- By CNI
- Category: အားကစား
- Hits: 150
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀
အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံ ကစားသမား ဆာကာကို ၂၀၃၀ ခုနှစ်အထိ အသင်းမှာရှိမယ့် စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိထားတယ်လို့ RMC Sport က ဖော်ပြထားပါတယ်။
၂၀၂၇ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဆာကာနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး လန်ဒန်ကလပ်ဟာ သူ့ကို ဒီနှစ်မကုန်မီမှာ စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်နေပါ တယ်။
ဆာကာဟာ အသက် ၇ နှစ်အရွယ်ကတည်းက အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အကယ်ဒမီ ကနေတဆင့် အသင်းကြီးအတွက် ပါဝင်ကစားနေတာ ဖြစ်ပါတယ်။
ဆာကာကတော့ သူဟာ အာဆင်နယ်အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူချင်တယ်လို့ ဒီနှစ် အစော ပိုင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောထားတာပါ။

ဆာကာကို တွေ့ရစဉ်
ဆာကာက သူနဲ့အသင်း ပရိသတ်တွေ အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး စာချုပ် ၂ နှစ် ကျန်ရှိနေသေး တာကြောင့် စိတ်အေးလက်အေး ဖြစ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
ဆာကာဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၀ ခုနှစ်က FA ဖလားရရှိခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့ရခြင်း မရှိပါဘူး။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လည်း ရလဒ်ကောင်းတွေ ရရှိထားတာကြောင့် ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဂါဘရီရယ်လ်နဲ့ ဆာလီဘာတို့ကို စာချုပ်သက်တမ်း တိုးပြီးနောက် ဆာကာ အပါအဝင် တင်ဘာ၊ ဒီကလန်ရိုက်စ်တို့ကိုလည်း စာချုပ်သက်တမ်း တိုးနိုင်ဖို့ လုပ်ဆောင် နေတာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဆာကာဟာ အာဆင်နယ်အသင်းအတွက် ၂၇၇ ပွဲ ကစားခဲ့ပြီး ၇၆ ဂိုးသွင်းယူထားကာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၄၈ ပွဲကစားထားပြီး ၁၄ ဂိုးသွင်းယူထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 182
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀
ဘာစီလိုနာအသင်းဟာ လာမယ့်အပတ် ကြားရက်ထဲမှာ ဖရန့်ဖတ်အသင်းနဲ့ ချန်ပီယံလိဂ် League Phase အိမ်ကွင်းပွဲစဉ်ကို Spotify နူးကမ့်ကွင်းမှာ ကစားမယ်လို့ ပြောခဲ့ပါတယ်။
ကတ်တလန်ကလပ်ဟာ ၂ နှစ်ကျော်ကြာ ဝေးကွာပြီးနောက် လာမယ့် ဘီလ်ဘာအိုအသင်းနဲ့ လာလီဂါပွဲစဉ်ကို နူးကမ့်ကွင်းထဲမှာ ပြန်ပြီးကစားသွားမှာပါ။
ဘာစီလိုနာအသင်းဟာ နူးကမ့်ကွင်းကို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေပေမယ့် လိုအပ်ချက်တွေ အားလုံး ပြည့်မီ တာကြောင့် နူးကမ့်ကွင်းမှာ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားဖို့ အသင်းရဲ့တောင်းဆိုမှုကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က လက်ခံခဲ့ပါတယ်။
အဲ့ဒါကြောင့် ဖရန့်ဖတ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို နူးကမ့်ကွင်းမှာ ကစားတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်မှာ နူးကမ့်ကွင်းကြီးထဲ ပရိသတ် ၄၅,၄၀၁ ဦး အရှေ့မှာ ကစား သွားမှာပါ။
ဘာစီလိုနာအသင်းဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ နူးကမ့်ကွင်းကို ပြုပြင်မွမ်းမံနေတာဖြစ်ပြီး ပရိသတ်ဝင်ဆံ့မှုကို ၁၀၅,၀၀၀ အထိ တိုးချဲ့မှာဖြစ်ပြီး မနှစ်က နိုဝင်ဘာကတည်းက ဒီကွင်းမှာ ပွဲတွေ ပြန်လည်ကစားဖို့ စီစဉ်ခဲ့ပါ တယ်။

ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းကို တွေ့ရစဉ်
ဒါပေမယ့် နှောင့်နှေးမှုတွေကြောင့် ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ အိမ်ကွင်းပွဲ အများစုကို Estadi Olimpic မှာ ကစားခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ အောက်တိုဘာလမှာ နူးကမ့်ကွင်းကြီးကို ပြန်လည်ဖွင့်လှစ်ဖို့ ပထမဆုံး ခွင့်ပြုချက် ရခဲ့ပေ မယ့် အဆိုပါ အချိန်တုန်းက ပရိသတ်ဝင်ဆံ့မှုဟာ ၂၅,၉၉၁ ဦးရေသာရလို့ ဖွင့်လှစ်ခဲ့ခြင်း မရှိပါဘူး။
နိုဝင်ဘာ အစောပိုင်းမှာတော့ နူးကမ့်ကွင်းကြီးထဲ ဘာစီလိုနာအသင်း ကစားသမားတွေ လေ့ကျင့်မှု ပြုလုပ်တာကို ပရိသတ် ၂၃,၀၀၀ တက်ရောက်ခဲ့တာကြောင့် အသင်းအကြီးအကဲက အောင်မြင်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပြည်တွင်းဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာကို ဒီရာသီမှာ ဆက်ထိန်းနိုင်ဖို့နဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 201
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀
မော်ရိုကို ညာနောက်ခံလူ ဟာကီမီဟာ ရာဘတ်မှာ ကျင်းပတဲ့ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုပေးပွဲ အခမ်းအနားမှာ ၂၀၂၅ ခုနှစ်အတွက် အာဖရိကအကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။
ဟာကီမီဟာ အီဂျစ်တောင်ပံ ကစားသမား ဆာလက်နဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်တို့ကို မဲအသာရပြီး ဒီဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာပါ။
၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ဒီဆုကို လွဲချော်ခဲ့တဲ့ ဟာကီမီဟာ ၁၉၉၈ ခုနှစ်က ဟာဒီဂျီနောက်ပိုင်း ဒီဆုကို ပြန်လည်ရရှိတဲ့ ပထမဆုံး မော်ရိုကို ကစားသမားဖြစ်ခဲ့ပါတယ်။
ဟာကီမီဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းကို ချန်ပီယံလိဂ်ဖလား အပါအဝင် ပြည်တွင်းဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တာပါ။
ဟာကီမီက “ဒီဂုဏ်သိက္ခာ ရှိတဲ့ဆုကို ရရှိခဲ့တာဟာ ကျနော့်အတွက် အလွန်ဂုဏ်ယူစရာပါပဲ။ ဒီဆုဟာ ကျနော့် အတွက်သာ မကဘဲ အာဖရိကမှာ ဘောလုံးသမားတစ်ဦးဖြစ်ဖို့ အိပ်မက်မက်နေတဲ့ ခွန်အားကြီးတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေ အားလုံးအတွက်ပါ။ ကျနော် ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးဖြစ်လာမယ်လို့ ငယ်စဉ် ကတည်းကနေ ကျနော့်ကို အမြဲတမ်း ယုံကြည်ပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်”လို့ ပြောခဲ့ပါတယ်။

ချီဘက်ကို တွေ့ရစဉ်
အာဖရိကတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးဆုကို မော်ရိုကိုအသင်းမှ ချီဘက်က ရရှိခဲ့ပြီး သူမဟာ ဒီဆုကို ရရှိတဲ့ ပထမဆုံး မော်ရိုကို အမျိုးသမီးဖြစ်ခဲ့ပါတယ်။
ချီဘက်ဟာ ၂၀၂၄ အမျိုးသမီး အာဖရိကဖလား ပြိုင်ပွဲမှာ ၅ ဂိုးသွင်းပြီး ဒီပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံးဆုကို ရခဲ့သလို မော်ရိုကိုအသင်းကိုလည်း ဒုတိယနေရာ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ချီဘက်က ဒီဆုကို ရခဲ့တဲ့အတွက် အလွန်ဝမ်းသာပြီး ဒါက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ကိတ်ဗာဒီအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြဘူဘီစတာ ဟာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားနည်းပြဆုကို ရရှိခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 213
