- By CNI
- Category: အားကစား
- Hits: 195
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅
အာဆင်နယ်အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ အင်္ဂလန်ကြယ်ပွင့် ဆာကာဟာ နယူးကာဆယ်အသင်းနဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းရဲ့ လူစာရင်းထဲ ပြန်ပါဝင်မယ်လို့ နည်းပြအာတီတာက ပြောခဲ့ပါတယ်။
ဆာကာဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲပြီးကတည်းက အာဆင်နယ် အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိတာပါ။
ဆာကာ မပါဝင်တဲ့ နောက်ဆုံး ၅ ပွဲမှာ အာဆင်နယ်အသင်းဟာ ၃ ပွဲအထိ အရေးနိမ့်ခဲ့ပြီး FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆာကာ လူစာရင်းထဲ ပြန်ပါဝင်လာတာက သတင်းကောင်းဖြစ်ပြီး ရာသီရဲ့ အရေးကြီးဆုံးအချိန်မှာ သူဟာ အသင်းနဲ့အတူ ပြန်လာခဲ့ပြီလို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒတ်ချ် နောက်ခံလူ တင်ဘာဟာ ဒီပွဲကို လွဲချော်မှာဖြစ်ပေမယ့် အီတလီ နောက်ခံလူ ကာလာဖီအိုရီ ပြန်ပါဝင် နိုင်မယ်လို့လည်း နည်းပြအာတီတာက ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ပွဲမှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာကို ပြန်တက် နိုင်မှာဖြစ်လို့ အနိုင်ရလဒ် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီပွဲအနိုင်ရရင် သူတို့နဲ့ ပိုနီးစပ်လာမှာဖြစ်ပြီး ပြိုင်ပွဲကြီး ၂ ခုစလုံး အတွက် အရာအားလုံး ကစားသွားမယ်လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပွဲပြီးရင် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 278
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီဟာ အသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ရင် ယူရို ၁ သန်း အပိုဆုကြေးရရှိမယ်လို့ Sport Bild က ဖော်ပြခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကို ၂ ရာသီဆက်တိုက် ဘွန်ဒက်လီဂါဖလား ရယူပေးနိုင်ခဲ့တဲ့ ကွန်ပနီနဲ့အသင်းရဲ့ စာချုပ်ထဲမှာ ဒီအချက် ပါဝင်တယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရယ်လ်အသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ကာ PSG အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ဘွန်ဒက်လီဂါဖလား ရရှိထားသလို ပိုကယ် ဖလားမှာလည်း လေဗာကူဆင်အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်း နည်းပြကွန်ပနီက သူတို့ရဲ့ရာသီဟာ မပြီးဆုံးသေးဘဲ နောက်ထပ် အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကျန်ရှိသေးတယ်လို့ မကြာသေးမီက ပြောခဲ့တာပါ။
ပိုကယ်ဖလားဗိုလ်လုပွဲမှာ စတုဂတ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဧပြီလ ၂၈ ရက် နဲ့ မေလ ၆ ရက်မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဘွန်ဒက်လီဂါပွဲအဖြစ် မိန့်ဇ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 179
