CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်ကို အပြီးသတ်ခေါ်ယူမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ 

ဂျာမန်ထိပ်သီးကလပ်ဟာ နီကိုလက်စ်ဂျက်ဆန်ကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူဖို့ ပေါင် ၁၄ သန်းဝန်းကျင် အသုံးပြုခဲ့ရပြီး စာချုပ်ထဲမှာပါဝင်တဲ့ အချက်အလက်တွေနဲ့ကိုက်ညီရင် ရာသီကုန်ချိန်မှာ ပေါင် ၅၆ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိနေတာပါ။ 

ဒါပေမယ့် နီကိုလက်စ်ဂျက်ဆန်ဟာ လိဂ်မှာ ၁၀ ပွဲသာ ပွဲထွက်ခဲ့ရတာနဲ့အတူ အပြီးသတ်ဝယ်ယူဖို့ လုံလောက်တဲ့ ပွဲအရေအတွက်ကစားခဲ့ရခြင်းမရှိတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၂၉ ပွဲပါဝင်ကစားထားပြီး ၁၀ ဂိုးသွင်းယူထားတဲ့ နီကိုလက်စ်ဂျက်ဆန် ရဲ့စာချုပ်သစ်အတွက် ဂျာမန်ကလပ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခွင့်ရှိနေသေးတာပါ။ 

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းအားကစားဒါရိုက်တာ မတ်ဇ်အီဘာလ်က ဆီနီဂေါတိုက်စစ်မှူးဟာ အငှား စာချုပ်ကုန်ချိန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်မယ်လို့ အတည်ပြုခဲ့ပါတယ်။

နီကိုလက်စ်ဂျက်ဆန်ကို တွေရစဉ် 

အဲဒါကြောင့် နီကိုလက်စ်ဂျက်ဆန်ဟာ ရာသီကုန်ရင် ချယ်လ်ဆီးအသင်းထံ ပြန်လာရတော့မှာပါ။ 

ချယ်လ်ဆီး အသင်းကတော့ နီကိုလက်စ်ဂျက်ဆန်ကို ရောင်းချပြီး ရရှိလာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမားသစ် အားဖြည့်ဖို့ အသင့်ဖြစ်နေပါတယ်။ 

နီကိုလက်စ်ဂျက်ဆန်ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းအပါအဝင် ဥရောပအသင်းတချို့က စိတ်ဝင်စားမှု ရှိနေတာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်လီဂါဖလားရရှိထားတဲ့ နီကိုလက်စ်ဂျက်ဆန်ကတော့ ပိုကယ်ဖလား၊ချန်ပီယံလိဂ်ဖလားတို့ကို ရယူပြီး အသင်းနဲ့ရာသီအဆုံးသတ်ဖို့ကို အာရုံစိုက်နေတာဖြစ်ပါတယ်။ 

Source:Metro