- By CNI
- Category: အားကစား
- Hits: 294
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉
နွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ချိန် ပါးစပ်ကို အုပ်ပြီး စကားပြောတဲ့ ကစားသမားတွေဟာ အနီကတ်ပြသပြီး ထုတ်ပယ်ခံရမယ်လို့ အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘင်ဖီကာနဲ့ရီးရယ်လ်အသင်းတို့ရဲ့ချန်ပီယံလိဂ်ပွဲမှာ ဘင်ဖီကာ အသင်းကြယ်ပွင့် ပရက်စ်တီယန်နီဟာ ရီးရယ်လ်အသင်းက ဗီနီစီးယက်စ်နဲ့ စကားပြောချိန် ပါးစပ်ကို အင်္ကျီနဲ့အုပ်ပြီး ပြောခဲ့တာပါ။
အဲဒါကြောင့် ပရက်စ်တီယန်နီဟာ လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရကာ အရေးယူခြင်းခံခဲ့ရပါတယ်။
နွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဒီလိုမျိုးဖြစ်ရပ်ဖြစ်ခဲ့ရင် အနီကတ်ပြသမယ်လို့ ဗန်ကူးဗားမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့အစည်းအဝေးမှာ စည်းမျဉ်းတွေကို တညီတညွတ်တည်း သဘောတူညီ ခဲ့တာပါ။

IFAB ရဲ့ကြေညာချက်မှာ ပြိုင်ပွဲစီစဉ်သူရဲ့ဆုံးဖြတ်ချက်အရ ပြိုင်ဘက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေ အနေမှာ ပါးစပ်ကို အုပ်ထားတဲ့ ဘယ်ကစားသမားမဆို အနီကတ်ပြခံရမယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ကွင်းထဲကနေ ထွက်ခွာခဲ့တဲ့ ကစားသမားတွေလည်း အရေးယူ ခံရမှာပါ။
ပြီးခဲ့တဲ့ဇန်နဝါရီလက မော်ရိုကိုနဲ့ဆီနီဂေါအသင်းတို့ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဖလားဗိုလ်လုပွဲမှာ ဆီနီဂေါ အသင်းကစားသမားတွေဟာ အိမ်ရှင်မော်ရိုကိုအသင်းကို ပယ်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ ဆီနီဂေါအသင်းကစားသမားတွေ ကွင်းထဲပြန်ဝင်ကာ ပွဲပြန်ကစားပြီး အချိန်ပိုမှာ အနိုင်ဂိုးသွင်း ယူကာ ချန်ပီယံဆုရရှိခဲ့တာပါ။
နွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီလိုဖြစ်ရပ်ဖြစ်ခဲ့ရင် ကွင်းထဲကနေ ထွက်ခွာတဲ့သူတွေဟာ အရေးယူခံရမှာဖြစ်သလို ပွဲကိုလည်း အရှုံးပေးရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 300
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉
နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ပေါင် ၅၅ သန်းနဲ့ဝယ်ယူခဲ့တဲ့ တိုက်စစ်မှူးဝီဆာကို နွေရာသီမှာ ပြန်ရောင်းချဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ဘရန်ဖိုဒ့်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဝီဆာဟာ နယူးကာဆယ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန် နေရတာပါ။
ကြီးမားတဲ့မျှော်လင့်ချက်နဲ့ နယူးကာဆယ်အသင်းကို ရောက်လာခဲ့တဲ့ ဝီဆာဟာ အသင်းဂန္ထဝင် အလန်ရှီးယားဝတ်ဆင်ခဲ့တဲ့ ကျောနံပတ် ၉ ကို ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် ဝီဆာဟာ ဘရန်ဖိုဒ့်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခြင်းမရှိသေးပါဘူး။
ဝီဆာဟာ DR ကွန်ဂိုအသင်းအတွက် ပါဝင်ကစားပြီး ဒဏ်ရာရခဲ့တာကြောင့် ဒီဇင်ဘာလရောက်မှသာ နယူး ကာဆယ်အသင်းအတွက် ပွဲဦးထွက်နိုင်ခဲ့ကာ အခုအချိန်မှာတော့ ပြိုင်ပွဲစုံ ၂၄ ပွဲပါဝင်ကစားထားပါတယ်။
ဝီဆာ ဟာ လူစားဝင်အဖြစ်သာ ပွဲအများအပြားကစားခဲ့ရပြီး နယူးကာဆယ်အသင်းအတွက် ၃ ဂိုးသွင်းယူထားတာပါ။

