CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁
ယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့မယ့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ တနင်္ဂနွေနေ့က ဘာစီလိုနာကို ရောက်ရှိလာခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ ဆေးစစ်မှု ခံယူမှာဖြစ်ပြီး အရာအားလုံး စီစဉ်ထားတဲ့အတိုင်း အဆင်ပြေခဲ့ရင် ဘာစီလိုနာအသင်းဟာ ရာသီကြို ခရီးစဉ် မထွက်ခွာမီ သူ့ကို ကစားသမားသစ်အဖြစ် ကြေညာ မယ်လို့ ESPN က ဖော်ပြထားတာပါ။
ဘာစီလိုနာအသင်းဟာ ကြာသပတေးနေ့မှာ အာရှခရီးစဉ် ထွက်ခွာမှာဖြစ်ပြီး နည်းပြဟန်ဆီဖလစ်ဟာ ရက်ရှ်ဖို့ဒ် ကို အသင်းရဲ့လူစာရင်းထဲ ခေါ်ဆောင်သွားချင်နေတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့က သူ့ရဲ့အိပ်မက်လို့ ပြောထားတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီအပြောင်းအရွှေ့ ဖြစ်မြောက် ဖို့ လုပ်ခလစာ ၁၄ ရာခိုင်နှုန်း လျှော့ယူခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ ကျန်ရှိတဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေမှာဖြစ်ပြီး အငှားစာချုပ် ကုန်ဆုံး ချိန်မှာ ယူရိုသန်း ၃၀ နဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် ပါဝင်မယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းက နီကိုဝီလီယံစ်နဲ့ လီဗာပူးလ်အသင်းက ဒီယက်ဇ်တို့ကို ဦးစားပေး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ဇန်နဝါရီက အက်စတွန်ဗီလာအသင်းထံ အငှားသွားရောက် ကစားခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြအာမိုရင်ရဲ့ ယူနိုက်တက်အသင်း အစီအစဉ်မှာ မပါဝင်တော့သလို သူ့ရဲ့ကျောနံပါတ် ၁၀ ကို ကစားသမားသစ် ကွန်ညာထံ လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရက် သတ္တပတ်တွေအတွင်းက ယူနိုက်တက်အသင်းကြီး ကစားသမားတွေ ထွက်ခွာချိန်မှာ ကာရင်တန်ကို သွားရောက်ပြီး လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ယာမဲလ် နောက်ဆုံး ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉၊ အွန်နရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ တို့ထဲက တစ်ခုကို ရွေးချယ်ပြီး ဝတ်ဆင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
Source: ESPN