- By CNI
- Category: အားကစား
- Hits: 154
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၀
အင်တာမီလန်အသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဇ်က အသင်းမှာ ကစားသမားဘဝအနားယူဖို့ ဆန္ဒ ရှိကြောင်း ဖွင့်ဟပြီး သူ့ရဲ့ရေရှည်အနာဂတ်ကို ပြောခဲ့ပါတယ်။
လော်တာရိုမာတီနက်ဇ်က “ကျနော် ဒီကလပ်မှာပဲ အနားယူချင်ပါတယ်။ တခြားနေရာတစ်ခုခုမှာ ကိုယ့်ကို ကိုယ်မြင်ယောင်ကြည့်ဖို့က ခက်ပါတယ်။ ဘောလုံးမှာ ဘယ်တော့မှမသိနိုင်ပေမယ့် သူတို့ကသာ ကျနော်ကို မထွက်ခွာခိုင်းရင် ဒီမှာဆက်ရှိမှာပါ။ အနားယူပြီးရင်တော့ ဘောလုံးမှာဆက်မနေချင်တော့ပါဘူး၊ဒါက ကျနော် နှစ်သက်တဲ့ ပတ်ဝန်းကျင်မျိုး မဟုတ်ဘူး” လို့ La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းရဲ့ချိတ်ဆက်မှုတွေခံနေရပေမယ့် အင်တာမီလန်အသင်းမှာ အနားယူချင်နေတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ရေးဆင်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ လော်တာရိုမာတီနက်ဇ် ဟာ အင်တာမီလန်အသင်းမှာ အလွန်အရေးပါတဲ့သူအဖြစ်ရှိနေခဲ့ပြီး ပွဲပေါင်း ၃၇၅ ပွဲကစားထားတာမှာ ၁၇၅ ဂိုး သွင်းယူထားတာပါ။

အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့တဲ့ လော်တာရိုမာတီနက်ဇ်ဟာ သူ့ကိုခေါ်ယူဖို့ စုံစမ်း မေးမြန်းမှုတွေရှိနေပေမယ့် သူကတော့ အင်တာမီလန်အသင်းနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးကို အတည်ပြုခဲ့ပါတယ်။
လော်တာရိုမာတီနက်ဇ်ဟာ ဒီရာသီမှာ အင်တာမီလန်အသင်းနဲ့ စီးရီးအေ၊ ကိုပါအီတာလီယာဖလားတို့ကို ရယူ နိုင်ခဲ့ပြီး စီးရီးအေ ၂၉ ပွဲမှာ ၁၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားတာပါ။
အင်တာမီလန်အသင်းနဲ့ ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေတဲ့ လော်တာရိုမာတီနက်ဇ်ဟာ ဒီရာသီ ကုန်ဆုံးပြီးရင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့ အာဂျင်တီးနားအသင်းနဲ့ သွားရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 402
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၀
ဆောက်သမ်တန်အသင်းဟာ ချန်ပီယံရှစ်ရာသီအတွင်း ပြိုင်ဘက်အသင်းတွေရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ခိုးယူ မှတ်တမ်းတင်မှု ပြုလုပ်ခဲ့တာကြောင့် ပလေးအော့ဖ် ဗိုလ်လုပွဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဆောက်သမ်တန်အသင်းဟာ ချန်ပီယံရှစ် ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ မယ်ဒယ်ဘရော့အသင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ် တန်းတက်ခွင့်အတွက် ဗိုလ်လုပွဲယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။
ဒါပေမယ့် ဆောက်သမ်တန်အသင်း ထုတ်ပယ်ခံခဲ့ရတာကြောင့် မယ်ဒယ်ဘရော့အသင်းက ဗိုလ်လုပွဲအဖြစ် ဟားလ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ မယ်ဒယ်ဘရော့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ခိုးယူမှတ်တမ်းတင်ခဲ့တာအပြင် အစ်စဝှစ်ချ်နဲ့ အောက်စဖို့ဒ်အသင်းတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကိုလည်း ခိုးယူမှတ်တမ်းတင်ခဲ့တယ်လို့ EFL က စွဲချက်တင်ခဲ့တာပါ။
အဲ့ဒါကြောင့် ဆောက်သမ်တန်အသင်းကို လွတ်လပ်တဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၄ မှတ်လျှော့တဲ့ ပြစ်ဒဏ်ကိုပါ ချမှတ်ခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းကို တွေ့ရစဉ်