The Athletic က နယူးကာဆယ်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဝီဆာကို ရောင်းချဖို့ ရည်ရွယ် ထားတယ်လို့ ဖော်ပြထားပါတယ်။
နယူးကာဆယ်အသင်းဟာ ဝီဆာကို ပြန်ရောင်းချမယ်ဆိုရင် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်မှာကို အသင်းဘုတ်အဖွဲ့က လက်ခံထားပြီး ရောင်းချမှုကို ခွင့်ပြုဖို့ ဆန္ဒရှိနေတာပါ။
ဝီဆာကတော့ နယူးကာဆယ်အသင်းနဲ့ ကာလရှည်စာချုပ်ရှိနေတာဖြစ်လို့ အသင်းမှာဆက်နေပြီး နေရာအတွက် တိုက်ပွဲဝင်ချင်နေပေမယ့် အသင်းဘက်က ကွဲပြားတဲ့အစီအစဉ်ရှိနေတာဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲယှဉ်ပြိုင်ရမှာမဟုတ်တဲ့အတွက် ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်ချက်ဟာ ဦးစားပေးတစ်ခု ဖြစ်လာခဲ့တာပါ။
နယူးကာဆယ်အသင်းနည်းပြအက်ဒီဟောင်းက ဝီဆာရဲ့အရည်အသွေးအပေါ် အကောင်းမြင်နေဆဲဖြစ်ပေမယ့် ကလပ်မှာ သူ့ရဲ့အနာဂတ်ကို အာမခံချက်ပေးခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 253
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို FIFA ငြိမ်းချမ်းရေးဆု(Peace Prize) ချီးမြှင့်တဲ့အပေါ် ဝေဖန်တဲ့သူတွေကို အိမ်ဖြူတော်က ပြန်လည်တုန့်ပြန်ခဲ့ပြီး သူ့ထက် ထိုက်တန်တဲ့သူမရှိဘူးလို့ ပြောခဲ့ပါတယ်။
ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ထရမ့်ကို ကမ္ဘာ့တစ်ဝှမ်းငြိမ်းချမ်းရေးနဲ့ စည်းလုံးမှုကို မြှင့်တင်ပေးခဲ့တဲ့အတွက် FIFA Peace Prize ဆုချီးမြှင့်ခဲ့တာပါ။
ဒီဆုဟာ ပြီးခဲ့တဲ့နှစ်ကမှ ပထမဆုံးအကြိမ် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေထံကနေ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် FIFA Peace Prizeဆုကို တွေရစဉ်
သြစတြေးလျအသင်းကစားသမား အာဗိုင်းက ထရမ့်ကို ဒီဆုချီးမြှင့်တာဟာ ဖီဖာရဲ့လူ့အခွင့်အရေးမူဝါဒကို လှောင်ပြောင်တာဖြစ်ကြောင်း ဒီရက်သတ္တပတ်ထဲပြောခဲ့ပြီး နော်ဝေဘောလုံး အဖွဲ့ချုပ်ကလည်း ဖီဖာဟာ ဒီဆုကိုဖျက်သိမ်းသင့်တယ်လို့ ပြောခဲ့ပါတယ်။
ဒီအချိန်မှာ အိမ်ဖြူတော်က ထရမ့်ကြောင့် တစ်နှစ်အတွင်း စစ်ပွဲ ၈ ပွဲကို အဆုံးသတ်စေခဲ့တယ်လို့ တုန့်ပြန်ခဲ့သလို ကမ္ဘာပေါ်မှာ သမ္မတထရမ့်ထက် ဖီဖာရဲ့ပထမဆုံးငြိမ်းချမ်းရေးဆုကို ရဖို့ထိုက်တန်တဲ့သူမရှိဘူးလို့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံဟာ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကို၊ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပသွားမှာပါ။
အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲအပြီး တစ်လအကြာမှာ ဗင်နီဇွဲလားနိုင်ငံအပေါ် စစ်ရေး တိုက်ခိုက်မှုစတင်ခဲ့သလို ဖေဖော်ဝါရီ ၂၈ ရက်မှာ အစ္စရေးနဲ့အတူ အီရန်နိုင်ငံကို ပူးတွဲလေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။
ထရမ့်ဟာ နိုင်ငံတကာပဋိပက္ခတွေကို ဖြေရှင်းရာမှာ သူ့ရဲ့အောင်မြင်မှုတွေကို မကြာခဏပြောပြီး နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရသင့်တယ်လို့ အကြိမ်ပေါင်းများစွာပြောခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 209
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉
PSG အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲဟာ သူ့ရဲ့နည်းပြဘဝမှာ အကောင်းဆုံးပွဲ ဖြစ်တယ်လို့ PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ဒီလိုပြင်းထန်တဲ့ ပွဲစဉ်မျိုးကို ကျနော် တစ်ခါမှ မမြင်တွေ့ဖူးပါဘူး။ ကျနော်တို့ဟာ အနိုင်ရဖို့ ထိုက်တန်ခဲ့သလို သရေကျဖို့နဲ့ ရှုံးနိမ့်ဖို့လည်း ထိုက်တန်ခဲ့ပါတယ်။ ဒီပွဲက အံ့မခန်း ကောင်းတဲ့ပွဲ တစ်ပွဲပါပဲ။ နည်းပြတစ်ဦးအနေနဲ့ ကျနော် ပါဝင်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးပွဲ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး”လို့ ပြောခဲ့တာပါ။
ဒီပွဲရဲ့ပထမပိုင်းမှာ PSG အသင်းက ဘိုင်ယန်မြူးနစ်အသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပိုင်းမှာ PSG အသင်းက ၅ ဂိုး-၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းက ချေပဂိုး ၂ ဂိုးထပ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
၂ သင်းပေါင်း ၉ ဂိုးသွင်းယူခဲ့တဲ့ ဒီပွဲဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ဆီမီးဖိုင်နယ်ပွဲ တစ်ပွဲအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီယှဉ်ပြိုင်နေစဉ်
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ဒီပွဲကို ကြည့်ရင်းနဲ့ သူမောပန်းနေခဲ့ပြီး ဒုတိယအကျော့ပွဲမှာလည်း ဒီလိုမျိုးထပ်ဖြစ်ဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့အိမ်ကွင်းမှာ ပိုပြီးအားကောင်းပေမယ့် PSG အသင်းကလည်း ဒီပွဲကလိုမျိုး စိတ်ဓါတ်ပိုင်းကို ပြသဖို့ ကြိုးစားသွားမယ်လို့ နည်းပြအင်းနရစ်က ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းက ၅ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်နေတာကနေ ၅ ဂိုး-၄ ဂိုးအထိ ပြန်ရောက်ခဲ့တာကို ဂုဏ်ယူမိပြီး ဒုတိယအကျော့ အိမ်ကွင်းပရိသတ်တွေအရှေ့မှာ အနိုင်ရလဒ်ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ဒီပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ ဟာရီကိန်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအင်္ဂလိပ် ကစားသမားဖြစ်ခဲ့ပြီး ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၃ ဂိုး သွင်းယူထားပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 363
CNI International News
ဘန်ကောက်၊ ဧပြီ ၂၉
ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံတွင် ကွန်ဒိုမီနီယမ် တိုက်ခန်းများ လွှဲပြောင်းဝယ်ယူမှု အများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်း၌ ပါဝင်သည့် နိုင်ငံများအနက် တရုတ်နှင့် အမေရိကန် နိုင်ငံသားများ၏ ဝယ်ယူမှု ကျဆင်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုင်းကွန်ဒိုများ ဝယ်ယူမှု အများဆုံး ၁၀ နိုင်ငံအနက် တရုတ်နှင့် အမေရိကန် ဖောက်သည်များ၏ ကွန်ဒို ဝယ်ယူ မှုတွင် အရေအတွက်ရော၊ တန်ဖိုးပါ ကျဆင်းခဲ့ပြီး ကျန် ၈ နိုင်ငံမှာမူ တိုးတက်မှုရှိခဲ့ခြင်း သို့မဟုတ် အရေအတွက် တစ်ခုတည်းသာ ကျဆင်းခြင်း သို့မဟုတ် တန်ဖိုးတစ်ခုသာ ကျဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် တရုတ်ဖောက်သည်များထံသို့ ကွန်ဒိုမီနီယမ် လွှဲပြောင်းပေးမှုမှာ ၁၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး ၄၉၄၀ ယူနစ်သို့ ရောက်ရှိခဲ့သလို တန်ဖိုးအား ဖြင့်လည်း ၃၀ ရာခိုင်နှုန်း ကျဆင်းကာ ဘတ် ၁၈ ဒသမ ၅ ဘီလျံ ရှိခဲ့သည်။