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုနဲ့ အိမ်ဖြူတော်ရှိ Oval Office မှာ တွေ့ဆုံပြီး အမှတ်တရ လက်ဆောင်ပေးခဲ့ပါတယ်။
The Whie House က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရော်နယ်လ်ဒိုတို့ လမ်းလျှောက်ပြီး စကားပြော ပြုံးရွှင် နေတဲ့ ဗွီဒီယိုကို Two Goats Cr7 နဲ့ 45/47 ဆိုပြီး ခေါင်းစဉ်တပ်ကာ သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေမှုပြုလုပ် ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၊ ရော်နယ်လ်ဒို အပါအဝင် နာမည်ကြီး အများအပြားကို တည်ခင်းဧည့်ခံခဲ့တဲ့ ညစာစားပွဲမှာ သား ဖြစ်သူ ဘာရွန်ဆီကနေ ချစ်ခင်မှုတွေ ပိုပြီးရခဲ့တဲ့အတွက် ရော်နယ်လ်ဒိုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က သားဖြစ်သူ ဘာရွန်ဟာ ရော်နယ်လ်ဒိုရဲ့ အမာခံ ပရိသတ် ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။
နှုတ်ခမ်းဖတ် ကျွမ်းကျင်သူတစ်ဦးက ဒေါ်နယ်ထရမ့်ဟာ ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံချိန်မှာ သားဖြစ်သူ ဘာရွန်ရဲ့ အားကစားစွမ်းရည်တွေအကြောင်းကို ပြောနေတယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ရော်နယ်လ်ဒိုက သူတို့ကို ဧည့်ခံမှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်တယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ရော်နယ်လ်ဒိုက “ဖိတ်ကြားမှုအတွက်ရော ကျနော်နဲ့ ကျနော့်ရဲ့ အနာဂတ် ဇနီးလောင်းကို နွေးထွေးစွာ ကြိုဆိုမှု အတွက် ကျေးဇူးတင်ပါတယ် သမ္မတကြီး။ ကျနော်တို့ တစ်ဦးချင်းစီမှာ အဓိပ္ပါယ်ရှိတဲ့ တစ်စုံတစ်ရာ ပေးဖို့ရှိပြီး ရဲရင့်မှု၊ တာဝန်ယူမှု၊ ထာဝရငြိမ်းချမ်းရေးတို့နဲ့ အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ မျိုးဆက်သစ် တွေကို လှုံဆော်ရာမှာ ကျနော့်ရဲ့ အခန်းကဏ္ဍကို တာဝန်ယူဖို့အသင့်ရှိတယ်”လို့ ရေးသားခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံချင်တဲ့ သူ့ရဲ့ဆန္ဒကို ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်တဲ့ ပြီးခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ချီးကျူးခဲ့ပါတယ်။
ဒါ့ပြင် ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လက သူလက်မှတ် ရေးထိုးထားတဲ့ ပေါ်တူဂီဂျာစီကို ဥရောပကောင်စီ အကြီးအကဲ အန်တိုနီယိုကော်စတာထံကနေ သမ္မတ ဒေါ်နယ်ထရမ့်ကို ပေးခဲ့တာလည်းဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 156
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉
အက်သလက်တီကိုအသင်းဥက္ကဋ္ဌ ဆီရီဇိုက အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် အသင်းကနေ ထွက်ခွာ ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေကို ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။
ဆီရီဇိုက “အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်း ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့ ကစားသမား အဖြစ် ဆက်ပြီးရှိနေမှာပါ။ ထွက်ပေါ်နေတဲ့ ထင်ကြေးတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မလိုပါဘူး”လို့ El Chiringuito နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ PSG အသင်း အပါအဝင် ဥရောပထိပ်သီး ကလပ်အချို့က စောင့်ကြည့်မှုတွေ ပြုလုပ် နေကြပါတယ်။
ဒါ့ပြင် မကြာသေးမီက အယ်လ်ဗာရက်ဇ်ရဲ့ မှတ်ချက်စကားတွေကြောင့် အက်သလက်တီကိုအသင်း ပရိသတ်တွေ အကြားမှာ သူထွက်ခွာနိုင်ဖွယ်ရှိတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့တာပါ။