EFL က ဆောက်သမ်တန်အသင်းဟာ တခြားကလပ်တွေရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ခွင့်ပြုချက်မရှိဘဲ ရိုက်ကူးမှုနဲ့ ဆက်စပ်တဲ့ စည်းမျဉ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
ဆောက်သမ်တန်အသင်းဟာ ပြိုင်ဘက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ခိုးယူ မှတ်တမ်းတင်ခဲ့တဲ့ ၃ ပွဲ စလုံး နိုင်ပွဲရယူနိုင်ခဲ့ခြင်း မရှိဘဲ ၂ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ခဲ့တာပါ။
မယ်ဒယ်ဘရော့အသင်းကတော့ ဆောက်သမ်တန်အသင်းကို အပြစ်ပေး အရေးယူခဲ့တဲ့အပေါ် ကြိုဆိုပြီး ဗိုလ်လုပွဲ အတွက် အပြည့်အဝ အာရုံစိုက်နေတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 384
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၀
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ အာဆင်နယ် အသင်းကို ဘုန်းမောက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ဂုဏ်ပြုသွားခဲ့ပါတယ်။
ဂွာဒီယိုလာက “မန်စီးတီးအသင်း ကိုယ်စား အာဆင်နယ်၊ အာတီတာနဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို ကျနော် ဂုဏ်ပြုချင်ပါတယ်။ ကစားသမားတွေ အားလုံးနဲ့ ပရိသတ်တွေအတွက် ပရီးမီးယားလိဂ် ဆုဖလားဟာ အလွန် ထိုက်တန်ပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်း သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ နောက်ဆုံးပွဲမတိုင်မီမှာ ပရီးမီးယားလိဂ် ဖလားကို ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်း ကစားသမားတွေဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ အောင်ပွဲခံခဲ့ကြပြီး အသင်းပရိသတ် တွေကလည်း အမ်းမရိတ်စ်ကွင်း အပြင်ဘက်မှာ စုရုံးပြီး အောင်ပွဲခံခဲ့ကြတာပါ။

ဂွာဒီယိုလာနဲ့ အာတီတာကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီတွေမှာ အဆင့် ၂ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယား လိဂ် ဖလားကို ရယူနိုင်ခဲ့တာကြောင့် ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးဟာ အလွန်ပျော်ရွှင်နေတာ ဖြစ်ပါတယ်။
၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ပြန်ပြီးရယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ အမှတ်ပေး ဖလားကို ၁၄ ကြိမ်အထိ ရရှိထားတာပါ။
၂၀၁၉ ခုနှစ်မှာ အာဆင်နယ်အသင်းကို စတင် တာဝန်ယူခဲ့တဲ့ အာတီတာဟာ နည်းပြတစ်ဦး အနေနဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ အာရုံစိုက်ရတော့မှာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် မေလ ၃၀ ရက်မှာ PSG အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 167
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၉
ဖီယင်နုအသင်းဟာ အင်္ဂလန်ကစားသမားဟောင်း စတာလင်ကို စာချုပ်သစ် ချုပ်ဖွယ်မရှိလို့ သူဟာ နွေရာသီမှာ အသင်းလက်မဲ့ ထပ်ဖြစ်ဦးမယ်လို့ နယ်သာလန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဖီယင်နုအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ စတာလင်ဟာ အသင်းအတွက် ၈ ပွဲ ပါဝင် ကစားထားပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိသလို ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်တာပါ။
စတာလင်ဟာ ပြီးခဲ့တဲ့ ဖီယင်နုအသင်းရဲ့ ရာသီနောက်ဆုံးပွဲမှာ ၇၂ မိနစ်ကြာ ပါဝင်ကစားသွားခဲ့ပါတယ်။
