CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၈

ဝက်စ်ဟမ်းအသင်းဟာ နယူးကာဆယ်အသင်းနဲ့ပွဲမှာ ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲ ကနေ တန်းဆင်းဖို့ နီးစပ်သွားခဲ့ပါတယ်။ 

ဝက်စ်ဟမ်းအသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့် ၁၇ နေရာက စပါးအသင်းထက် ၁ ပွဲ ပိုကစားပြီး ရမှတ် ၂ မှတ်လျော့နဲ့ တန်းဆင်းဇုန်အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာပါ။ 

စပါးအသင်းဟာ လာမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းမှာ ဖြစ်ပါတယ်။ 

တကယ်လို့ စပါးအသင်းဟာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့ရင် ဝက်စ်ဟမ်းအသင်းဟာ နောက်ဆုံးပွဲမှာ လိဒ်စ် အသင်းကို အနိုင်ရဖို့ လိုအပ်သလို စပါးအသင်းက အဲဗာတန်အသင်းကို အရေးနိမ့်ဖို့ လိုအပ်နေတာပါတယ်။ 

အဲ့ဒါကြောင့် ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေနိုင်ဖို့အတွက် စပါးအသင်း ရှုံးပွဲကြုံတွေ့ဖို့ မျှော်လင့်ရမှာပါ။ 

ဝက်စ်ဟမ်းအသင်းကိုတွေ့ရစဉ်

ဝက်စ်ဟမ်းအသင်းနည်းပြ နူနိုဆန်တိုက ဒီပွဲမှာ အခွင့်အရေးတစ်ခုကို လက်လွှတ်ခဲ့ရတဲ့အတွက် ပရီးမီးယားလိဂ် မှာ ဆက်ပြီးရှိနေဖို့ အလွန်ခက်ခဲသွားပြီလို့ ဝန်ခံခဲ့ပါတယ်။ 

ဒါ့အပြင် နူနိုဆန်တိုက အသင်းဟာ အမှားအယွင်းတွေ များလွန်းခဲ့တာကြောင့် စိတ်ပျက်စရာကောင်းခဲ့ပြီး လာမယ့် လိဒ်စ်အသင်းနဲ့အိမ်ကွင်းပွဲမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပြသနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ 

ဝက်စ်ဟမ်းအသင်း ပရိသတ်တွေဟာ ပွဲအပြီးမှာ အသင်းရဲ့  ကစားသမားတွေဟာ ဒီအင်္ကျီကိုဝတ်ဆင်ဖို့ မထိုက်တန်ဘူးဆိုပြီး သီကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ 

ဝက်စ်ဟမ်းအသင်းနည်းပြ နူနိုဆန်တိုက ပရိသတ်တွေပြောတာ မှန်ကန်ပြီး အသင်းရဲ့  ရလဒ်ဆိုးတွေဟာ အသင်းနဲ့ သက်ဆိုင်တဲ့သူတွေအားလုံးကို နာကျင်စေတယ်လို့ ပြောခဲ့ပါတယ်။ 

Source: Dailymail