒါ့အပြင် မက်ဖာလိန်းဟာ နည်းပြဟောင်း ရိုစီနီယာရဲ့ နည်းပြအဖွဲ့ထဲမှာလည်း ပါဝင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဖာလိန်းက ကစားသမားတွေနဲ့ ဆက်ဆံရေး ကောင်းတွေရှိပြီး ၃၊၄ လလောက် အလုပ်လုပ်ခဲ့ပြီးပြီဖြစ်လို့ အခုကိုင်တွယ်ရတာက ပိုလွယ်ကူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ မေလမှာ FA ဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မက်ဖာလိန်းကတော့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဖီဖာကလပ် ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သလို နောက်ထပ် အောင်မြင်မှုကို ရယူနိုင်စွမ်းရှိတယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် လိဂ်ပွဲအဖြစ် နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 246
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဇနီးဖြစ်သူပြောခဲ့တဲ့ အကြောင်းအရာတွေကြောင့် ဆော်ဒီရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အသင်းမှာ ဆက်နေခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ဆော်ဒီရဲ့ကမ်းလှမ်းမှုက ငွေကြေး အများကြီး ရရှိမှာဖြစ်ပေမယ့် ကျနော့် မိသားစုမှာရှိတဲ့ ကောင်းတဲ့အရာက ကျနော့်ဇနီးက ကျနော့်လိုပဲ ရိုးသားမှုရှိတာပါ။ ကျနော်တို့က ကမ္ဘာပေါ်မှာ အချမ်းသာ ဆုံးသူ တွေ ဖြစ်ချင်ကြတာ မဟုတ်ပါဘူး။ အိပ်မက်တွေ အောင်မြင်ပြီး ကလေးတွေနဲ့အတူ ကောင်းမွန်စွာ နေထိုင်ကာ အောင်မြင်အောင် ကြိုးစားနေကြတဲ့သူတွေပဲ ဖြစ်ချင်ပါတယ်။ ဇနီးက အိပ်မက်တွေ အောင်မြင်ပြီးပြီလား၊ လိုချင် တာ အားလုံးရပြီးပြီလားဆိုပြီး ပြောခဲ့ပါတယ်”လို့ ဝိန်းရွန်နီနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး သူယူနိုက်တက်အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် ၃ ဆပေးဖို့ အဆင်သင့် ဖြစ်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းကလည်း ကစားသမားက ထွက်ခွာချင်ရင် ထွက်ခွာပေးဖို့ ဆန္ဒရှိခဲ့ပေမယ့် ဘရူနိုကတော့ မိသားစုနဲ့ တိုင်ပင်ပြီးနောက် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိပြီးကတည်းက ရာသီတိုင်းလိုလို ခြေစွမ်းကောင်းတွေ ပြသနေပေမယ့် ကာရာဘောင်းဖလားနဲ့ FA ဖလားချန်ပီယံဆုသာ ရရှိထားတာ ဖြစ်ပါတယ်။
ပေါ်တူဂီကွင်းလယ်လူနဲ့ ယူနိုက်တက်အသင်းရဲ့ စာချုပ်ဟာ ၁ နှစ်သာ ကျန်ရှိတော့ပေမယ့် နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။
ဘရူနိုဖာနန်ဒက်စ်က သူဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူချင်တယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 233
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅
ချယ်လ်ဆီးအသင်း တောင်ပံကစားသမား အက်စ်တီဗာအိုဟာ ဒီရာသီကုန်အထိ အနားယူရမှာဖြစ်သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ အက်စ်တီဗာအိုဟာ ယူနိုက်တက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။
ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ မက်ဖာလိန်းက လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလား ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အက်စ်တီဗာအိုရဲ့ ဒဏ်ရာ အခြေအနေကို ပြောခဲ့ပါတယ်။

အက်စ်တီဗာအိုကို တွေ့ရစဉ်
မက်ဖာလိန်းက “ကံမကောင်းစွာနဲ့ပဲ အက်စ်တီဗာအိုဟာ ဒီရာသီမှာ ကျနော်တို့အတွက် ကစားပေးနိုင်မှာ မဟုတ် တော့ပါဘူး။ သူဟာ အချိန်အနည်းငယ်ကြာ အနားယူရမှာပါ။ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ သူ့အတွက် ကံမကောင်းခဲ့ပေမယ့် ကျနော်တို့ဟာ သူ့ကို အားပေးထောက်ပံဖို့ ဒီမှာ ရှိနေပါတယ်”လို့ ပြောခဲ့တာပါ။
ဒါ့အပြင် မက်ဖာလိန်းက အက်စ်တီဗာအိုကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ပေမယ့် ပါဝင်နိုင်မလား ဆိုတာ မသေချာဘူးလို့ ပြောခဲ့ပါတယ်။