စတာလင်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မီဒီယာတွေ၊ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရပြီး နည်းပြ ဗန်ပါစီကတော့ စတာလင်ကို ကာကွယ်မှု ပြုလုပ်ပေးခဲ့တာပါ။

စတာလင်ကိုတွေ့ရစဉ်
ဗန်ပါစီက စတာလင်အပေါ် ဝေဖန်မှုတွေဟာ အလွန်ဆိုးရွားတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ စတာလင်ကို ဖီယင်နုအသင်းက စာချုပ်သစ် ကမ်းလှမ်းမှာ မဟုတ်တာကြောင့် သူ့ရဲ့အနာဂတ်ဟာ မရေမရာ ထပ်ဖြစ်လာဦးမှာပါ။
ဖီယင်နုအသင်းဟာ စတာလင်ကို သူ့ရဲ့ ကစားသမားဘ၀ အကောင်းဆုံးပုံစံ ပြန်ပြီးရယူနိုင်ဖို့ အခွင့်အရေး ပေးခဲ့ပေမယ့် မျှော်လင့်သလို ဖြစ်လာခဲ့ခြင်း မရှိပါဘူး။
လာမယ့်ဇွန်လမှာ ဖီယင်နုအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် စတာလင်ဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် ဖြတ်သန်းခဲ့တဲ့ ပရီးမီးယားလိဂ်ထံ ပြန်လာဖွယ်ရှိနေပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 163
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၉
စပိန်နောက်ခံလူကာဗာဟယ်လ်ဟာ ၂၃ နှစ်ကြာကစားခဲ့တဲ့ ရီးရယ်လ်အသင်းကနေ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်ရင် ထွက်ခွာမယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိကာဗာဟယ်လ်ဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၄၅၀ ပါဝင်ကစားခဲ့ပြီး ၁၄ ဂိုး သွင်းယူကာ ဆုဖလားပေါင်း ၂၇ ခုရယူနိုင်ခဲ့တာပါ။
ရီးရယ်လ်အသင်းအကယ်ဒမီကို ၂၀၀၂ ခုနှစ်က ရောက်ရှိ လာခဲ့တဲ့ ကာဗာဟယ်လ်ဟာ ၂၀၁၃ ခုနှစ်မှာ အသင်းကြီးအတွက်ပွဲမထွက်မီ လေဗာကူဆင်အသင်းမှာ တစ်ရာသီ ကြာကစားခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်မှာ ရီးရယ်လ်အသင်းဟာ ပြန်လည်ခေါ်ယူခွင့်အချက်ကို အသုံးပြုပြီး ကာဗာဟယ်လ်ကို လေဗာကူဆင် အသင်းကနေ ပြန်လည်ခေါ်ယူခဲ့တာပါ။

ကာဗာဟယ်လ်ဟာ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ လာလီဂါဖလား ၄ ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့ပါတယ်။
ကာဗာဟယ်လ်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ ရီးရယ်လ်အသင်းကို အာနိုးလ် ရောက်ရှိလာမှုကြောင့် လာလီဂါမှာ ၈၉၂ မိနစ်သာ ကစားခွင့်ရခဲ့တာပါ။
ရီးရယ်လ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ကာဗာဟယ်လ်ဟာ ဂန္ထဝင်တစ်ဦးဖြစ်ပြီး ရီးရယ်လ်နဲ့ အကယ်ဒမီရဲ့သင်္ကေတပါပဲလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင်ပီရက်ဇ်က ကာဗာဟယ်လ်ဟာ ရီးရယ်လ်အသင်းရဲ့တန်ဖိုးတွေကို အမြဲတမ်းစံပြဖြစ်ခဲ့ပြီး ရီးရယ်လ် အသင်းဟာ အမြဲတမ်းသူ့ရဲ့အိမ်ပါပဲလို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ မေလ ၂၃ ရက် ဘာနေဗျူးမှာ ကစားမယ့် ဘီလ်ဘာအိုအသင်းနဲ့ လာလီဂါနောက်ဆုံးပွဲမှာ ကာဗာဟယ်လ်ကို ဂုဏ်ပြုနှုတ်ဆက်မှုတွေပြုလုပ် သွားမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 195
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၉
ဆန်းတို့စ်အသင်း တိုက်စစ်မှူးနေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြ အန်ဆယ်လော့တီ ထုတ်ပြန် ခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ချင်တဲ့ သူ့ရဲ့ ဆန္ဒ ပြည့်ဝသွားခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့အတွက် ၄ ကြိမ်မြောက် ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ပါတယ်။
နေမာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရပြီးကတည်းက ကြံ့ခိုင်မှုပိုင်း အကောင်းဆုံး ပုံစံပြန်ရဖို့ ရုန်းကန်နေရလို့ ဘရာဇီးလ်အသင်း လူစာရင်းနဲ့ ဝေးကွာခဲ့ပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက “ကျနော်တို့ဟာ တစ်နှစ်ပတ်လုံး နေမာကို အကဲဖြတ်ခဲ့ပြီး သူဟာ တည်ငြိမ်စွာ ကစားနေသလို ရုပ်ပိုင်းဆိုင်ရာ အခြေအနေလည်း တိုးတက်လာခဲ့တာကို သတိပြုမိခဲ့ပါတယ်။သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်ပြီး တချို့နေရာတွေမှာ အတွေ့အကြုံကို ဦးစားပေးတာ က မှန်ကန်တယ်”လို့ ပြောခဲ့ပါတယ်။

နေမာကို တွေ့ရစဉ်
ဘရာဇီးလ်အသင်း လူစာရင်းမှာ လိုင်ယွန်အသင်းက အန်းဒရစ်၊ ဘရန်ဖို့ဒ်အသင်းက အီဂေါသီယာဂိုနဲ့ ဘုန်းမောက် အသင်းက ရာယန်တို့ ရွေးချယ်ခံခဲ့ရပေမယ့် ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ပက်ဒရိုဟာ ချန်လှပ်ခြင်း ခံခဲ့ရတာ ပါ။
ဘရာဇီးလ်အသင်း နည်းပြ အန်ဆယ်လော့တီက ကစားသမား ၂၆ ဦး ရွေးချယ်ရတာဟာ အလွန်ခက်ခဲပြီး လူစာရင်းထဲ မပါဝင်တဲ့သူတွေကို တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲတွေအဖြစ် မေလ ၃၁ ရက်မှာ ပနားမား၊ ဇွန်လ ၆ ရက်မှာ အီဂျစ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာပါ။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ပြိုင်ပွဲရဲ့အုပ်စုမှာ မော်ရိုကို၊ ဟေတီ၊ စကော့တလန်အသင်းတို့နဲ့ ကျရောက်နေပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 316
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၉
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ရယူနိုင်ဖို့ နီးစပ်ခဲ့ပြီး နောက် နည်းပြအာတီတာက သူဟာ ဘုန်းမောက်အသင်းရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါ တယ်။
လာမယ့် ၂၄ နာရီကြာ ဘုန်းမောက်အသင်း ပရိသတ်အဖြစ် ရှိနေမလားလို့ မေးမြန်းချိန်မှာ အာတီတာက “အကြီး မားဆုံး အမာခံ ပရိသတ်အဖြစ် ရှိနေမှာပါ။ ကျနော်တို့ အားလုံး ဘုန်းမောက်အသင်းကို အားပေးမယ့်သူတွေ ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါက ဘာကိုဆိုလိုမှန်း ကျနော်တို့သိကြပါတယ်”လို့ ဖြေခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဘန်လေအသင်းနဲ့ပွဲမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အဆင့် ၂ နေရာက မန်စီးတီး အသင်းထက် ၁ ပွဲပိုကစားပြီး ရမှတ် ၅ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲအထိ အာဆင်နယ်အသင်းကို ချန်ပီယံဆုအတွက် ဖိအားပေးဖို့ဆိုရင် ဘုန်းမောက်အသင်းနဲ့ပွဲမှာ အနိုင်ရရှိဖို့ လိုအပ်နေတာပါ။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းအနေနဲ့ ဘုန်းမောက်အသင်းကို အနိုင်မရဘူးဆိုရင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းနည်းပြ အာတီတာက သူဟာ ဘုန်းမောက်အသင်း ပရိသတ်အဖြစ် ရှိနေမယ်လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို အနိုင်ရခဲ့ရင်လည်း အာဆင်နယ်အသင်းဟာ နောက်ဆုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရင် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ ပြင်ဆင်ထားသလို PSG အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 164
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
