- By CNI
- Category: အားကစား
- Hits: 214
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉
နယ်သာလန်တိုက်စစ်မှူး ဇက်ခ်ဇီဟာ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အီတလီကလပ်ထံ ပြောင်းရွှေ့မယ်လို့ အီတလီသတင်း တွေမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် နွေရာသီမှာ ပေါင် ၃၆.၅ သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဇက်ခ်ဇီဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်အသင်းအတွက် ၄၉ ပွဲ ကစားခဲ့ပြီး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဇက်ခ်ဇီဟာ ဒီရာသီမှာတော့ ပွဲကစားချိန် မိနစ်တွေ နည်းလာခဲ့ပြီး ပါဝင်ကစားခဲ့တဲ့ ၁၂ ပွဲမှာ ၁ ဂိုး သွင်းယူထား တာပါ။
ဇက်ခ်ဇီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် ပါဝင်ချင်တာကြောင့် ပုံမှန် ကစားခွင့်ရနိုင်မယ့် အသင်းကို ရှာဖွေနေခဲ့ပါတယ်။
La Gazzetta dello Sport က ဇက်ခ်ဇီဟာ ရိုးမားအသင်း အားကစားဒါရိုက်တာ၊ နည်းပြ ဂတ်စ်ပါရီနီတို့နဲ့ အပြု သဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး အပြောင်းအရွှေ့ကို သဘောတူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ရိုးမားအသင်းနည်းပြ ဂတ်စ်ပါရီနီက ဇက်ခ်ဇီဟာ သူ့ရဲ့ ၃-၄-၂-၁ ကစားကွက်မှာ အံ့ဝင်မယ်လို့ ယုံကြည်နေတာပါ။

ဇက်ခ်ဇီကို တွေ့ရစဉ်
နယ်သာလန် တိုက်စစ်မှူးဟာ အာမက်နဲ့ အမ်ဘူမိုတို့ အာဖရိကဖလား ပြိုင်ပွဲကနေ ပြန်ရောက်လာပြီးနောက် ဇန်နဝါရီလလယ်မှာ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကတော့ အသင်းမှာ အစားထိုးမယ့် ကစားသမား တစ်ဦးမရရင် တစ်ဦးဦးကို ထွက်ခွာခွင့်ပေးဖို့ ခက်ခဲလိမ့်မယ်လို့ မကြာသေးမီက ပြောထားတာပါ။
ရိုးမားအသင်းဟာ ဇက်ခ်ဇီကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူပြီး နွေရာသီမှာ ပေါင် ၃၅ သန်းနဲ့ ဝယ်ယူဖို့ ပြင်ဆင် ထားပါတယ်။
ဒီအပြောင်းအရွှေ့သာ ဖြစ်ခဲ့ရင် ယူနိုက်တက်အသင်းဟာ ဇက်ခ်ဇီကို ပြန်ရောင်းချတာမှာ အများကြီးရှုံးမှာ မဟုတ်ပါဘူး။
ယူနိုက်တက်အသင်း ကွင်းလယ်လူ ကိုဘီမေနူးကလည်း စီးရီးအေကလပ် နာပိုလီအသင်းထံ ပြောင်းရွှေ့နိုင်ပြီး နည်းပြအာမိုရင်က သူဟာ အသင်းရဲ့ အနာဂတ်လို့ ပြောခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 247
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဘုန်းမောက်အသင်း တိုက်စစ်ကစားသမား ဆီမန်ညိုဟာ သူ့ရဲ့ အနာဂတ်ကို ဇန်နဝါရီ ၁ ရက်မှာ ဖြေရှင်းဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်မယ့် ဆီမန်ညိုရဲ့ အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းဟာ ဆွေးနွေးမှုတွေ အရှိန်မြှင့်နေတယ်လို့ ပြီးခဲ့တဲ့အပတ်မှာ BBC Sport က ဖော်ပြခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့ ဆီမန်ညိုရဲ့ ကိုယ်စားလှယ်တွေဟာ ဆွေးနွေးမှုတွေ ဆက်ပြီးရှိနေပေမယ့် စာချုပ်ပေါ်မှာ လက်မှတ် မရေးထိုးမချင်း သူ့ရဲ့ အနာဂတ်ကို အခြားအသင်းတွေအတွက် ဖွင့်ထားဆဲ ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် တိုက်စစ်မှူး အစ်ဆက်ကို လအနည်းငယ်ကြာ အနားပေးရမယ့် လီဗာပူးလ်အသင်းဟာ ဆီမန်ညို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းပါ။
ဆီမန်ညိုနဲ့ မန်စီးတီးအသင်းရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပေမယ့် လီဗာပူးလ်အသင်းဟာ သူ့ကိုခေါ် ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဆီမန်ညိုကို တွေ့ရစဉ်
လက်ရှိအချိန်မှာ မန်စီးတီးအသင်းဟာ ဆီမန်ညိုနဲ့ ပတ်သက်ပြီး ဘုန်းမောက်အသင်းထံ တရားဝင်ဆက်သွယ်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပေမယ့် လီဗာပူးလ်အသင်း အားကစားဒါရိုက်တာ ရစ်ချတ်ဟုချ်ဟာ သူအလုပ် လုပ်ခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ဆက်ဆံရေး ကောင်းတွေရှိတာပါ။
