- By CNI
- Category: အားကစား
- Hits: 164
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ သူတို့ရဲ့ နောက်ဆုံး ခြေစမ်းပွဲဖြစ်တဲ့ အိုက်စလန်အသင်းနဲ့ပွဲမှာ အသင်းခေါင်းဆောင် မက်ဆီ ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။
စကာလိုနီက “မက်ဆီ ပါဝင်ကစားမှာဖြစ်ပြီး ဘယ်နှစ်မိနစ် ကစားမလဲဆိုတာတော့ ကျနော် မသိပါဘူး။ လေ့ကျင့် ခန်း အစီအစဉ်မှာ သူနဲ့စကားပြောဖို့ရှိပြီး ဘယ်လို အန္တရာယ်မျိုးကိုမဆို ရှောင်နိုင်ဖို့ သူဘယ်နှစ်မိနစ် ကစားမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ကျနော်တို့ ဆုံးဖြတ်သွားမှာ ဖြစ်ပေမယ့် မူအရတော့ သူကစားသွားမှာပါ”လို့ သတင်း ထောက်တွေကို ပြောခဲ့တာပါ။
မက်ဆီဟာ ဇွန်လ ၆ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဟွန်ဒူးရပ်စ်အသင်းနဲ့ ခြေစမ်းပွဲမှာ အရန်ခုံပေါ်ရှိနေခဲ့ပေမယ့် အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။
မက်ဆီဟာ ပွဲမတိုင်မီ ပြုလုပ်တဲ့ အာဂျင်တီးနားအသင်းရဲ့ သွေးပူလေ့ကျင့်ခန်း အစီအစဉ်မှာတော့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင်ဟာ မေဂျာလိဂ်ကလပ်အတွက် နောက်ဆုံး ပါဝင်ကစားခဲ့တဲ့ပွဲမှာ ကြွက်သား နာကျင်မှု ခံစားခဲ့ရပြီး အာဂျင်တီးနားအသင်း လေ့ကျင့်ရေးစခန်းကို ရောက်ရှိလာခဲ့တာပါ။

မက်ဆီကိုတွေ့ရစဉ်
ဒဏ်ရာတွေကြောင့် သီးခြားစီ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတဲ့ နီကိုပက်ဇ်၊ မိုလီနာနဲ့ မွန်တီရယ်လ်တို့ဟာ အိုက်စလန်အသင်းနဲ့ပွဲမှာ ပါဝင်မယ်လို့ နည်းပြစကာလိုနီက ပြောခဲ့ပါတယ်။
ဒါ့အပြင် အယ်လ်ဗာရက်ဇ်နဲ့ ပါရီဒက်စ်တို့ရဲ့ အခြေအနေတွေကလည်း ကောင်းမွန်နေတယ်လို့ စကာလိုနီက ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား လူစာရင်းကနေ ထွက်ခွာခဲ့တဲ့ နောက်ခံလူ ဘာလာဒီရဲ့ နေရာမှာ အစားထိုးမှု ပြုလုပ်သွားဖို့လည်း ရှိနေပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်ရမယ့် အာဂျင်တီးနားအသင်းဟာ ဇွန်လ ၁၆ ရက်မှာ အုပ်စုအဖွင့်ပွဲအဖြစ် အယ်လ်ဂျီးရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 157
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈
ဒတ်ချ်ကလပ် ဖီယင်နုအသင်းဟာ အသင်းကို ကိုင်တွယ်တာ ၁၆ လကြာသာရှိသေးတဲ့ ရော်ဘင်ဗန်ပါစီကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဗန်ပါစီဟာ ဖီယင်နုအသင်းကို ရာသီအပြည့်အဝကိုင်တွယ်ခဲ့ရတဲ့ ပြီးခဲ့တဲ့ရာသီမှာ ဒတ်ချ်လိဂ်အမှတ်ပေး ဇယားအဆင့် ၂ နေရာရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။
ဒါပေမယ့် ဖီယင်နုအသင်းဟာ ချန်ပီယံဖြစ်ခဲ့တဲ့ PSV အသင်းနဲ့ ၁၉ မှတ်ကွာဟခဲ့တာ ဖြစ်ပါတယ်။
ဗန်ပါစီဟာ ဒေဗီရီဂေါ့စ်ကို နည်းစနစ်ဒါရိုက်တာနဲ့ ရောဘတ်အန်းဟောကို အထွေထွေမန်နေဂျာအဖြစ် ဖီယင်နုအသင်းက ခန့်အပ်ပြီးနောက် ၂ ပတ်အကြာမှာ ထွက်ခွာခဲ့တာပါ။

ရော်ဘင်ဗန်ပါစီကို တွေ့ရစဉ်