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း အဲရစ်ဆန်က ဒိန်းမတ်လက်ရွေးစင် အသင်းအတွက် ဆက်ကစားဖို့ ဆန္ဒရှိနေပြီး ယူရို ၂၀၂၈ ပြိုင်ပွဲမှာ နိုင်ငံအသင်းကို ခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်ပေးချင်တယ်လို့ Viaplay နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အဲရစ်ဆန်က “ကျနော်ဟာ နိုင်ငံအသင်းရဲ့ အဓိက အစိတ်အပိုင်း တစ်ခုလို ခံစားနေရဆဲပါပဲ။ နောက်ပိုင်းမှာတော့ ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှသိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ဖို့က ရည်မှန်းချက် တစ်ခုပါပဲ၊ ဒါက အသေအချာပါပဲ”လို့ ပြောခဲ့တာပါ။
၂၀၁၀ ခုနှစ်မှာ ဒိန်းမတ်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ အဲရစ်ဆန်ဟာ ပွဲပေါင်း ၁၄၉ ပွဲ ကစားထားပြီး ၄၆ ဂိုး သွင်းယူထားပါတယ်။

အဲရစ်ဆန်ကို တွေ့ရစဉ်
ဒိန်းမတ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ယူရို ၂၀၂၈ ပြိုင်ပွဲကိုသာ အဓိက ပစ်မှတ်ထားရတော့မှာပါ။
အဲ့ဒါကြောင့် အဲရစ်ဆန်ဟာ ဒိန်းမတ်အသင်းနဲ့ ယူရို ၂၀၂၈ ပြိုင်ပွဲမှာ ပါဝင်ချင်နေပြီး ဒီပြိုင်ပွဲ ကျင်းပတဲ့ အချိန်မှာ သူရဲ့အသက်က ၃၆ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။
အဲရစ်ဆန်က သူဟာ နောက်ပိုင်းမှာ နည်းပြ ရီမာနဲ့ စကားပြောသွားမှာဖြစ်ပြီး သူသာ ရွေးချယ်မယ်ဆိုရင် အသင့် ဖြစ်နေမယ်လို့ ပြောခဲ့ပါတယ်။
ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းမှာ ကစားနေတဲ့ အဲရစ်ဆန်ဟာ ဒီရာသီပြိုင်ပွဲစုံ ၂၈ ပွဲပါဝင်ထားပြီး ၃ ဂိုး သွင်းယူထားတာပါ။
ဝုဖ်ဘတ်အသင်းဟာ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားအဆင့် ၁၇ နေရာ ရပ်တည်နေပြီး တန်းဆင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရနေတာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 213
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ မိုက်ကယ်ကာရစ်က သူတာဝန်ယူနေတဲ့ အချိန်နဲ့ နည်းပြဟောင်း ဆိုးလ်ရှား ယာယီနည်းပြအဖြစ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ အချိန်အပေါ် နှိုင်းယှဉ်မှုတွေကို ပယ်ချခဲ့ပါတယ်။
ကာရစ်က “ကျနော် သူ့အပေါ် အလွန်လေးစားပါတယ်။ ကျနော် ဒီမှာရှိတုန်းက သူနဲ့နီးကပ်စွာ အလုပ်လုပ်ခဲ့ပြီး ကောင်းတဲ့အရာတွေ အများကြီး လုပ်ခဲ့ပါတယ်။ ခင်ဗျားတို့ ဘယ်အရာကို နှိုင်းယှဉ်မလဲဆိုတဲ့အပေါ် မူတည် ပေမယ့် ဒါတွေက အရေးမကြီးတော့ပါဘူး။ ကျနော်တို့ဟာ အခုကွဲပြားခြားနားတဲ့ အသင်းဖြစ်နေပြီး မတူညီတဲ့ အသင်းနဲ့ မတူညီတဲ့ အချိန်တွေပါပဲ။ ဒါကြောင့် နှိုင်းယှဉ်မှုတွေက တကယ်တော့ ဘာမှမဟုတ်ဘူးလို့ ထင် ကြောင်း”ပြောခဲ့တာပါ။
ပေါ်တူဂီ လူမျိုးနည်းပြ အာမိုရင်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ကာရစ်ရဲ့ လက်ထက်မှာ အသင်းဟာ ၁၂ ပွဲ ကစားအပြီး ၈ ပွဲ အနိုင်ရရှိထားပါတယ်။
အဲ့ဒါကြောင့် ကာရစ်ဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်း ပြရာထူးအတွက် ရေပန်းစား နေတာ ဖြစ်ပါတယ်။

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
ဆိုးလ်ရှားတုန်းကလည်း ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ချိန်မှာ ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့ပေမယ့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရချိန်မှာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