ထိုကဲ့သို့ ကျဆင်းခဲ့သော်လည်း တရုတ် ဖောက်သည်များသည် အရေအတွက်ပိုင်းရော၊ တန်ဖိုးပိုင်းတွင်ပါ အများဆုံး ဝယ်ယူသူအဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည်။

တရုတ်,မြန်မာ,ရုရှားနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုကို သရုပ်ဖော်ပြထားစဉ်
တန်ဖိုးအရ ပဉ္စမနေရာနှင့် ယူနစ် အရေအတွက်အရ ဆဌမနေရာတွင်ရှိသည့် အမေရိကန် ဖောက်သည်များ၏ လွှဲပြောင်းမှုမှာလည်း ၁၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၂ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းခဲ့သည်။
ကွန်ဒိုယူနစ်အရေအတွက် အများဆုံး တိုးတက်မှုမှာ မြန်မာနိုင်ငံမှဖြစ်ပြီး ၄၁ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ကာ ယူနစ် ၁၉၆၈ ခုအထိ ရှိလာခဲ့သည်။
သို့သော်လည်း စုစုပေါင်း တန်ဖိုးမှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဘတ် ၆ ဒသမ ၁၆ ဘီလျံသာ ရှိတော့ သဖြင့် ဈေးနှုန်းသက်သာသော ကွန်ဒိုယူနစ်များကို ပြောင်းလဲဝယ်ယူလာသည့် အချက်ကို ညွှန်ပြနေသည်။
ဆန့်ကျင်ဘက် အနေဖြင့် အိန္ဒိယဖောက်သည်များသည် ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ယူနစ်အရေအတွက် ကျဆင်းသော်လည်း တန်ဖိုးတိုးတက်လာသည့် တစ်ဦးတည်းသော နိုင်ငံသားများ ဖြစ်သည်။
လွှဲပြောင်းမှုမှာ ၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး ယူနစ် ၂၃၇ ခုအထိ ရှိခဲ့သော်လည်း တန်ဖိုးမှာ ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာကာ ဘတ် ၁ ဒသမ ၆၄ ဘီလျံအထိ ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်ယူနစ်လျှင် ဘတ် ၆ ဒသမ ၉ သန်းနှုန်း ရှိသည်။

ဘန်ကောက်မြို့ကို တွေ့ရစဉ်
ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် အဆင့် ၇ နေရာ၌ရှိသော ဗြိတိန် ဖောက်သည်များသည် လွှဲပြောင်းမှုတန်ဖိုး အများဆုံး တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ယူနစ် ၄၇၆ ခု (၁၅ ရာခိုင်နှုန်းတိုးတက်) မှ ဘတ် ၂ ဒသမ ၃ ဘီလျံ (၃၅ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်) အထိ မြင့်တက်လာခဲ့သည်။
၎င်းတို့နောက်တွင် အဆင့် ၃ ရှိသော ရုရှားဖောက်သည်များက ရပ်တည်နေပြီး ယူနစ် ၁၁၇၂ ခု (၈ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်)မှ တန်ဖိုးအားဖြင့် ၃၀ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ဘတ် ၄ ဒသမ ၇၇ ဘီလျံအထိ ရှိလာခဲ့သည်။
အဆင့် ၆ နေရာရှိ ပြင်သစ် ဖောက်သည်များမှာလည်း ယူနစ်အရေအတွက် ၂၆ ဒမသ ၁ ရာခိုင်နှုန်းအထိ သိသိ သာသာ တိုးတက်လာခဲ့ပြီး ယူနစ် ၆၅၇ ခုမှ တန်ဖိုး ၁၆ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ကာ ဘတ် ၂ ဒသမ ၆ ဘီလျံ အထိ ရှိလာခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ နိုင်ငံခြားသား ဖောက်သည်များထံ ကွန်ဒိုမီနီယမ် လွှဲပြောင်းမှုမှာ စုစုပေါင်း ယူနစ် ၁၄,၈၉၉ ခု၊ တန်ဖိုး ဘတ် ၆၀ ဒသမ ၉ ဘီလျံ ရှိခဲ့ကြောင်း REIC က ဖော်ပြခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: အားကစား
- Hits: 207
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈
ရီးရယ်လ်အသင်းတိုက်စစ်မှူး ဘတ်ပီဟာ တံကောက်ကြောဒဏ်ရာကြောင့် မေလထဲကစားမယ့် ဘာစီလိုနာ အသင်းနဲ့ El Clasico ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။
ဘတ်ပီဟာ ရီးရယ်လ်နဲ့ ဘက်တစ်အသင်း ၁ ဂိုးစီသရေကျခဲ့တဲ့ လာလီဂါပွဲမှာ ဒဏ်ရာနာကျင်မှုကြောင့် လူစားလဲဖို့ တောင်းဆိုခဲ့တဲ့အတွက် ပွဲချိန် ၈၁ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ရီးရယ်လ်အသင်းက ဘတ်ပီရဲ့ဒဏ်ရာကို စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး သူ့ရဲ့တိုးတက်မှု အခြေအနေကို စောင့်ဆိုင်းနေတယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီရာသီလာလီဂါပွဲတွေ ကစားဖို့ ၅ ပွဲကျန်ရှိသေးချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းနဲ့ ၁၁ မှတ်ကွာဟနေတာပါ။

ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ပွဲမတိုင်မီ လာမယ့်ပွဲ အဖြစ် အက်စ်ပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွေကနေ ထွက်ခွာထားရတာကြောင့် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရဖို့ရှိနေတာပါ။
ဘတ်ပီဟာ ဒီရာသီရီးရယ်လ် အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ပေမယ့် ဒဏ်ရာတွေကြောင့် ပွဲအများအပြားလွဲချော်ခဲ့ပြီး ဒီနှစ်အစောပိုင်းမှာ ဒူးဒဏ်ရာကြောင့် တစ်လနီးပါး အနားယူခဲ့ရပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားထားပြီး ၄၁ ဂိုးသွင်းယူထားတာ ပါ။
ဘတ်ပီဟာ နောက်ပိုင်းပွဲတွေမှာ ရုန်းကန်ရမှုတွေရှိခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင် အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 253
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉
ရီးရယ်လ်အသင်းကွင်းလယ်လူဟောင်းဂူတီက အသင်းအနေနဲ့ ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုကို နည်းပြအဖြစ် ပြန်လည်မခန့်အပ်ဖို့ သတိပေးမှုပြုလုပ်ခဲ့ပါတယ်။
ဂူတီက “မော်ရင်ဟိုဟာ ကောင်းမွန်တဲ့နည်းပြတစ်ဦးပါ။ ဒါပေမယ့် သူ့ရဲ့အကောင်းဆုံးအချိန်တွေဟာ အခု မဟုတ်တော့ဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော်ကတော့ သူ့ထက်ပိုကောင်းတဲ့ နည်းပြတွေကို ခေါ်ယူချင်ပါတယ်”လို့ စပိန်သတင်းစာ မာကာကို ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြအာဘီလိုအာဟာ အသင်းရဲ့ရလဒ်တွေမကောင်းမွန်မှုကြောင့် ဒီရာသီကုန်ရင် ထွက်ခွာရဖို့ရှိနေပါတယ်။
ဒီအချိန်မှာ ရီးရယ်လ်နဲ့ မော်ရင်ဟိုရဲ့နည်းပြရာထူး ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပြီး မော်ရင်ဟိုကလည်း အသင်းဟောင်းထံ ပြန်လာဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

ရီးရယ်လ်အကယ်ဒမီကနေ ထွက်ပေါ်လာပြီး အသင်းကြီးအတွက် ပွဲပေါင်း ၅၄၀ ကျော်ပါဝင်ကစားခဲ့တဲ့ ဂူတီ ကတော့ မော်ရင်ဟိုရဲ့အကောင်းဆုံးအချိန်တွေဟာ ပြီးဆုံးသွားခဲ့ပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိကိုင်တွယ်ခဲ့ပြီး လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ၁ ကြိမ်စီ ရယူပေးနိုင်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းမှာ သူ့ရဲ့အလုပ်တွေမပြီးဆုံးသေးတာကြောင့် ပြန်လာပြီး အမြင့်ဆုံးအဆင့်မှာ အနိုင်ရယူနိုင်သေးကြောင်းကို သက်သေပြသချင်နေတာပါ။