ဒေဗီရီဂေါ့စ်က ဗန်ပါစီဟာ ၁ နှစ်ခွဲအတွင်းမှာ ကလပ်အသင်းအတွက် အရာအားလုံးပေးခဲ့ပြီး ခက်ခဲတဲ့ ရာသီတစ်ခုကို အဆင့် ၂ နေရာနဲ့အဆုံးသတ်နိုင်ခဲ့တဲ့အတွက် သူ့ကို အသိအမှတ်ပြုရမယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် အသင်းအတွင်းပိုင်းမှာ သေချာသုံးသပ်မှုတွေပြုလုပ်ပြီးနောက် နည်းပြချုပ်အသစ်နဲ့ ရာသီစတင်တာက ပိုကောင်းကြောင်း ရီဂေါ့စ်က ပြောခဲ့တာပါ။
ဗန်ပါစီဟာ ဖီယင်နုအသင်းမှာ ကစားသမားဘဝစတင်ခဲ့သလို ဒီအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ရော်ဘင်ဗန်ပါစီကို တွေ့ရစဉ်
ဗန်ပါစီဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် လူငယ်အသင်းတွေမှာ နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး သူ့ရဲ့ပထမဆုံးနည်းပြချုပ်ရာထူးအဖြစ် ၂၀၂၄ ခုနှစ်၊ မေလမှာ ဟီရန်ဗင်းအသင်းကို ကိုင်တွယ်ခဲ့တာပါ။
ဒါပေမယ့် ဗန်ပါစီဟာ ၉ လအကြာမှာ ဖီယင်နုအသင်းကို နည်းပြချုပ်အဖြစ် ပြန်ပြီးရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 145
CNI International News
ပြုံယမ်း၊ ဇွန်လ ၈
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် အာရှချန်ပီယံလိဂ်ဖလား ရရှိခဲ့သည့် အမျိုးသမီး ဘောလုံးသမားများနှင့်အတူ ချန်ပီယံဖလား အောင်ပွဲခံ အခမ်းအနားကို ပြုလုပ်ခဲ့သည်ဟု CNN မှ ဖော်ပြခဲ့သည်။
ပြုံယမ်း (Pyongyang) အခြေစိုက် Naegohyang အမျိုးသမီးဘောလုံးအသင်းသည် ပြီးခဲ့သည့်လက ရန်ဘက် နိုင်ငံဖြစ်သော တောင်ကိုရီးယားမြေပေါ်တွင် အာရှချန်ပီယံလိဂ်ဖလားကို မြှောက်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် အသက် ၁၇ နှစ်အောက်နှင့် အသက် ၂၀ အောက် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲများတွင်လည်း လက်ရှိ ချန်ပီယံအဖြစ် စိုးမိုးထားဆဲဖြစ်သည်။
ပြီးခဲ့သည့် ရုံးပိတ်ရက်က ပြုံယမ်းမြို့တော်တွင် ပြုလုပ်ခဲ့သည့် အောင်ပွဲခံ ခြေစမ်းပွဲ၌ ကင်မ်၏ စောင့်ကြည့် အားပေးမှုအောက်မှာ Naegohyang အသင်းသည် အသက် ၁၇ နှစ်အောက် အမျိုးသမီးအသင်းနှင့် ရင်ဆိုင် ကစားခဲ့သည်။
အဆိုပါ ၁၇ နှစ်အောက် အသင်းသည်လည်း အာရှဖလား ဗိုလ်လုပွဲတွင် ဂျပန်အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် ပြတ်ပြတ် သားသား အနိုင်ယူကာ ချန်ပီယံဖလား အသစ်တစ်ခုကို မကြာသေးမီကမှ ရရှိခဲ့သည့် အသင်းဖြစ်သည်။

အာရှချန်ပီယံလိဂ်ဖလားရလာတဲ့ မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်းကို တွေ့ရစဉ်
ကင်မ်က ချန်ပီယံအမျိုးသမီး ဘောလုံးအသင်း နှစ်သင်းကို "ယုံကြည်အားထားရသော အမျိုးသမီးများ" ၊ "မိခင်နိုင်ငံတော်၏ ဂုဏ်ဆောင် သမီးပျိုများ" ဟု ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
Naegohyang အသင်းမှ ကစားသမားများကလည်း လေးစားကြည်ညိုရသော ကင်မ်၏ မေတ္တာကရုဏာနှင့် စေတနာများသည် ၎င်းတို့အားလုံးကို ပိုမို ထူးချွန်ပြောင်မြောက်သည့် အောင်မြင်မှုများ ရရှိလာအောင် တွန်းအားပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား အမျိုးသမီးဘောလုံး ကလပ်အသင်းများမှ ကစားသမား အများစုအတွက် နောက်ထပ် လာမည့် ပြိုင်ပွဲကြီးမှာ ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်သည်။
