CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇

ကိုဗင်ထရီအသင်းနည်းပြဖရန့်လမ်းပတ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ထံ ပြန်လာပြီးနောက် ချက်ချင်း တန်းပြန်မဆင်းစေဖို့အတွက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ်လို့ သတိပေးခဲ့ပါတယ်။ 

ဖရန့်လမ်းပတ်က “ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး ပရီးမီးယားလိဂ်မှာဆက်ရှိအောင်လုပ်ဖို့က ခက်ခဲပါတယ်။ ကျနော်တို့မှာ လုပ်စရာတွေအများကြီးရှိပြီး မြန်မြန်ဆန်ဆန်လုပ်ရမယ်လို့ ကျနော်ခံစားရပါတယ်။ ဘောလုံး ကလပ်မှာ ပိုင်ရှင်က အဓိကကျတဲ့သူဖြစ်လို့ ဒါတွေအများစုမှာ ပိုင်ရှင်ရဲ့ရွေးချယ်မှုပါ။ ဒါပေမယ့် ဆွေးနွေးမှုတွေ၊ လုပ်ဆောင်မှုတွေက မြန်မြန်ဆန်ဆန်ဖြစ်ရမှာပေါ့” လို့ ပြောခဲ့တာပါ။ 

နှစ်ပေါင်း ၂၅ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ထံ တန်းပြန်တက်နိုင်ခဲ့တဲ့ ကိုဗင်ထရီအသင်းဟာ ဝက်စ်ဟမ်း အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး အိမ်ရှင်ပရိသတ်တွေအရှေ့မှာ ဆုဖလားနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။ 

ဖရန့်လမ်းပတ်ကတော့ ဒီအောင်ပွဲခံမှုမှာ ထိပ်တန်းလိဂ်နဲ့ ကြီးမားတဲ့ကွာဟမှုကို ပေါင်းကူးနိုင်ဖို့အတွက် အလုပ်ကို ချက်ချင်းစတင်ဖို့လိုအပ်တယ်လို့ ပြောခဲ့တာပါ။ 

ကိုဗင်ထရီအသင်းဟာ ချန်ပီယံရှစ်မှာ ၇ ပွဲဆက်ရှုံးပွဲမရှိထားသလို ၄၅ ပွဲကစားအပြီးမှာ ရမှတ် ၉၂ မှတ်ရရှိ ထားပါတယ်။ 

မြန်မာနိုင်ငံသားများ ဘဏ်ကို တွေ့ရစဉ်

ပရီးမီးယားလိဂ်ထံ တန်းတက်လာခဲ့တဲ့အသင်းတွေဟာ ချက်ချင်းဆိုသလို တန်းပြန်ဆင်းနေပြီး ဒီရာသီမှာဆိုရင် ဘန်လေအသင်းဟာ ချန်ပီယံရှစ်ထံ တန်းပြန်ဆင်းခဲ့တာပါ။ 

အဲဒါကြောင့် ဖရန့်လမ်းပတ်က ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိချင်တယ်ဆိုရင် ငွေကြေးသုံးစွဲဖို့ ကိုဗင်ထရီအသင်းပိုင်ရှင်ကို ပြောခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ကိုဗင်ထရီအသင်းတစ်သင်းတည်းသာ တိုက်ရိုက်တန်း တက်ထားပြီး နောက်ထပ်တိုက်ရိုက်တန်းတက်မယ့် ၁ နေရာကို အစ်စဝှစ်ချ်၊မီဝေါ်လ်နဲ့ မယ်ဒယ်ဘရော့တို့ အသင်းထဲက တစ်သင်းက ရရှိသွားနိုင်တာဖြစ်ပါတယ်။ 

Source: Goal