ရီးရယ်လ်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ လီဗာပူးလ်အသင်းနည်းပြဟောင်းကလော့ပ်နဲ့ အမေရိကန်အသင်းနည်းပြပိုချက်တီနိုအပါအဝင် နာမည်ကြီးနည်းပြတချို့ ပါဝင်နေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 249
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈
ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ဟာ ပါးရိုးကျိုးခဲ့တာကြောင့် အေစီမီလန်အသင်းနဲ့ ကလပ်ရာသီဟာ ပြီးဆုံးသွားခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝနေဖို့ မျှော်လင့်နေပါတယ်။
မိုဒရစ်ဟာ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်း ဂိုးမရှိ သရေကျခဲ့တဲ့ စီးရီးအေပွဲမှာ ဂျူဗင်တပ်စ်အသင်း ကွင်းလယ် လူ လိုကာတယ်လီနဲ့ လေထဲမှာ ဘောလုံးကို ခေါင်းတိုက်ဖို့ ကြိုးပမ်းရင်း ဒဏ်ရာ ရရှိသွားခဲ့တာပါ။
စစ်ဆေးမှုတွေအရ မိုဒရစ်ဟာ ဘယ်ဘက် ပါးရိုး ကျိုးသွားခဲ့တဲ့အတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
အေစီမီလန်အသင်းက မိုဒရစ်ရဲ့ ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း ပြောခဲ့ပေမယ့် သူဘယ်လောက်ကြာကြာ အနားယူ ရမလဲဆိုတာတော့ မပြောခဲ့ပါဘူး။

မိုဒရစ်ကို တွေ့ရစဉ်
ဒါပေမယ့် ဒီရာသီ စီးရီးအေပွဲကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့တာကြောင့် ဖီဖာကမ္ဘာ့ဖလား မတိုင်မီ အမြန်ဆုံး ပြန်ကောင်းမွန်လာဖို့ အသင်းက ဆန္ဒပြုကြောင်း အေစီမီလန်အသင်းက ပြောခဲ့ပါတယ်။
ခရိုအေးရှားအသင်းနည်းပြ ဒါလစ်က မိုဒရစ်နဲ့ စကားပြောခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင့်ဖြစ်နေအောင် သူတို့ဘက်ကလည်း အပြည့်အဝ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်းနဲ့ အသင်းခေါင်းဆောင်အဖြစ် ဒီပြိုင်ပွဲမှာ သူတို့ကို ဦးဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့တာပါ။
မိုဒရစ်နဲ့အေစီမီလန်အသင်း စာချုပ်ဟာ နောက်ဆုံးလတွေထဲ ရောက်ရှိနေပြီဖြစ်ပေမယ့် နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ၃၆ ပွဲကစားခဲ့ပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 214
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၈
ယူနိုက်တက်အသင်းဟာ ဘရန်ဖို့ဒ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်က အလွန်အကျွံ အောင်ပွဲမခံဖို့ ကစားသမားတွေကို သတိပေးခဲ့ပါ တယ်။
မိုက်ကယ်ကာရစ်က “နောက်ဆုံး ၂ ပွဲရလဒ်က ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးပါခဲ့ပြီး ခက်ခဲတဲ့လိဂ်ပါ။ ရှုံးပွဲ တွေ ကြုံတွေ့အပြီးမှာ ပြန်လာနိုင်မှု၊ ကျနော်တို့ရခဲ့တဲ့ နိုင်ပွဲ အရေအတွက်ကို ရရှိဖို့ ကစားသမားတွေကို အသိ အမှတ် ပြုရမှာပါ။ ချန်ပီယံလိဂ်က တစ်ခုဆိုပေမယ့် ကျနော်တို့ အလွန်အကျွံ အောင်ပွဲခံသင့်တဲ့အရာ မဟုတ် ပါဘူး။ ကျနော်တို့ဟာ လိဂ်မှာ အထက်ပိုင်း တက်နိုင်ဖို့ စိန်ခေါ်ချင်ပြီး အမှတ်တွေ အများကြီး ရရှိချင်ပါတယ်။ လုပ်စရာတွေ အများကြီး ရှိသေးတယ်”လို့ ပြောခဲ့တာပါ။
ကတ်စီမီရို၊ ဆက်စ်ကိုတို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၄ ပွဲမှာ ရမှတ် ၂ မှတ် ရယူနိုင်တာနဲ့ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်ပြီးယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ မိုက်ကယ်ကာရစ်ကတော့ အသင်းဟာ လာမယ့်နှစ် တွေမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ရည်မှန်းချက်တွေ ရှိရမယ်လို့ ပြောခဲ့တာပါ။