ထို့ကြောင့် မြောက်ကိုရီးယား အမျိုးသမီးအသင်း အနေဖြင့် ကမ္ဘာ့အဆင့် အောင်မြင်မှုကို ဆွတ်ခူးနိုင်မည့် အလားအလာ ရှိ၊ မရှိဆိုခြင်းကို အားကစားကျွမ်းကျင်သူအချို့က မေးခွန်းထုတ်နေကြပြီ ဖြစ်သည်။
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ အားကစားကို ဝါသနာကြီးသော ကင်မ် သည် မြောက်ကိုရီးယားနိုင်ငံကို နိုင်ငံတကာအလယ်တွင် မြှင့်တင်ရန်အတွက် အားကစားထူးချွန် ထက်မြက်သူ များကို ပျိုးထောင်ပေးရန် ကတိပြုထားကြောင်း သိရသည်။
Source: CNN
- By CNI
- Category: အားကစား
- Hits: 130
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့လက်ထက် လီဗာပူးလ်အသင်းမှာ စိတ်ပျက်စရာတွေကြုံတွေ့ခဲ့ရတဲ့ အီတလီ တောင်ပံကစားသမား ချီယေဆာက အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားချင်တဲ့ ဆန္ဒကို အတည်ပြု ခဲ့ပါတယ်။
ချီယေဆာက “ကျနော် ဂျူဗင်တပ်စ်ကို ပြန်လာချင်ပါတယ်။ ဂျူဗင်တပ်စ်က ကျနော့်ရဲ့နှလုံးသားထဲမှာ အမြဲတမ်း ရှိပြီး ပြန်လာချင်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ငွေကြေးအကြောင်း ဘယ်တုန်းကမှ မဆွေးနွေးဖူးခဲ့သလို ဒီလိုမျိုး ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး” လို့ La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ချီယေဆာဟာ ၂၀၂၄ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီး လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိကစားသမားဟာ လီဗာပူးလ်အသင်းမှာရှိခဲ့တဲ့ ၂ ရာသီအတွင်း ပွဲကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲပေါင်း ၅၀ ကစားခဲ့တာမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကစားသမား ချီယေဆာကို တွေ့ရစဉ်
ချီယေဆာနဲ့ လီဗာပူးလ်အသင်းရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေပြီး သူကတော့ စီးရီးအေပြိုင်ပွဲထံ ပြန်သွားချင်နေတာပါ။
ချီယေဆာဟာ ဂျူဗင်တပ်စ်အသင်းမှာ လုပ်ခလစာ တောင်းဆိုခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာကို ငြင်းဆန်ခဲ့သလို အသင်းဘက်က သူ့ကို ထွက်ခွာဖို့ တွန်းအားပေးခဲ့တာလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ချီယေဆာက ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားချင်နေပါတယ်။

ကစားသမား ချီယေဆာကို တွေ့ရစဉ်
ချီယေဆာနဲ့ လီဗာပူးလ်အသင်းစာချုပ်ဟာ ၂၀၂၈ ခုနှစ်ရာသီကုန်အထိ သက်တမ်းရှိနေတာပါ။
ချီယေဆာကတော့ သူဟာ လီဗာပူးလ်အသင်းနဲ့ အမေရိကန်ရာသီကြိုလေ့ကျင့်ရေးစခန်းသွားပြီးရင် ကလပ်၊ နည်းပြသစ် အီရာအိုလာတို့နဲ့ စကားပြောသွားမယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ချီယေဆာက သူ့အတွက် အရေးကြီးတာက ဘောလုံးကစားခွင့်ရဖို့ဖြစ်ပြီး ဘယ်နေရာမှာမဆို နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့အသင့်ပဲလို့ ပြောခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 126