အက်စ်တီဗာအိုဟာ နည်းပြ အန်ဆယ်လော့တီ လက်ထက်မှာ ဘရာဇီးလ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ပွဲတွေမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် အက်စ်တီဗာအိုဟာ ဘရာဇီးလ်အသင်းရဲ့ကမ္ဘာ့ဖလား လူစာရင်းထဲမှာ ပါဝင်နိုင်တဲ့သူအဖြစ် သတ်မှတ်ခြင်း ခံနေရတာပါ။
အက်စ်တီဗာအိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ပြိုင်ပွဲမတိုင်မီ ဒဏ်ရာကနေ သက်သာပြီး ကြံ့ခိုင်မှု ပြည့်ဝနေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 171
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅
ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီဟာ ဘက်တစ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲမှာ တံကောက် ကြောဒဏ်ရာ ရခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ပြင်သစ်အသင်းအတွက် စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်။
ဘတ်ပီဟာ ဒီပွဲမှာ နာကျင်မှုခံစားခဲ့ရတာကြောင့် လူစားလဲဖို့ တောင်းဆိုခဲ့တဲ့အတွက် နည်းပြအာဘီလိုအာက သူ့ကို ပွဲချိန် ၈၁ မိနစ်မှာ ဂွန်ဇာလိုဂါစီယာနဲ့ လူစားလဲခဲ့တာပါ။
ဘတ်ပီဟာ လူစားလဲခံရပြီးနောက် အဝတ်လဲခန်းထဲ တန်းပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာက လာမယ့်ရက် အနည်းငယ်အတွင်းမှာ ဘတ်ပီရဲ့ အခြေအနေကို စောင့်ကြည့် ရမယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ESPN ကတော့ ဘတ်ပီဟာ ဘယ်ဘက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဘက်တစ်အသင်းနဲ့ သရေရလဒ်ကြောင့် ထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းနဲ့ ၈ မှတ် ကွာဟနေပြီး လာမယ့်ပွဲမှာ ဘာစီလိုနာအသင်း အနိုင်ရခဲ့ရင် ၁၁ မှတ်အထိ ကွာဟသွားမှာပါ။
ဒီရာသီကို ဆုဖလား လက်မဲ့နဲ့ အဆုံးသတ်ရမယ့် ရီးရယ်လ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၁ ပွဲ သာ အနိုင်ရတဲ့အထိ ရလဒ်တွေ ဆိုးရွားနေတာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာက သူတို့ဟာ ဒီပွဲမှာ ပယ်နယ်တီရဖို့ အခွင့်အရေး ငြင်းပယ်ခံခဲ့ရသလို ကံကောင်းမှုလည်း မရှိခဲ့ဘူးလို့ ပြောခဲ့တာပါ။
အာဘီလိုအာဟာ ဒီရာသီကုန်ရင် ရီးရယ်လ်အသင်းကနေ ထွက်ခွာရဖို့ရှိနေပြီး အသင်းဟာ သူ့ရဲ့နေရာမှာ နည်းပြသစ် အစားထိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 172
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅
အာဆင်နယ်အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ အင်္ဂလန်ကြယ်ပွင့် ဆာကာဟာ နယူးကာဆယ်အသင်းနဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းရဲ့ လူစာရင်းထဲ ပြန်ပါဝင်မယ်လို့ နည်းပြအာတီတာက ပြောခဲ့ပါတယ်။
ဆာကာဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲပြီးကတည်းက အာဆင်နယ် အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိတာပါ။
ဆာကာ မပါဝင်တဲ့ နောက်ဆုံး ၅ ပွဲမှာ အာဆင်နယ်အသင်းဟာ ၃ ပွဲအထိ အရေးနိမ့်ခဲ့ပြီး FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆာကာ လူစာရင်းထဲ ပြန်ပါဝင်လာတာက သတင်းကောင်းဖြစ်ပြီး ရာသီရဲ့ အရေးကြီးဆုံးအချိန်မှာ သူဟာ အသင်းနဲ့အတူ ပြန်လာခဲ့ပြီလို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒတ်ချ် နောက်ခံလူ တင်ဘာဟာ ဒီပွဲကို လွဲချော်မှာဖြစ်ပေမယ့် အီတလီ နောက်ခံလူ ကာလာဖီအိုရီ ပြန်ပါဝင် နိုင်မယ်လို့လည်း နည်းပြအာတီတာက ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ပွဲမှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာကို ပြန်တက် နိုင်မှာဖြစ်လို့ အနိုင်ရလဒ် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီပွဲအနိုင်ရရင် သူတို့နဲ့ ပိုနီးစပ်လာမှာဖြစ်ပြီး ပြိုင်ပွဲကြီး ၂ ခုစလုံး အတွက် အရာအားလုံး ကစားသွားမယ်လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပွဲပြီးရင် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 255