ဒါပေမယ့် အက်သလက်တီကိုအသင်း အကြီးအကဲကတော့ ဒီထင်ကြေးတွေကို ပိတ်ပင်ပြီး အယ်လ်ဗာရက်ဇ် အသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်
၂၀၂၄ ခုနှစ်က မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်း အတွက် ၇၂ ပွဲ ကစားထားပြီး ၃၈ ဂိုး သွင်းယူထားတာပါ။
ဒီရာသီမှာတော့ အယ်လ်ဗာရက်ဇ်ဟာ အသင်းအတွက် ၁၅ ပွဲ ကစားထားပြီး ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။
အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၃၀ ခုနှစ်ရာသီကုန်အထိ သက်တမ်း ရှိနေ တာပါ။
အက်သလက်တီကိုအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် ၁ နေရာက ရီးရယ်လ်အသင်းနဲ့ ၆ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အက်သလက်တီကိုအသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 151
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉
အက်စတွန်ဗီလာအသင်းမှာ အငှားကစားတာ အဆင်မပြေဖြစ်နေတဲ့ အင်္ဂလန်တောင်ပံ ကစားသမား ဆန်ချိုဟာ တူရကီကလပ် ၃ သင်းနဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဆန်ချိုဟာ နည်းပြအာမိုရင်ရဲ့ အစီအစဉ်ထဲမှာ မပါဝင်တာကြောင့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး နေ့မှာ ယူနိုက်တက်အသင်းကနေ အက်စတွန်ဗီလာအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမယ့် ဆန်ချိုဟာ အက်စတွန်ဗီလာအသင်းမှာ ပွဲကစားချိန် မိနစ်တွေရဖို့ ရုန်းကန်နေရတာကြောင့် နောက်ထပ် အသင်းတစ်သင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီလို့ ယူဆရပါတယ်။
ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ နည်းပြဟောင်း အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ပြီး အသင်းလူ စာရင်းကနေ ဖယ်ရှားခံခဲ့ရတဲ့ ၂၀၂၃-၂၄ ရာသီအစကတည်းက ခြေစွမ်းပိုင်း ကျဆင်းသွားခဲ့တာပါ။
ဆန်ချိုဟာ အဆိုပါရာသီရဲ့ ဒုတိယရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ ပြီး နွေရာသီမှာ ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့ပါတယ်။

ဆန်ချိုကို တွေ့ရစဉ်
ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းထံ အငှားချ ခံခဲ့ရပေမယ့် ပုံမှန်ခြေစွမ်း မပြသနိုင်လို့ အပြီးသတ် ခေါ်ယူခြင်း မခံခဲ့ရပါဘူး။
ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပြီးခဲ့တဲ့ နွေရာသီမှာ အပြီးသတ် ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် ဝယ်ယူမယ့် အသင်း မရှိတာကြောင့် အက်စတွန်ဗီလာအသင်းထံ အငှားချခဲ့ပါတယ်။
ဆန်ချိုဟာ အက်စတွန်ဗီလာအသင်းမှာ ၃ ပွဲသာ ပွဲထွက်လူစာရင်းထဲ ပါဝင်ထားရသေးတဲ့အတွက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထပ်မံ ထွက်ပေါ်နေခဲ့တာပါ။
Caughtoffside က ဆန်ချိုနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေဟာ ဖီနာဘာချီ၊ ဘက်ဆစ်တပ်၊ ဂါလာတာစာရေးအသင်း တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆန်ချိုဟာ တူရကီကလပ်တွေထံ ပြောင်းရွှေ့ဖို့အတွက် သူ့ရဲ့လုပ်ခလစာ အများအပြားကို လျှော့ချဖို့ ဆန္ဒရှိနေ တယ်လို့ သိရပါတယ်။
ဒေါ့မွန်အသင်းကလည်း ဆန်ချိုကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထပ်ပြီးခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Bild က ဖော်ပြထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 194
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉
အာဆင်နယ်အသင်းဟာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားပြီး ရခဲ့တဲ့ ဒဏ်ရာကြောင့် နောက်ခံလူ ဂါဘရီရယ်လ် ဇန်နဝါရီအထိ အသင်းအတွက် မပါဝင်နိုင်မှာကို စိုးရိမ်မှုရှိနေပါတယ်။
ဂါဘရီရယ်လ်ဟာ ဘရာဇီးလ်အသင်းက ဆီနီဂေါအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာပါ။
အာဆင်နယ်အသင်း နောက်ခံလူဟာ ဒဏ်ရာကြောင့် တူနီးရှားအသင်းနဲ့ ခြေစမ်းပွဲမှာ ဘရာဇီးလ်အသင်းအတွက် မပါဝင်နိုင်ခဲ့သလို ကနဦးစစ်ဆေးမှုတွေ အပြီးမှာ ညာဘက် ပေါင်ကြွက်သား ဒဏ်ရာရခဲ့ကြောင်း တွေ့ရှိခဲ့ရတယ် လို့ ဖော်ပြထားပါတယ်။
ဂါဘရီရယ်လ်ဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရနေတဲ့ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အသင်းဖော်ဆာလီဘာနဲ့ တွဲဖက်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုး ၅ ဂိုးသာ ပေးရအောင် စွမ်းဆောင်ထား တာပါ။
ဂါဘရီရယ်လ်ရဲ့ ဒဏ်ရာ အခြေအနေကို နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ စောင့်ဆိုင်းနေပြီး ကနဦး စစ်ဆေး မှုတွေအရ ဇန်နဝါရီအထိ အနားယူရနိုင်တယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။

ဂါဘရီရယ်လ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီကာလအတွင်းမှာ ပွဲအများအပြား ကစားရမှာ ဖြစ်တဲ့အတွက် ဂါဘရီရယ်လ်ကို အနား ပေးရမှာက အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်တာပါ။
ဂါဘရီရယ်လ်ဟာ ဒဏ်ရာကြောင့် စပါးအသင်းနဲ့ မြောက် လန်ဒန်ဒါဘီပွဲစဉ်ကို သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။
ဂါဘရီရယ်လ်အနေနဲ့ ဇန်နဝါရီအထိ အနားယူရမယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ ပွဲပေါင်း ၁၁ ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
အာဆင်နယ်အသင်းဟာ ဂါဘရီရယ်လ် မပါဝင်နိုင်ချိန်မှာ နွေရာသီက ခေါ်ယူထားတဲ့ မိုစကွဲယားနဲ့ ဟင်ကာပီတို့ကို သူ့ရဲ့နေရာမှာ အစားထိုးပြီး အသုံးပြုလို့ရတာ ဖြစ်ပါတယ်။
မိုစကွဲယားဟာ ဆာလီဘာဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ အာဆင်နယ်အသင်းအတွက် ပါဝင်ပြီး ခြေစွမ်း ပြသထားတာပါ။
ဟင်ကာပီကတော့ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ပွဲထွက် လူစာရင်းထဲ ပါဝင်ခွင့်မရသေးပေမယ့် နည်းပြ အာတီတာနှစ်သက်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
ဒါ့ပြင် အာဆင်နယ်အသင်းဟာ ကာလာဖီအိုရီကိုလည်း ဗဟိုနောက်ခံလူ နေရာမှာ အသုံးပြုနိုင်တယ်လို့ သိရပါ တယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 193
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉
စကော့တလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒိန်းမတ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၁၉၉၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။
စကော့တလန်အသင်းဟာ ဒီပွဲမှာ တိုမီနေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟော့ဂျ်လန်းက ဒိန်းမတ်အသင်း အတွက် ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပါတယ်။
ဒိန်းမတ်အသင်းဟာ ပွဲချိန် ၆၁ မိနစ်မှာ ကစားသမားတစ်ဦး လျော့သွားခဲ့ပြီးနောက် စကော့တလန်အသင်းက ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဒိန်းမတ်အသင်းက ချေပဂိုးပြန်ပြီး သွင်းယူနိုင်ခဲ့တာပါ။