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် ၇၂ ပွဲပါဝင်ကစားထားတဲ့ ဒီကလန်ရိုက်စ်ဟာ နည်းပြတူချယ်လ်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ အတွေ့အကြုံအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာမှာပါ။
အသက် ၂၇ နှစ်အရွယ်ရှိရိုက်စ်ဟာ အာဆင်နယ်အသင်းကို ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။
ရိုက်စ်ဟာ အောက်တိုဘာလက ဝေးလ်စ်အသင်းနဲ့ခြေစမ်းပွဲမှာ တိုက်စစ်မှူးဟာရီကိန်းမပါဝင်နိုင်ချိန် အင်္ဂလန် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာပါ။
ရိုက်စ်နဲ့ အာဆင်နယ်အသင်းဖော်တွေဖြစ်တဲ့ ဆာကာ၊ အီဇီ၊ မာဒူအက်ကေတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းနဲ့စတင်လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပထမခြေစမ်းပွဲအဖြစ် နယူးဇီလန်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အသင်းခေါင်းဆောင် ဟာရီကိန်းက သွင်းဂိုး သွင်းယူပေးခဲ့တာပါ။
အင်္ဂလန်အသင်းဟာ အော်လန်ဒိုမှာ ကော်စတာရီကာအသင်းနဲ့ ခြေစမ်းပွဲကစားပြီးရင် သူတို့ရဲ့အခြေစိုက်မယ့် ကန်ဆက်စီးတီးထံ မထွက်ခွာမီ မိုင်ယာမီအသင်းနဲ့ ကွင်းပိတ်ကစားဖို့ရှိနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား၊ ပနားမား၊ ဂါနာအသင်းတို့နဲ့ အုပ်စု L မှာ ကျရောက်နေတဲ့ အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ ရက်မှာ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 156
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈
ဒိန်းမတ်နဲ့ ယူကရိန်းအသင်း ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ကွင်းထဲလဲကျခဲ့တဲ့ ကွင်းလယ်လူ အဲရစ်ဆန် သတိပြန်ရပြီလို့ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပြောခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ အဲရစ်ဆန်ဟာ ဒီပွဲရဲ့ပွဲချိန် ၆၅ မိနစ်မှာ ရင်ဘတ်ကို ကိုင်ပြီး ကွင်းထဲ လဲကျသွားခဲ့တာ ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ပွဲကိုဆက်မကစားဘဲ ဖျက်သိမ်းခဲ့ပါတယ်။
ဒိန်းမတ်နဲ့ယူကရိန်းအသင်း ကစားသမားတွေဟာ အဲရစ်ဆန် ကုသမှု ခံယူနေချိန်အတွင်းမှာ သူ့ကို ဝိုင်းရံထားခဲ့ ကြတာပါ။
အဲရစ်ဆန်ဟာ ၂၀၂၁ ခုနှစ်က ဖင်လန်အသင်းနဲ့ ယူရို ၂၀၂၀ အုပ်စုပွဲစဉ်အတွင်းမှာ နှလုံးရပ်ပြီး ကွင်းထဲလဲကျခဲ့တာ ကြောင့် နှလုံးခုန်နှုန်းကို ထိန်းတဲ့ ကိရိယာတစ်ခုဖြစ်တဲ့ ICD တပ်ဆင်ခဲ့ပြီး ပွဲတွေကို ပြန်ပြီးကစားနေတာ ဖြစ်ပါ တယ်။
နောက်ထပ် တစ်ကြိမ် ကွင်းထဲလဲကျခဲ့တဲ့ အခြေအနေဟာ အဲရစ်ဆန်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပေမယ့် ဒိန်းမတ် အသင်း ဆရာဝန်က သူဟာ လျင်မြန်စွာ သတိပြန်ရပြီး ကွင်းထဲကနေ သူ့ဘာသာ လမ်းလျှောက်ထွက်ခွာ နိုင်ခဲ့တယ်လို့ ပြောခဲ့တာပါ။

ကွင်းထဲ လဲကျသွားတဲ့ အဲရစ်ဆန်ကို သယ်ထုတ်နေကြစဉ်
