CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈

ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အတွက် ဘာစီလိုနာအသင်းနဲ့ အငှားစာချုပ်သစ် ဆွေးနွေးညှိနှိုင်း မှု ပြုလုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။ 

ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ဇွန်လ ၁၅ ရက်အထိ ယူရိုသန်း ၃၀ နဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိခဲ့တာပါ။ 

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူခြင်း မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကာရင်တန်ထံ ပြန်လာရတော့မှာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အငှားကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို နောက်ထပ် တစ်ရာသီ အငှားထပ်ခေါ်ဖို့ ဆန္ဒရှိနေပေမယ့် ယူနိုက်တက်အသင်းကတော့ အငှားစာချုပ်သစ်အတွက် ကြိုးပမ်းမှုတိုင်းကို ပယ်ချသွားဖို့ ရှိနေတာပါ။ 

ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို နောက်ထပ် အငှားချဖို့ထက် အပြီးသတ် ရောင်းချချင်နေတာ ဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါနဲ့ စပိန်စူပါဖလား ရယူနိုင်ခဲ့ပြီး ၄၉ ပွဲကစားခဲ့တာမှာ ၁၄ ဂိုး သွင်းယူနိုင်ခဲ့ တဲ့ ဘာစီလိုနာအသင်းမှာ ဆက်ကစားချင်တဲ့ သူ့ရဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်ဖို့ မရှိသေးပါဘူး။ 

ဘာစီလိုနာအသင်းဟာ နယူးကာဆယ်အသင်း တောင်ပံကစားသမား ဂေါ်ဒွန်ကို ယူရိုသန်း ၈၀ နဲ့ ခေါ်ယူခဲ့တာ ကြောင့် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် မဝယ်ယူတော့တာ ဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်အနေနဲ့ အားလပ်ရက်အပြီးမှာ ယူနိုက်တက်အသင်းရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေမှာ လာ ရောက် ပူးပေါင်းရမှာဖြစ်လို့ နည်းပြကာရစ် လက်အောက်မှာ အခွင့်အရေး ပြန်ပြီးရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source: ESPN