ဒိန်းမတ်တိုက်စစ်မှူးဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းကနေ အငှားကစားနေတဲ့ နာပိုလီအသင်းထံ အပြီးသတ်ပြောင်းရွှေ့မယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ အတည်ပြုသွားခဲ့ပါတယ်။
နာပိုလီအသင်းဟာ ပီဆာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
ယူနိုက်တက်နဲ့နာပိုလီအသင်း ချုပ်ဆိုထားတဲ့ အငှားစာချုပ်ထဲမှာ နာပိုလီအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရင် ဟော့ဂျ်လန်းကို ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ခေါ်ယူရမယ့် အချက်ပါဝင်နေတာပါ။
အဲဒါကြောင့် ဟော့ဂျ်လန်းဟာ နာပိုလီအသင်းထံ အပြီးသတ်ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
ဟော့ဂျ်လန်းက သူဟာ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ခဲ့တဲ့အတွက် စာချုပ်အရ နာပိုလီအသင်း ကစားသမား ဖြစ်လာခဲ့ပြီး ယူနိုက်တက်အသင်းကို နှုတ်ဆက်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင်ဟော့ဂျ်လန်းက သူ့ရဲ့ငယ်ဘဝအိပ်မက်ဖြစ်တဲ့ အနီရောင်ဂျာစီနဲ့ အိုးထရက်ဖိုဒ့်မှာ ကစားချင်တဲ့အရာကို အကောင်အထည်ဖော်နိုင်ခဲ့သလို ဒီလိုမျိုးဖြစ်အောင်လုပ်ပေးခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ သက်ဆိုင်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောခဲ့တာပါ။
ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းမှာကစားခဲ့ချိန်က ရုန်းကန်ခဲ့ရပေမယ့် နာပိုလီအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ပါဝင်ကစားထားတဲ့ ၄၃ ပွဲမှာ ၁၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
နာပိုလီအသင်းဟာ စီးရီးအေနောက်ဆုံးပွဲမှာ အူဒီးနီးစ်အသင်းကို အနိုင်ရရင် အမှတ်ပေးဇယားအဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 200
CNI International News
ဆိုးလ်၊ မေလ ၁၈
မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်း တစ်သင်းသည် အာရှကလပ် ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မေလ ၁၇ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း CNN မှ ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ်သည် တောင်ကိုရီးယားနိုင်ငံ အနေဖြင့် ၇ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယား အားကစားသမားများကို လက်ခံတွေ့ဆုံခြင်းဖြစ်သည်။
ပြုံးယမ်း (Pyongyang) မြို့တော်အခြေစိုက် Naegohyang အမျိုးသမီး ဘောလုံးကလပ်မှ ကစားသမားများနှင့် ဝန်ထမ်း စုစုပေါင်း ၃၉ ဦးသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှတစ်ဆင့် လေကြောင်းခရီးစဉ်ဖြင့် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ် (Incheon International Airport) သို့ ဆိုက်ရောက် လာပြီးနောက် ၎င်းတို့ကို ကြိုဆိုသည့် တက်ကြွလှုပ်ရှားသူများ၊ မီဒီယာများနှင့် လုံခြုံရေးဝန်ထမ်းများကြားမှ အမြန်ဖြတ်သန်းသွားခဲ့သည်။

တောင်ကိုရီးယားမှ တက်ကြွလှုပ်ရှားသူများ မြောက်ကိုရီးယားအမျိုးသမီးအသင်းကို ကြိုဆိုနေကြစဉ်
ဝတ်စုံတူ ကုတ်အင်္ကျီနှင့် စကတ်များကို သပ်ရပ်စွာ ဝတ်ဆင်ထားသည့် မြောက်ကိုရီးယား ကစားသမားများသည် ၎င်းတို့အား ကြိုဆိုကြောင်း အော်ဟစ်အားပေးနေကြသည့် ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းမှုကို ထောက်ခံ သည့် အဖွဲ့များအား တစ်ချက်မျှ လှည့်မကြည့်ဘဲ ၎င်းတို့၏ ဘတ်စ်ကားဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်း သွားခဲ့ကြသည်။