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
ဒီပွဲမှာ တိုက်စစ်မှူး ဆက်စ်ကိုရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ရှိလာခဲ့ပါတယ်။
အဲ့ဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံးဖြစ်တဲ့ အွန်နရီနဲ့ ဒီဘရိုင်းတို့ရဲ့ စံချိန်အကြိမ် ၂၀ ကိုလိုက်မီဖို့ ၁ ဂိုးသာ လိုတော့တာပါ။
ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ဒီရာသီ ကုန်ရင်ထွက်ခွာမယ့် ကတ်စီမီရိုကို နောက်ထပ် ၁ နှစ်အသင်းမှာ ဆက်နေဖို့ သီကြွေးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် နည်းပြကာရစ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ အခွင့်အရေး မရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးလ်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 277
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇
ကိုဗင်ထရီအသင်းနည်းပြဖရန့်လမ်းပတ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ထံ ပြန်လာပြီးနောက် ချက်ချင်း တန်းပြန်မဆင်းစေဖို့အတွက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ်လို့ သတိပေးခဲ့ပါတယ်။
ဖရန့်လမ်းပတ်က “ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး ပရီးမီးယားလိဂ်မှာဆက်ရှိအောင်လုပ်ဖို့က ခက်ခဲပါတယ်။ ကျနော်တို့မှာ လုပ်စရာတွေအများကြီးရှိပြီး မြန်မြန်ဆန်ဆန်လုပ်ရမယ်လို့ ကျနော်ခံစားရပါတယ်။ ဘောလုံး ကလပ်မှာ ပိုင်ရှင်က အဓိကကျတဲ့သူဖြစ်လို့ ဒါတွေအများစုမှာ ပိုင်ရှင်ရဲ့ရွေးချယ်မှုပါ။ ဒါပေမယ့် ဆွေးနွေးမှုတွေ၊ လုပ်ဆောင်မှုတွေက မြန်မြန်ဆန်ဆန်ဖြစ်ရမှာပေါ့” လို့ ပြောခဲ့တာပါ။
နှစ်ပေါင်း ၂၅ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ထံ တန်းပြန်တက်နိုင်ခဲ့တဲ့ ကိုဗင်ထရီအသင်းဟာ ဝက်စ်ဟမ်း အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး အိမ်ရှင်ပရိသတ်တွေအရှေ့မှာ ဆုဖလားနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။
ဖရန့်လမ်းပတ်ကတော့ ဒီအောင်ပွဲခံမှုမှာ ထိပ်တန်းလိဂ်နဲ့ ကြီးမားတဲ့ကွာဟမှုကို ပေါင်းကူးနိုင်ဖို့အတွက် အလုပ်ကို ချက်ချင်းစတင်ဖို့လိုအပ်တယ်လို့ ပြောခဲ့တာပါ။
ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ်မှာ ၇ ပွဲဆက်ရှုံးပွဲမရှိထားသလို ၄၅ ပွဲကစားအပြီးမှာ ရမှတ် ၉၂ မှတ်ရရှိ ထားပါတယ်။

မြန်မာနိုင်ငံသားများ ဘဏ်ကို တွေ့ရစဉ်
ပရီးမီးယားလိဂ်ထံ တန်းတက်လာခဲ့တဲ့အသင်းတွေဟာ ချက်ချင်းဆိုသလို တန်းပြန်ဆင်းနေပြီး ဒီရာသီမှာဆိုရင် ဘန်လေအသင်းဟာ ချန်ပီယံရှစ်ထံ တန်းပြန်ဆင်းခဲ့တာပါ။
အဲဒါကြောင့် ဖရန့်လမ်းပတ်က ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိချင်တယ်ဆိုရင် ငွေကြေးသုံးစွဲဖို့ ကိုဗင်ထရီအသင်းပိုင်ရှင်ကို ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ကိုဗင်ထရီအသင်းတစ်သင်းတည်းသာ တိုက်ရိုက်တန်း တက်ထားပြီး နောက်ထပ်တိုက်ရိုက်တန်းတက်မယ့် ၁ နေရာကို အစ်စဝှစ်ချ်၊မီဝေါ်လ်နဲ့ မယ်ဒယ်ဘရော့တို့ အသင်းထဲက တစ်သင်းက ရရှိသွားနိုင်တာဖြစ်ပါတယ်။
Source: Goal