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီဟာ အသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ရင် ယူရို ၁ သန်း အပိုဆုကြေးရရှိမယ်လို့ Sport Bild က ဖော်ပြခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကို ၂ ရာသီဆက်တိုက် ဘွန်ဒက်လီဂါဖလား ရယူပေးနိုင်ခဲ့တဲ့ ကွန်ပနီနဲ့အသင်းရဲ့ စာချုပ်ထဲမှာ ဒီအချက် ပါဝင်တယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရယ်လ်အသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ကာ PSG အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ဘွန်ဒက်လီဂါဖလား ရရှိထားသလို ပိုကယ် ဖလားမှာလည်း လေဗာကူဆင်အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်း နည်းပြကွန်ပနီက သူတို့ရဲ့ရာသီဟာ မပြီးဆုံးသေးဘဲ နောက်ထပ် အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကျန်ရှိသေးတယ်လို့ မကြာသေးမီက ပြောခဲ့တာပါ။
ပိုကယ်ဖလားဗိုလ်လုပွဲမှာ စတုဂတ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဧပြီလ ၂၈ ရက် နဲ့ မေလ ၆ ရက်မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဘွန်ဒက်လီဂါပွဲအဖြစ် မိန့်ဇ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 162
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း အဲရစ်ဆန်က ဒိန်းမတ်လက်ရွေးစင် အသင်းအတွက် ဆက်ကစားဖို့ ဆန္ဒရှိနေပြီး ယူရို ၂၀၂၈ ပြိုင်ပွဲမှာ နိုင်ငံအသင်းကို ခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်ပေးချင်တယ်လို့ Viaplay နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အဲရစ်ဆန်က “ကျနော်ဟာ နိုင်ငံအသင်းရဲ့ အဓိက အစိတ်အပိုင်း တစ်ခုလို ခံစားနေရဆဲပါပဲ။ နောက်ပိုင်းမှာတော့ ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှသိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ဖို့က ရည်မှန်းချက် တစ်ခုပါပဲ၊ ဒါက အသေအချာပါပဲ”လို့ ပြောခဲ့တာပါ။
၂၀၁၀ ခုနှစ်မှာ ဒိန်းမတ်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ အဲရစ်ဆန်ဟာ ပွဲပေါင်း ၁၄၉ ပွဲ ကစားထားပြီး ၄၆ ဂိုး သွင်းယူထားပါတယ်။

အဲရစ်ဆန်ကို တွေ့ရစဉ်
ဒိန်းမတ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ယူရို ၂၀၂၈ ပြိုင်ပွဲကိုသာ အဓိက ပစ်မှတ်ထားရတော့မှာပါ။
အဲ့ဒါကြောင့် အဲရစ်ဆန်ဟာ ဒိန်းမတ်အသင်းနဲ့ ယူရို ၂၀၂၈ ပြိုင်ပွဲမှာ ပါဝင်ချင်နေပြီး ဒီပြိုင်ပွဲ ကျင်းပတဲ့ အချိန်မှာ သူရဲ့အသက်က ၃၆ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။
အဲရစ်ဆန်က သူဟာ နောက်ပိုင်းမှာ နည်းပြ ရီမာနဲ့ စကားပြောသွားမှာဖြစ်ပြီး သူသာ ရွေးချယ်မယ်ဆိုရင် အသင့် ဖြစ်နေမယ်လို့ ပြောခဲ့ပါတယ်။
ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းမှာ ကစားနေတဲ့ အဲရစ်ဆန်ဟာ ဒီရာသီပြိုင်ပွဲစုံ ၂၈ ပွဲပါဝင်ထားပြီး ၃ ဂိုး သွင်းယူထားတာပါ။
ဝုဖ်ဘတ်အသင်းဟာ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားအဆင့် ၁၇ နေရာ ရပ်တည်နေပြီး တန်းဆင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရနေတာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 195
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ မိုက်ကယ်ကာရစ်က သူတာဝန်ယူနေတဲ့ အချိန်နဲ့ နည်းပြဟောင်း ဆိုးလ်ရှား ယာယီနည်းပြအဖြစ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ အချိန်အပေါ် နှိုင်းယှဉ်မှုတွေကို ပယ်ချခဲ့ပါတယ်။