အဲ့ဒါကြောင့် ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မယ်ဆိုရင် ဒီလိုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး နှိုင်းယှဉ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ကာရစ်ဟာ ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ တနင်္လာနေ့က ကာရင်တန်မှာ ဆွေးနွေးမှုရှိခဲ့ ပေမယ့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရမလားဆိုတာ စောင့်ဆိုင်းနေရတာပါ။
ကာရစ်ကတော့ သူဟာ ဒီမှာရှိနေရတာကို နှစ်သက်ပြီး အရာအားလုံး ရှင်းလင်းသွားရင် ရှင်းရှင်းလင်းလင်း ဖြစ်လာမှာပါလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး လာမယ့်ပွဲအဖြစ် ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 225
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
အီတလီ အားကစားအကြီးအကဲတွေက အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းရဲ့ နေရာ အစားထိုး ဝင်ရောက်ပြီး ယှဉ်ပြိုင်ဖို့ စိတ်မဝင်စားကြောင်း ပြောခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ပွဲဖြစ်ပွားနေပေမယ့် အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နုတ်ထွက်ထားခြင်း မရှိသလို အမေရိကန်နိုင်ငံမှာ ကစားဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အီရန်အသင်းဟာ စီစဉ်ထားတဲ့အတိုင်း လော့စ်အိန်ဂျလိစ်နဲ့ ဆီတဲလ်မှာ သူတို့ရဲ့ အုပ်စုပွဲတွေကို ကစားမယ်လို့ ပြောထားပါတယ်။
အမေရိကန်အထူးသံတမန် ဇမ်ပိုလီက အီတလီအသင်းကို အီရန်အသင်းရဲ့ နေရာမှာ အစားထိုးပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်စေဖို့ ထရမ့်နဲ့ ဖီဖာအကြီးအကဲ အင်ဖန်တီနိုတို့ကို အကြံပြုထားကြောင်း Financial Times ကို အတည်ပြုခဲ့ပါတယ်။
အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ရင် အရေးပေါ် အစီအစဉ်တစ်ခု အနေနဲ့ ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်း လည်း ဇမ်ပိုလီက ပြောခဲ့တာပါ။

အီတလီအသင်းကို တွေ့ရစဉ်
ဇမ်ပိုလီရဲ့ အကြံပြုချက်နဲ့ ပတ်သက်ပြီး အီတလီ အားကစား အကြီးအကဲတွေက ပယ်ချခဲ့ပါတယ်။
အီတလီအားကစားဝန်ကြီး အဘိုဒီက ဒါက ဖြစ်နိုင်ဖွယ်ရှိတဲ့ အရာမဟုတ်ဘဲ ခြေစစ်ပွဲက ကွင်းထဲမှာပါလို့ ပြောခဲ့ပါတယ်။
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်အတွက် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဘော့စနီးယားအသင်းကို အရေးနိမ့်ပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာပါ။
အီရန်အစိုးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီရန်အမျိုးသားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်အသင်းတို့နဲ့ အုပ်စု G မှာ ကျရောက်နေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 222
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃
မိုနာကိုအသင်းကွင်းလယ်လူပေါ့ဘာက ယူနိုက်တက်အသင်းဖော်ဟောင်း ဘရူနိုဖာနန်ဒက်စ်ဟာ မန်စီးတီးလို အသင်းမှာကစားရင် Ballon d'Or ဆုကို ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ပေါ့ဘာက “တခြားအသင်းကြီးတွေမှာ ဘရူနိုဖာနန်ဒက်စ်ဟာ Ballon d'Or ထိပ်ဆုံး ၃ ဦးထဲပါဝင်ပါတယ်။ သူ့ကို မန်စီးတီးအသင်းမှာ ထားလိုက်ရင် Ballon d'Or ဆုကို ရရှိပါလိမ့်မယ်”လို့ ရီယိုဖာဒီနန်ရဲ့ Podcast မှာ ပြောခဲ့ တာပါ။