ဒါ့အပြင် ဒိန်းမတ်အသင်း ဆရာဝန်က အဲရစ်ဆန် ဘာကြောင့် ဒီလိုမျိုး ဖြစ်ရပ်ဖြစ်ခဲ့တယ်ဆိုတာကို သိရှိနိုင်ဖို့ ဆေးရုံမှာ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်ဆန်ရဲ့ အသင်းဖြစ်တဲ့ ဝုဖ်ဘတ်အသင်းက သူတို့ဟာ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်နဲ့ နီးကပ်စွာ ဆက်သွယ် နေပြီး အမြန်ဆုံး ပြန်ကောင်းလာပါစေလို့ သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
အဲရစ်ဆန်ရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ စပါးနဲ့ ယူနိုက်တက် အသင်းတို့ကလည်း သူတို့ရဲ့ ကစားသမားဟောင်း အတွက် အားပေးတဲ့ မက်ဆေ့ချ်တွေ ပေးပို့ခဲ့ကြတာပါ။
၂၀၁၀ ခုနှစ်မှာ ဒိန်းမတ်အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ အဲရစ်ဆန်ဟာ ပွဲပေါင်း ၁၅၁ ပွဲ ကစားထားပြီး ၄၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 172
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားကစားကွင်းအတွင်း ဗူဗူဇီလာအော်ဟစ်သံတွေကို ယူဆောင်ခြင်းမပြုဖို့ ပိတ်ပင် ခဲ့ပါတယ်။
ဗူဗူဇီလာဟာ ၂၀၁၀ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နာမည်ကျော်ခဲ့တာပါ။ ဒါပေမယ့် ဒီအသံတွေကြောင့် ဝေဖန်မှုတွေရှိနေပြီး ပျားအုပ်တွေနဲ့ မကြာခဏနှိုင်းယှဉ်လေ့ရှိတာပါ။
ဖီဖာရဲ့အားကစားကွင်းကျင့်ဝတ်စည်းမျဉ်းတွေအရ ဗူဗူဇီလာနဲ့အတူ အလွန်ဆူညံသံတွေထွက်ပေါ်စေတဲ့ ကိရိယာတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် ၁၆ ကွင်းအတွင်း ယူဆောင်ခွင့်ပိတ်ပင်ထားပါတယ်။
လေဆာရောင်ခြည်တွေ၊ လေဆာညွှန်ပြတဲ့ ကိရိယာတွေနဲ့အတူ အလားတူတဲ့ အရာတွေကိုလည်း ဖီဖာက ပိတ်ပင်ထားတာပါ။

ဗူဗူဇီလာ ရောင်းချသူတစ်ဦး
ခန္ဓာကိုယ်ဆေးခြယ်မှုနဲ့ အဝတ်အစားတွေကို ချွတ်ခြင်းကိုလည်း တားမြစ်ထားကြောင်း သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် ဖီဖာဟာ လုံခြုံရေးစိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြန်လည်အသုံးပြုနိုင်တဲ့ ရေဘူးတွေ ကွင်းထဲယူဆောင်ခွင့်ပြုမှာမဟုတ်ပါဘူး။
စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ပရိသတ်တွေအနေနဲ့ ကွင်းအတွင်းဝင်ရောက်ခွင့်ငြင်းပယ်ခံရတာ ဒါမှမဟုတ် အားကစားကွင်းကနေ ဖယ်ရှားတာ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။
အသင်းအရေအတွက် တိုးချဲ့ပြီး ၄၈ သင်းနဲ့ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပသွားမှာပါ။
အဖွင့်ပွဲအဖြစ် ဇွန်လ ၁၁ ရက်မှာ ပူးတွဲအိမ်ရှင်မက္ကဆီကိုနဲ့ တောင်အာဖရိကအသင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 165
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
အင်္ဂလန်တိုက်စစ်မှူးဒီလပ်ဟာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာ စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရပြီးနောက် သူ့အပေါ်ဝေဖန်နေတဲ့သူတွေကို တိတ်ဆိတ်သွားအောင် ပြုလုပ်ချင်တာကြောင့် အသင်းမှာ အနည်းဆုံးနောက်ထပ်တစ်ရာသီဆက်ရှိဖို့ ဆုံးဖြတ်ထားပါတယ်။
ဒီလပ်ဟာ ချယ်လ်ဆီးအသင်းကို မြင့်မားတဲ့မျှော်လင့်ချက်နဲ့ရောက်လာခဲ့ပေမယ့် ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိသလို ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရတာပါ။