ဒီပွဲသရေရလဒ်နဲ့ ပြီးဆုံးမယ်ဆိုရင် ဒိန်းမတ်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်မှာဖြစ်ပြီး စကော့တလန်အသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၃ မိနစ်မှာ တီယာနေးက စကော့တလန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ၈ မိနစ်မှာ မက်လင်းက နောက်ထပ် သွင်းဂိုးသွင်းယူခဲ့တာပါ။

စကော့တလန်အသင်းကို တွေ့ရစဉ်
အဲ့ဒါကြောင့် စကော့တလန်အသင်းဟာ ဒိန်းမတ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရဖို့ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။
စကော့တလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
စကော့တလန် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်က “ဘယ်တော့မှ သေဆုံးသွားပြီလို့ မပြောပါနဲ့။ ကျနော်တို့ ဟာ အဆုံးထိ ဆက်သွားနေပြီး ဒီပွဲက ရူးသွပ်ဖို့ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲပါ။ ကျနော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို သွားရတော့မှာ ဖြစ်တဲ့အတွက် မယုံကြည်နိုင်အောင် ဖြစ်နေမိတယ်”လို့ ပြောခဲ့ပါတယ်။
စကော့တလန်အသင်း နည်းပြ စတိဗ်ကလာ့ခ်က ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရနိုင်အောင် ကစားသမားတွေ လုပ်နိုင်မယ်ဆိုတာ အလွန်ယုံကြည်ခဲ့တယ်လို့ ပြောခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန် ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားပြီဖြစ်တာကြောင့် ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်တဲ့ အသင်းတွေ အားလုံး ထွက်ပေါ်လာခဲ့ပါတယ်။
ဒီအသင်းတွေကတော့ ဂျာမနီ၊ ဆွစ်ဇာလန်၊ စကော့တလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ နယ်သာလန်၊ သြစတြီးယား၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 243
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈
အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ ကစားသမား ၃ ဦးကို ထွက်ခွာ ခွင့် ပေးဖို့ရှိနေပြီး သူတို့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အသင့်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဇူဘီမန်ဒီ၊ ယိုကီရက်စ်၊ အီဇီ၊ မာဒူကီ၊ မိုစကွီယာ၊ နော်ဂတ်၊ ကယ်ပါနဲ့ ဟင်ကာပီတို့ကို ခေါ်ယူခဲ့ပြီး အပြောင်းအရွှေ့အတွက် ပေါင်သန်း ၂၅၀ ကျော် အသုံးပြုခဲ့ပါတယ်။
ကစားသမားသစ်တွေဟာ အာဆင်နယ်အသင်းမှာ လျင်မြန်စွာ အသားကျခဲ့ပြီး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲစလုံး ရှုံးပွဲမရှိခဲ့ဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ၄ မှတ်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
အာဆင်နယ်အသင်းဟာ မာဒူကီ၊ အိုဒီဂတ်၊ ယိုကီရက်စ်၊ မာတင်နယ်လီနဲ့ ဟာဗက်ဇ်တို့ကို ဒဏ်ရာကြောင့် အနားပေးထားရပြီး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် ရလဒ်ကောင်းတွေ ရရှိထားပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ ဖွင့်ချိန်မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့မရှိဘဲ အသင်းမှာရှိနေတဲ့ ကစားသမား ၃ ဦးကို သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ထွက်ခွာခွင့်ပေးဖို့ ရှိနေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

အာဆင်နယ်ကစားသမားတွေကို တွေ့ရစဉ်
ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ပြီး ခြေစွမ်းပြသနေတဲ့ မာတင်နယ်လီရဲ့ စာချုပ်ဟာ နောက်ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်လို့ ဇန်နဝါရီမှာ ဆော်ဒီပရိုလိဂ် အသင်းတစ်သင်းရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှု ရမယ်ဆိုရင် သူ့ကို ထွက်ခွာခွင့်ပေးဖို့ ရှိနိုင်တာပါ။