ဂျူဗင်တပ်စ်အသင်းထံ ပြန်မပြောင်းရွှေ့မီ ယူနိုက်တက်အသင်းမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ကစားခဲ့တဲ့ ပေါ့ဘာက ပေါ်တူဂီကွင်းလယ်လူဟာ ထိပ်တန်းကစားသမားဖြစ်ပြီး ပိုကောင်းတဲ့ကစားသမားတွေ သူ့ကို ဝန်းရံထားရင် အောင်မြင်မှုပိုပြီး ရရှိမယ်လို့ ပြောခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ထားတာပါ။

ဘရူနိုဖာနန်ဒက်စ်အနေနဲ့ လက်ကျန်ပွဲတွေမှာ ဂိုးဖန်တီးမှု ၃ ကြိမ်ထပ်ပြုလုပ်နိုင်ရင် ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ခေါင်းဆောင်ဟာ Ballon d'Or ဆုအတွက် စာရင်းထဲမှာ ၂၀၂၁ ခုနှစ်က နောက်ဆုံးပါဝင်ခဲ့ပြီး အင်တာမီလန် အသင်းတိုက်စစ်မှူးမာတီနက်ဇ်နဲ့ အတူ နံပတ် ၂၁ နေရာမှာ ရပ်တည်ခဲ့တာပါ။
ပေါ့ဘာက ဘရူနိုအနေနဲ့ ဒီလိုကြီးမားတဲ့ အောင်မြင်မှုကို ရချင်ရင် အသင်းကြီးတွေနဲ့ ဆုဖလားတွေရယူဖို့ လိုအပ်ပြီး ဒီလိုမှမဟုတ်ရင် ဒီအကြောင်းတွေးခံရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
၂၀၂၀ ခုနှစ်၊ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ၃၂၂ ပွဲ ကစားထားပြီး ၁၀၆ ဂိုးသွင်းယူကာ ၂၀၂၇ ရာသီကုန်ရင် စာချုပ်ကုန်ဆုံးမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 196
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃
နယူးကာဆယ်အသင်းတောင်ပံကစားသမား ဂေါ်ဒွန်ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင် နိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။
နောက်ခံလူ လီဗရာမန်တိုကတော့ ဒီရာသီအသင်းရဲ့လက်ကျန်ပွဲတွေမှာ ပါဝင်နိုင်ဖို့ရုန်းကန်နေရပါတယ်။
အင်္ဂလန်ကစားသမား ၂ ဦးစလုံးဟာ ဘုန်းမောက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် နယူးကာဆယ် အသင်း ပထမဆုံးပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို ပါဝင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
လီဗရာမန်တိုဟာ ဘုန်းမောက်အသင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် လူစားလဲခံခဲ့ရပြီး ဂေါ်ဒွန်က ဒဏ်ရာ ပြဿနာရှိနေတဲ့အတွက် ဒီပွဲကို ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။
ဂေါ်ဒွန်ဟာ ဒဏ်ရာရှိနေပေမယ့် ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။

လီဗရာမန်တိုဟာ သူ့ရဲ့ဒဏ်ရာအခြေအနေကို အတိအကျသိနိုင်ဖို့ နောက်ထပ်စစ်ဆေးမှုပြုလုပ်ဖို့ လိုအပ် နေသေးတာပါ။
လီဗရာမန်တိုဟာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ချင်နေတာကြောင့် ပြိုင်ပွဲမတိုင်မီ ကြံ့ခိုင်မှုအပြည့်အဝရှိချင်နေတာဖြစ်ပါတယ်။
ဂေါ်ဒွန်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိုးရိမ်စရာမရှိပေမယ့် နယူးကာဆယ်အသင်းအတွက် ဘယ်အချိန်ပါဝင်နိုင်မလဲဆိုတာ မသိရသေးတာပါ။
ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေတဲ့ နယူးကာဆယ်အသင်းဟာ ဂေါ်ဒွန်ကို အာဆင်နယ်အသင်းနဲ့ပွဲမှာ အသုံးပြုနိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။
ဂေါ်ဒွန်ဟာ ဒီရာသီကုန်မှာ နယူးကာဆယ်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံနေရပြီး ဘိုင်ယန်မြူးနစ်အသင်းအပါအဝင် အသင်းအများအပြားက သူ့ကိုခေါ်ယူဖို့ စိတ်ဝင် စားနေကြပါတယ်။
Source: DailyMail
- By CNI
- Category: အားကစား
- Hits: 266