၂၀၂၅ ခုနှစ်နွေရာသီမှာ အစ်စဝှစ်ချ်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ရောက်ရှိလာခဲ့တဲ့ ဒီလပ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၂ ဂိုးသာသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလပ်ဟာ ဂျာအိုပက်ဒရိုရဲ့အနောက်မှာ ဒုတိယဦးစားပေးတိုက်စစ်မှူးအဖြစ်သာ ရှိခဲ့ပြီး လာမယ့်ရာသီမှာ ရောက်ရှိလာမယ့် တိုက်စစ်မှူးသစ်တွေကြောင့် သူ့ရဲ့ချယ်လ်ဆီးအသင်းအနာဂတ်ဟာ မရေမရာဖြစ်နေခဲ့တာပါ။
ဒါပေမယ့် ဒီလပ်ကတော့ ဇူလိုင်လ ၁ ရက်မှာ ချယ်လ်ဆီးအသင်းကို တရားဝင်ကိုင်တွယ်မယ့် နည်းပြဇာဘီအလွန်ဆိုလက်အောက်မှာ အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဒီလပ်
ဒီလပ်က အသင်းမှာ ဆက်နေချင်နေပေမယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ရမှာမဟုတ်တဲ့အတွက် အသင်းလူစာရင်းကို လျှော့ချရမှာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဒီလပ်ကို ရောင်းချနိုင်ပြီး သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ နယူးကာဆယ်အသင်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီလပ်ရဲ့ချယ်လ်ဆီးအသင်းအနာဂတ်ဟာ နည်းပြဇာဘီအလွန်ဆိုအပေါ်မှာ မူတည်နေပြီး ဒီလပ်အနေနဲ့ သူ့ရဲ့ကစားကွက်ပုံစံမှာ နေရာတစ်နေရာရဖို့လုံလောက်မှုရှိ၊မရှိ အကဲဖြတ်သွားမှာပါ။
ဒီလပ်ဟာ ချယ်လ်ဆီးအသင်းမှာ နည်းပြဇာဘီအလွန်ဆိုရဲ့ယုံကြည်မှုကို ရရှိစေဖို့ ရာသီကြိုခြေစမ်းပွဲတွေမှာ သွင်းဂိုးတွေသွင်းယူပြီး သက်သေပြသရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 181
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
ဆွစ်ဇာလန်အသင်းတိုက်စစ်မှူး အမ်ဘိုလိုဟာ အမေရိကန်နိုင်ငံထံ ခရီးသွားဖို့ ဗီဇာခွင့်ပြုချက်ရရှိပြီဖြစ်တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ အသင်းဖော်တွေနဲ့ ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်။
အမ်ဘိုလိုဟာ အင်္ဂါနေ့က ဆွစ်ဇာလန်အသင်းနဲ့အတူ ဇူးရစ်ကနေ လော့စ်အိန်ဂျလိစ်ထံ သွားရောက်မယ့် လေယာဉ်ပေါ်တက်ခွင့်ကို အမေရိကန်အာဏာပိုင်တွေက ပိတ်ပင်ခဲ့တာကြောင့် အသင်းနဲ့အတူ လိုက်ပါခွင့် မရခဲ့တာပါ။
အမ်ဘိုလိုဟာ ၂၀၁၈ ခုနှစ်က ဘေဆယ်လ်မှာဖြစ်ခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် သူ့ရဲ့ဗီဇာအပေါ် ပြန်လည်သုံးသပ်မှုတွေရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမ်ဘိုလိုဟာ ၂၀၂၃ ခုနှစ်တုန်းကလည်း ခြိမ်းခြောက်မှုအများအပြားပြုလုပ်ခဲ့တဲ့အတွက် ဆိုင်းငံ့ ဒဏ်ကြေးငွေတွေ ချမှတ်ခြင်းခံခဲ့ရသေးတာပါ။
အမ်ဘိုလိုဟာ ဗုဒ္ဓဟူးနေ့က ဘန်းရှိ အမေရိကန်သံရုံးထံ သွားရောက်ခဲ့ပြီးနောက် ဗီဇာခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းတိုက်စစ်မှူး အမ်ဘိုလိုကို တွေ့ရစဉ်
ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က အမ်ဘိုလိုရဲ့ဗီဇာခွင့်ပြုချက်ရရှိပြီဖြစ်တာကြောင့် သူဟာ အမေရိကန်နိုင်ငံထံ ခရီးထွက်နိုင်တော့မှာဖြစ်ပြီး သောကြာနေ့ညနေပိုင်းမှာ အသင်းနဲ့ပူးပေါင်းနိုင်ဖို့ မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဆွစ်ဇာလန်အသင်းရဲ့ဦးစားပေးတိုက်စစ်မှူးဖြစ်တဲ့ အမ်ဘိုလိုဟာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ အမ်ဘိုလိုဟာ ဆွစ်ဇာလန်အသင်းအတွက် ၈၅ ပွဲကစားထားပြီး ၂၃ ဂိုးသွင်းယူထား ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆန်ဒီယေဂိုမှာ အခြေစိုက်တဲ့ ဆွစ်ဇာလန်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၃ ရက်မှာ ကာတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယပွဲအဖြစ် ဘော့စနီးယား၊ အုပ်စုနောက်ဆုံးပွဲအဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 161
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
လီဗာပူးလ်အသင်းဟာ ထုတ်ပယ်ခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ရဲ့နေရာမှာ စပိန်လူမျိုးနည်းပြ အီရာအိုလာကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အီရာအိုလာဟာ ဘုန်းမောက်အသင်းကို ၃ နှစ်ကြာကိုင်တွယ်ခဲ့ပြီး မနှစ်ကရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာရပ်တည်ကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရအောင် ဦးဆောင် ပေးနိုင်ခဲ့တာပါ။
ရာသီကုန်ရင် ဘုန်းမောက်အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တဲ့ အီရာအိုလာကို လီဗာပူးလ်အသင်းက နည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်ချုပ်ကာ ခန့်အပ်ခဲ့ပါတယ်။
အီရာအိုလာက “အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဘာလို့လဲဆိုရင် လီဗာပူးလ်အသင်းက ကမ္ဘာပေါ်မှာ အကြီးမားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လို့ပါ။ လီဗာပူးလ်ဆီကနေ ဆွဲဆောင်ဖို့အရာတွေ အများကြီးမလိုအပ်ပါဘူး။ လီဗာပူးလ်က လီဗာပူးလ်ပါပဲ။ လီဗာပူးလ်အသင်း မျှော်လင့်ထားတဲ့ အရာတွေကို နားလည်ပြီး စိန်ခေါ်မှုအတွက် ကျနော်အသင့်ဖြစ်နေပါပြီ” လို့ ကလပ်ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းနှင့် နည်းပြသစ် အီရာအိုလာကို တွေ့ရစဉ်
ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ဟာ လီဗာပူးလ်အသင်းနည်းပြဘ၀ ပထမဆုံးရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ဖလားရယူပေးနိုင်ခဲ့ပေမယ့် ပေါင်သန်း ၄၅၀ အထိစံချိန်တင်သုံးစွဲခဲ့တဲ့ မနှစ်ကရာသီမှာ အောင်မြင်မှုရအောင် လုပ်ပေးနိုင်ခဲ့ခြင်းမရှိတာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပေမယ့် ရလဒ်တွေဆိုးပြီး ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရာသီကုန်ချိန်မှာ သုံးသပ်မှုတွေပြုလုပ်ပြီးနောက် နည်းပြအာနီဆလော့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြသစ်ဖြစ်လာတဲ့ အီရာအိုလာဟာ သူ့ရဲ့နည်းပြဘဝကို ဆိုက်ပရပ်စ်ကလပ် AEK လာနာကာအသင်းနှာ စတင်ခဲ့ပြီး စပိန်ကလပ်မီရန်ဒက်စ်နဲ့ ဗယ်လက်ကာနိုအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