ထိုကစားသမားများနှင့် ဝန်ထမ်းများသည် ဘတ်စ်ကား တံခါးပိတ်ပြီး ရဲတပ်ဖွဲ့၏ လိုက်ပါစောင့်ရှောက်မှုဖြင့် ဆူဝမ် (Suwon) မြို့သို့ ထွက်ခွာသွားချိန်အထိ တစ်ခွန်းမျှမပြောဘဲ တည်ငြိမ်စွာပင် လိုက်ပါသွားခဲ့ကြသည်။
မေလ ၂၀ ရက်တွင် ယှဉ်ပြိုင်မည့် အာရှအမျိုးသမီးကလပ် ချန်ပီယံရှစ် (AFC Women’s Champions League) ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်းသည် တောင်ကိုရီးယား၏ ဆူဝမ် အမျိုးသမီး ဘောလုံးကလပ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆူဝမ်မြို့တွင် ပြုလုပ်မည့် ထိုပွဲစဉ်အတွက် လက်မှတ် အစောင်ရေ ၇၀၀၀ ခန့်မှာ အလျင်အမြန် ရောင်းကုန်သွား ခဲ့သည်။

မြောက်ကိုရီးယား အမျိုးသမီးအသင်း တောင်ကိုရီးယားကို ရောက်လာစဉ်
ထိုပွဲစဉ်တွင် မြောက်ကိုရီးယားအသင်းက အနိုင်ရခဲ့မည်ဆိုပါက မေလ ၂၃ ရက်တွင် ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို ကစားရန် မြောက်ကိုရီးယား ကစားသမား ၂၇ ဦး အပါအဝင် မြောက်ကိုရီးယား ဘောလုံးကလပ်အဖွဲ့ဝင် ၃၉ ဦးသည် တောင်ကိုရီးယားနိုင်ငံ၌ တစ်ပတ်ကြာ နေထိုင်ခွင့် ရရှိထားသည်။
မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်း၏ လာရောက် လည်ပတ်မှုသည် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေး အထူးကောင်းမွန်နေသည့် အချိန်မျိုးတွင် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။
ပြီးခဲ့သည့်လက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး၊ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်ကိုလည်း ပယ်ဖျက်ခဲ့သည်။
Source: CNN
- By CNI
- Category: အားကစား
- Hits: 181
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့မသွားရောက်မီ ပြင်ဆင်မှုတွေအဖြစ် တူရကီနိုင်ငံမှာ လေ့ကျင့်ရေးစခန်းသွင်းမှုတွေ၊ ခြေစမ်းပွဲတွေနဲ့ ဗီဇာပြီးမြောက်အောင် လုပ်ဆောင်နေပါတယ်။
အီရန်အသင်းဟာ ကစားသမား ၃၀ ဦး ပါဝင်တဲ့ လူစာရင်းနဲ့ မတ်လတုန်းက လေ့ကျင့်ပြီး ခြေစမ်းပွဲတွေကစားခဲ့တဲ့ အန်တယ်လ်ယာကို ပြန်လာခဲ့တာပါ။
အီရန်အသင်းဟာ ဒီကစားသမားတွေက ၄ ဦးကို လျှော့ချပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ရမှာဖြစ်ပါတယ်။
အီရန်အသင်းနည်းပြ ဂါလီနိုအီက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံးလေ့ကျင့်ရေးစခန်းအတွက် ကစားသမား ၃၀ ဦးရွေးချယ်ရတာဟာ သူ့ရဲ့နည်းပြဘဝတစ်လျှောက်မှာ အခက်အခဲဆုံးနည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အီရန်အသင်းဟာ အန်တယ်လ်ယာမှာ ခြေစမ်းပွဲ ၂ ပွဲကစားဖို့ မျှော်လင့်ထားပြီး မေလ ၂၉ ရက်မှာ ကစားမယ့် ဂမ်ဘီယာအသင်းနဲ့ပွဲက အတည်ပြုပြီးဖြစ်ပါတယ်။
အီရန်အသင်းကစားသမားတွေဟာ ဗီဇာရဖို့အတွက် လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို ပြီးမြောက်မှာ တူရကီမှာ လုပ်ဆောင်သွားဖို့ရှိနေတာပါ။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံထံကို ရောက်ရှိချိန် မှာ အရီဇိုးနားရှိ တူဆွန်မှာ အခြေစိုက်စခန်းပြုလုပ်သွားမှာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ အီရန် အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၅ ရက် လော့စ်အိန်ဂျလိစ်မှာ နယူးဇီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Besoccer