ကာရစ်က “ကျနော် သူ့အပေါ် အလွန်လေးစားပါတယ်။ ကျနော် ဒီမှာရှိတုန်းက သူနဲ့နီးကပ်စွာ အလုပ်လုပ်ခဲ့ပြီး ကောင်းတဲ့အရာတွေ အများကြီး လုပ်ခဲ့ပါတယ်။ ခင်ဗျားတို့ ဘယ်အရာကို နှိုင်းယှဉ်မလဲဆိုတဲ့အပေါ် မူတည် ပေမယ့် ဒါတွေက အရေးမကြီးတော့ပါဘူး။ ကျနော်တို့ဟာ အခုကွဲပြားခြားနားတဲ့ အသင်းဖြစ်နေပြီး မတူညီတဲ့ အသင်းနဲ့ မတူညီတဲ့ အချိန်တွေပါပဲ။ ဒါကြောင့် နှိုင်းယှဉ်မှုတွေက တကယ်တော့ ဘာမှမဟုတ်ဘူးလို့ ထင် ကြောင်း”ပြောခဲ့တာပါ။
ပေါ်တူဂီ လူမျိုးနည်းပြ အာမိုရင်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ကာရစ်ရဲ့ လက်ထက်မှာ အသင်းဟာ ၁၂ ပွဲ ကစားအပြီး ၈ ပွဲ အနိုင်ရရှိထားပါတယ်။
အဲ့ဒါကြောင့် ကာရစ်ဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်း ပြရာထူးအတွက် ရေပန်းစား နေတာ ဖြစ်ပါတယ်။

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
ဆိုးလ်ရှားတုန်းကလည်း ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ချိန်မှာ ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့ပေမယ့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရချိန်မှာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
အဲ့ဒါကြောင့် ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မယ်ဆိုရင် ဒီလိုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး နှိုင်းယှဉ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ကာရစ်ဟာ ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ တနင်္လာနေ့က ကာရင်တန်မှာ ဆွေးနွေးမှုရှိခဲ့ ပေမယ့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရမလားဆိုတာ စောင့်ဆိုင်းနေရတာပါ။
ကာရစ်ကတော့ သူဟာ ဒီမှာရှိနေရတာကို နှစ်သက်ပြီး အရာအားလုံး ရှင်းလင်းသွားရင် ရှင်းရှင်းလင်းလင်း ဖြစ်လာမှာပါလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး လာမယ့်ပွဲအဖြစ် ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 201
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
အီတလီ အားကစားအကြီးအကဲတွေက အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းရဲ့ နေရာ အစားထိုး ဝင်ရောက်ပြီး ယှဉ်ပြိုင်ဖို့ စိတ်မဝင်စားကြောင်း ပြောခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ပွဲဖြစ်ပွားနေပေမယ့် အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နုတ်ထွက်ထားခြင်း မရှိသလို အမေရိကန်နိုင်ငံမှာ ကစားဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အီရန်အသင်းဟာ စီစဉ်ထားတဲ့အတိုင်း လော့စ်အိန်ဂျလိစ်နဲ့ ဆီတဲလ်မှာ သူတို့ရဲ့ အုပ်စုပွဲတွေကို ကစားမယ်လို့ ပြောထားပါတယ်။
အမေရိကန်အထူးသံတမန် ဇမ်ပိုလီက အီတလီအသင်းကို အီရန်အသင်းရဲ့ နေရာမှာ အစားထိုးပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်စေဖို့ ထရမ့်နဲ့ ဖီဖာအကြီးအကဲ အင်ဖန်တီနိုတို့ကို အကြံပြုထားကြောင်း Financial Times ကို အတည်ပြုခဲ့ပါတယ်။
အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ရင် အရေးပေါ် အစီအစဉ်တစ်ခု အနေနဲ့ ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်း လည်း ဇမ်ပိုလီက ပြောခဲ့တာပါ။

အီတလီအသင်းကို တွေ့ရစဉ်
ဇမ်ပိုလီရဲ့ အကြံပြုချက်နဲ့ ပတ်သက်ပြီး အီတလီ အားကစား အကြီးအကဲတွေက ပယ်ချခဲ့ပါတယ်။
အီတလီအားကစားဝန်ကြီး အဘိုဒီက ဒါက ဖြစ်နိုင်ဖွယ်ရှိတဲ့ အရာမဟုတ်ဘဲ ခြေစစ်ပွဲက ကွင်းထဲမှာပါလို့ ပြောခဲ့ပါတယ်။
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်အတွက် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဘော့စနီးယားအသင်းကို အရေးနိမ့်ပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာပါ။
အီရန်အစိုးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီရန်အမျိုးသားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်အသင်းတို့နဲ့ အုပ်စု G မှာ ကျရောက်နေတာ ဖြစ်ပါတယ်။
Source: ESPN