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃
ဘာစီလိုနာအသင်းဟာ ဆယ်လ်တာဗီဂိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ ပယ်နယ်တီကနေ ဂိုးသွင်းယူပြီးနောက် ချက်ချင်းလူစားလဲခဲ့ရတဲ့ ယာမဲလ်ရဲ့ ဒဏ်ရာ မဆိုးရွားဖို့ မျှော်လင့်နေပါတယ်။
ယာမဲလ်ဟာ ဂိုးသွင်းယူအပြီးမှာ ဒဏ်ရာနာကျင်မှုကြောင့် အောင်ပွဲမခံနိုင်ဘဲ ကွင်းထဲလဲကျခဲ့ပြီး ဆေးကုသမှုခံ ယူခဲ့ရတာပါ။
ဒီနောက်မှာ ယာမဲလ်ဟာ ဆက်ပြီး မကစားနိုင်တော့တဲ့အတွက် ဘာစီလိုနာအသင်းဟာ သူ့ရဲ့နေရာမှာ လူစားလဲမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ယာမဲလ်ရဲ့ ဒဏ်ရာ အခြေအနေကို စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်ပြီးရင် သူဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ သိရှိနိုင်မှာပါ။
ဘာစီလိုနာနဲ့ စပိန်အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ ယာမဲလ်ဟာ ဒီရာသီအသင်းရဲ့ လက်ကျန်ပွဲတွေကို လွဲချော်နိုင်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းအတွက် အာရုံစိုက်လာနိုင်တာဖြစ်ပါတယ်။

ယာမဲလ်ကိုတွေ့ရစဉ်
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ယာမဲလ်ဟာ တစ်ခုခု ခံစားခဲ့ရတာကြောင့် ဂိုးသွင်းအပြီးမှာ ကွင်းထဲ ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ဒဏ်ရာ အခြေအနေကို စောင့်ဆိုင်းရမယ်လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်း ကွင်းလယ်လူ ပက်ဒရီက ရက်သတ္တပတ် အနည်းငယ်သာ ယာမဲလ်အနားယူရဖို့ မျှော်လင့် ကြောင်းနဲ့ အမြန်ဆုံး ပြန်ကောင်းမွန်လာမှာဖြစ်လို့ စိတ်အေးအေးထားဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ။
ယာမဲလ်ဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းအတွက် ၁၆ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ကာ ပြိုင်ပွဲစုံမှာတော့ ၂၄ ဂိုးသွင်းပြီး ၁၇ ဂိုး ဖန်တီးထားပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ဒီရာသီ လာလီဂါပွဲစဉ်တွေ ကစားဖို့ ၆ ပွဲ ကျန်ရှိသေးချိန်မှာ အဆင့် ၂ နေရာက ရီးရယ်လ်အသင်းကို ၉ မှတ်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 209
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အတွက် အသင်းဟာ လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ယူရမယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ဟာ FA ဖလားကစားဖို့ ရှိနေသလို ဒီပွဲပြီးရင် နောက်ထပ် ၅ ပွဲကစားရဖို့ ရှိနေပါတယ်။ ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက်ဆိုရင် တစ်ခုတည်းသော အခွင့်အရေးက လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ယူဖို့ ပါပဲ။ အာဆင်နယ်အသင်းနဲ့ပွဲအပြီး နောက်ထပ် ၃ ရက်အကြာမှာ နောက်ထပ် တစ်ပွဲ ကစားရတာ မလွယ်ကူပေ မယ့် ပရီးမီးယားလိဂ်မှာ ဒါကိုချိန်ညှိရမှာပါ။ ကျနော်တို့ ဒါကို ကျင့်သားရနေပါပြီ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်မှူး ဟာလန်းက အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်ခွင့် ရရှိခဲ့တာပါ။

မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်
မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ရမှတ် ၇၀ စီ တူညီနေသလို ဂိုးကွာခြားချက်လည်း တူညီနေပေမယ့် မန်စီးတီးအသင်းက သွင်းဂိုးပိုပြီး သွင်းယူထားတာကြောင့် ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ ချန်ပီယံဆုပြိုင်ပွဲအတွက် အာဆင်နယ်အသင်းပေးမယ့် ဖိအားတွေကို ကိုင်တွယ်နိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပွဲပန်းမှုကြောင့် လာမယ့် ဆောက်သမ်တန်အသင်းနဲ့ FA ဖလား ဆီမီးဖိုင်နယ်မှာ လူစာရင်းကို အပြောင်းအလဲတွေ ပြုလုပ်နိုင်တယ်လို့လည်း နည်းပြ ဂွာဒီယိုလာက ပြောခဲ့တာပါ။
မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ဘန်လေအသင်းဟာ နောက်ဆုံး ၅ ရာသီမှာ တတိယ အကြိမ်မြောက်အဖြစ် ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ထံ တန်းဆင်းခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘန်လေအသင်းနဲ့ ဝုလ်ဗ်စ်အသင်း တန်းဆင်းခဲ့ပြီဖြစ်လို့ နောက်ထပ်တန်းဆင်း မယ့် ၁ နေရာသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 188
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
အယ်လ်နာဆာအသင်းဟာ အသက် ၁၆ နှစ်အရွယ်ရှိ ခရစ္စတီယာနိုဂျူနီယာကို လာမယ့်ရာသီမှာ အသင်းကြီးနဲ့ အတူ လေ့ကျင့်မှုတွေ ပြုလုပ်ခိုင်းဖို့ စဉ်းစားနေတာကြောင့် သူဟာ မကြာမီမှာ ဖခင်ဖြစ်သူ ရော်နယ်လ်ဒိုနဲ့ အတူတွဲဖက်ပြီး ကစားရဖွယ် ရှိနေပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ အကြီးဆုံးသားဖြစ်တဲ့ ခရစ္စတီယာနိုဂျူနီယာနဲ့အတူ တစ်နေ့မှာ ပရော်ဖက်ရှင်နယ် ဘောလုံးပွဲကို အတူတွဲကစားချင်တဲ့ ဆန္ဒကို အရင်ကတည်းက ထုတ်ပြောခဲ့တာပါ။
ရီးရယ်လ်၊ ဂျူဗင်တပ်စ်နဲ့ ယူနိုက်တက် လူငယ်အသင်းတွေမှာ ကစားခဲ့တဲ့ ခရစ္စတီယာနိုဂျူနီယာဟာ ၂၀၂၃ ခုနှစ် မှာ အယ်လ်နာဆာအသင်းထံ ပြောင်းခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ အနောက်ကို လိုက်ခဲ့ပါတယ်။
ခရစ္စတီယာနိုဂျူနီယာဟာ အယ်လ်နာဆာ အကယ်ဒမီ အသင်းမှာ ကစားနေပြီး ခြေစွမ်းပြသနေတာပါ။
ဆော်ဒီနိုင်ငံကလာတဲ့ သတင်းတွေမှာ အယ်လ်နာဆာအသင်း အကြီးအကဲတွေဟာ ရော်နယ်လ်ဒိုရဲ့ သားဖြစ်သူကို ၂၀၂၆-၂၇ ရာသီအတွက် အသင်းကြီး လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်စေဖို့ စဉ်းစားနေကြတယ်လို့ ဖော်ပြခဲ့ ပါတယ်။

ခရစ္စတီယာနိုဂျူနီယာနဲ့ ရော်နယ်လ်ဒိုကို တွေ့ရစဉ်
ရော်နယ်လ်ဒိုဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကနေ အနားယူဖို့ နီးကပ်လာပြီဖြစ်လို့ သားဖြစ်သူနဲ့ အတူတွဲ ကစားချင်တဲ့ သူ့ရဲ့ဆန္ဒကို အမြန်ဆုံး အကောင်အထည် ဖော်ချင်နေတာပါ။
ဒီလိုသာဖြစ်ခဲ့ရင် ရော်နယ်လ်ဒိုနဲ့ ဂျူနီယာဟာ ရီဗယ်လ်ဒိုနဲ့ သူ့ရဲ့သား၊ ဟင်းနရစ်လာဆင်နဲ့ သူ့ရဲ့သား၊ ၁၉၅၀ ပြည့်လွန်နှစ်တွေက ဂျော့ချ်စီနီယာနဲ့ သူ့ရဲ့သားတို့လို သားအဖတွေ အတူတွဲကစားကြတဲ့ မှတ်တမ်းထဲကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ခရစ္စတီယာနိုဂျူနီယာဟာ သူ့ရဲ့ဖခင်လို တိုက်စစ်မှူးအဖြစ် ကစားနိုင်သလို တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင် တာပါ။
ဂျူနီယာဟာ အခုနှစ် အစောပိုင်းက ရီးရယ်လ် အကယ်ဒမီမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သူဟာ အနာဂတ်မှာ စပိန်နိုင်ငံထံ ပြောင်းရွှေ့ပြီး ကစားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
Source: Dailymail