တင်ဘာစ် ခြေစွမ်းပြမှုကြောင့် ဒီရာသီ အာဆင်နယ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဘင်ဝှိုက် အတွက်လည်း လန်ဒန်ကလပ်ဟာ ကမ်းလှမ်းမှုတွေကို လက်ခံဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။
ဒဏ်ရာကနေ သက်သာပြီး အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်ပါဝင်နေတဲ့ ဂျီးဆပ်ဟာ ယိုကီရက်စ်၊ ဟာဗက်ဇ်တို့နဲ့နေရာအတွက် ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ဇန်နဝါရီမှာ ဂျီးဆပ်စ်အတွက် ကမ်းလှမ်းမှုရရင် ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ် ထားပါတယ်။
အာဆင်နယ်အသင်းဟာ ကစားသမား ၃ ဦးကို ထွက်ခွာခွင့်ပေးဖို့ စဉ်းစားနေသလို အဓိက ကစားသမား ၃ ဦးကို တော့ ကာလရှည် စာချုပ်သက်တမ်း တိုးချင်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်း စာချုပ်သက်တမ်း တိုးချင်နေတဲ့ ကစားသမား ၃ ဦးကတော့ ဆာကာ၊ တင်ဘာစ်နဲ့ ဒီကလန်ရိုက်စ်တို့ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 174
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ PSG အသင်းထံကနေ ယူရို ၂၆၃ သန်း ရယူချင်နေပြီး PSG အသင်း ကလည်း သူ့ဆီကနေ ယူရိုသန်း ၂၄၀ တောင်းဆိုထားတာကြောင့် သူတို့ရဲ့ရေရှည် အငြင်းပွားမှုဟာ တနင်္လာနေ့မှာ ပါရီအလုပ်သမားခုံရုံးအထိ ရောက်ရှိခဲ့ပါတယ်။
ဘတ်ပီဟာ PSG အသင်းဆီကနေ မရရှိသေးတဲ့ လုပ်ခလစာ ယူရို ၅၅ သန်း အပါအဝင် စာချုပ် အငြင်းပွားမှု၊ အသင်းရဲ့ ဆက်ဆံပုံတွေအတွက် လျော်ကြေးအဖြစ် ရယူချင်နေတာပါ။
PSG အသင်းကလည်း ၂၀၂၃ ခုနှစ်က ဘတ်ပီရဲ့ အယ်လ်ဟီလယ်အသင်းထံ ယူရိုသန်း ၃၀၀ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့အတွက် သူတို့ရဲ့လျော်ကြေးငွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဘတ်ပီဟာ PSG အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် မနှစ်က နွေရာသီမှာ ရီးရယ်လ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဘတ်ပီနဲ့ PSG အသင်းတို့ရဲ့ ရေရှည်အငြင်းပွားမှုဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်မှာ ပြင်သစ်တိုက်စစ်မှူးက ဆော်ဒီ ပရိုလိဂ်ထံ အပြောင်းအရွှေ့ ပယ်ချခဲ့ပြီးနောက် စတင်ခဲ့ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ ဒီအဖြစ်အပျက်ကြောင့် ရာသီကြို ခြေစမ်းခရီးစဉ် လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပြီး PSG အသင်းရဲ့ ရာသီအစပွဲကိုလည်း လွဲချော်ခဲ့တာပါ။
ဘတ်ပီဟာ နောက်ပိုင်းမှာ PSG အသင်းအတွက် ပြန်ပါဝင်ကစားခဲ့ပေမယ့် ရာသီကုန်ပြီးနောက် ထွက်ခွာချိန်မှာ ကျန်ရှိနေတဲ့ လစာငွေတွေနဲ့ အပိုဆုကြေးတွေရဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
တနင်္လာနေ့က ကြားနာမှုအပြီးမှာ ဘတ်ပီဟာ စာချုပ် ကတိကဝတ်တွေကို ချိုးဖောက်ခဲ့တဲ့အတွက် ကလပ် ထိခိုက်နစ်နာခဲ့ရတဲ့ အရာတွေကို ပြန်ရဖို့ကြိုးပမ်းနေတယ်လို့ PSG အသင်းက ပြောခဲ့ပါတယ်။
ဒါ့ပြင် PSG က ဘတ်ပီဟာ စာချုပ်သက်တမ်းမတိုးမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ဖုံးကွယ်ပြီး သစ္စာမဲ့စွာ လုပ်ဆောင် ခဲ့တယ်လို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ PSG အသင်းမှာ ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အထိ ကစားခဲ့ပြီး ၃၀၈ ပွဲမှာ ၂၅၆ ဂိုးသွင်းယူကာ ဆုဖလား ပေါင်း ၁၅ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
