CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂

လီဗာပူးလ်အသင်း ကွင်းလယ်လူ အန်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲကစားဖို့ ရက်ပိုင်းအလိုမှာ ဂျပန်အသင်း လူစာရင်းကနေ ထွက်ခွာခဲ့ပြီးနောက် နိုင်ငံအသင်းကနေ အနားယူကြောင်း ကြေညာသွားခဲ့ပါတယ်။ 

အန်ဒိုဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းမှာ ခြေထောက်ဒဏ်ရာ ခွဲစိတ်မှုခံယူပြီး ရုန်းကန်ခဲ့ရပေမယ့် ဂျပန် အသင်းရဲ့ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခဲ့တာပါ။

ဒါပေမယ့် အန်ဒိုဟာ မေလ ၃၁ ရက်က အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာ နာကျင်မှု ခံစားခဲ့ရတာကြောင့် သူ့ရဲ့ အခြေအနေအပေါ် ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

အခုအချိန်မှာတော့ ဂျပန်အသင်းဟာ သူ့ရဲ့နေရာမှာ မိုချန်ဂလာဘတ်အသင်း တိုက်စစ်မှူး မာချီနိုကို အစားထိုး ခေါ်ယူခဲ့ပါတယ်။ 

အန်ဒိုက ကမ္ဘာ့ဖလားအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ဒီပြိုင်ပွဲကို ပါဝင်ခွင့် မရတဲ့အတွက် စိတ်ပျက်မိတယ် လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ 

အန်ဒိုကို တွေ့ရစဉ်

ဒါ့အပြင် အန်ဒိုက သူဟာ ဂျပန်အသင်းကနေ အနားယူတော့မှာဖြစ်ပြီး ပရိသတ်တစ်ဦး အနေနဲ့အားပေးကာ ဂျပန်အသင်း တစ်ချိန်ချိန်မှာ ကမ္ဘာ့ဖလား ရယူနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ 

၂၀၁၅ ခုနှစ်မှာ ဂျပန်အသင်းကြီးအတွက် ပွဲဦးထွက်ခဲ့တဲ့ အန်ဒိုဟာ ပွဲပေါင်း ၇၃ ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်း ယူနိုင်ခဲ့ တာပါ။ 

အန်ဒို အနားယူမှုကြောင့် အေဂျက်စ်အသင်း နောက်ခံလူ အိုင်တာကူရာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်သွားမယ်လို့ သိရပါတယ်။ 

ဂျပန်အသင်းဟာ ဇွန်လ ၁၄ ရက်မှာ နယ်သာလန်အသင်းနဲ့ အုပ်စုအဖွင့်ပွဲ ကစားပြီးရင် တူနီးရှား၊ ဆွီဒင်အသင်း တို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: ESPN