ဆီမန်ညိုကတော့ သူ့ရဲ့ အနာဂတ်ကို အမြန်ဆုံး အဆုံးသတ်ချင်နေတာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းဟာ သူ့ကို ၂၀၂၆ ခုနှစ်ထဲ ပထမဆုံး ၂ ပွဲဖြစ်တဲ့ အာဆင်နယ်၊ စပါးအသင်းနဲ့ပွဲတွေအတွက် အသင်းမှာ ဆက်ပြီး ထိန်းထားချင်နေပါတယ်။
လာမယ့် ဇန်နဝါရီ ၇ ရက်မှာ အသက် ၂၆ နှစ်ပြည့်မယ့် ဆီမန်ညိုဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး အချိန် ကာလကို ပိုင်ဆိုင်ထားတဲ့အချိန်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အသင်းပြောင်းရွှေ့ချင်နေပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှာ ဘရစ္စတိုးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆီမန်ညိုဟာ ဘုန်းမောက်အသင်းအတွက် ၁၀၇ ပွဲကစားထားပြီး ၃၁ ဂိုးသွင်းယူထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 305
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ပေါ်တူဂီနဲ့ အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုက ဥရောပထံ ပြန်လာနိုင်ဖွယ်ရှိတယ်လို့ အရိပ် အမြွက် ပြောခဲ့ပြီး သွင်းဂိုး ၁,၀၀၀ ပြည့်ချင်တဲ့ သူ့ရဲ့ ရည်မှန်းချက်ကို ထပ်ပြီး အတည်ပြုခဲ့ပါတယ်။
ရော်နယ်လ်ဒိုက “ကျနော့်ရဲ့ စိတ်ပြင်းပြမှုက မြင့်မားပြီး ကျနော် ဆက်လုပ်ချင်ပါတယ်။ အရှေ့အလယ်ပိုင်းမှာပဲ ဖြစ်ဖြစ်၊ ဥရောပမှာပဲ ဖြစ်ဖြစ် ကျနော် ဘယ်နေရာမှာ ကစားကစား အရေးမကြီးပါဘူး။ ကျနော်ဟာ ဘောလုံး ကစားရတာကို အမြဲတမ်း နှစ်သက်ပြီး ဆက်သွားချင်ပါတယ်။ ဒဏ်ရာတွေသာမရရင် သွင်းဂိုး ၁,၀၀၀ ဆိုတဲ့ ကိန်းဂဏန်းကို သေချာပေါက်ရောက်မှာပါ”လို့ ပြောခဲ့ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အက်ခ်ဒူအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် သူ့ရဲ့ ကစားသမားဘ၀ စုစုပေါင်း သွင်းဂိုးဟာ ၉၅၆ ဂိုးအထိ ရှိလာခဲ့ပါတယ်။
ပေါ်တူဂီစူပါစတားဟာ အရင်က နောက်ထပ် ၁ နှစ် ဒါမှမဟုတ် ၂ နှစ်ဆက်ပြီး ကစားသွားမယ်လို့ ပြောထားပေ မယ့် အခုနှစ် အစောပိုင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲလို့ ဝန်ခံထားပါတယ်။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ Globe Soccer Awards ပွဲမှာ ရော်နယ်လ်ဒိုက သူဟာ ဆက်သွားချင်သေးတယ်လို့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောလာခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ သွင်းခဲ့တဲ့ ၂ ဂိုးကြောင့် ၂၀၂၅ ခုနှစ်ထဲမှာ သူ့ရဲ့ သွင်းဂိုး အရေ အတွက်ဟာ ၄၀ အထိရှိလာခဲ့ပါတယ်။
အယ်လ်နာဆာအသင်း ခေါင်းဆောင်ဟာ Globe Soccer Award ပွဲမှာ အရှေ့အလယ်ပိုင်း အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး သူဟာ ဒီဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၁၄ ပွဲကစားပြီး ၁၃ ဂိုး သွင်းယူထားကာ အသင်းဟာ ဆော်ဒီပရိုလိဂ်ရာသီအဖွင့် ၁၀ ပွဲစလုံး အနိုင်ရရှိတဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 173
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ကိုယ်စားလှယ်တွေဟာ ဆော်ဒီပရိုလိဂ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင် နေတာကြောင့် ကစားသမားဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ နီးကပ်လာပြီလို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
စပိန်သတင်းစာ AS က လီဝန်ဒေါစကီးရဲ့ အေးဂျင့်ဇဟာဗီဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဖွင့်မယ့် နှစ်သစ်ကူးနေ့ မတိုင်မီမှာ ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေနဲ့ အစည်းအဝေး ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားတာပါ။
ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၈ ဂိုး သွင်းယူထားတဲ့ လီဝန်ဒေါစကီးဟာ ဆော်ဒီပရိုလိဂ်ထံက ကမ်းလှမ်း မှုကို ရရှိထားပြီးဖြစ်ပေမယ့် ဘယ်အသင်းတွေက ကမ်းလှမ်းထားလဲဆိုတာ မသိရသေးပါဘူး။
အခုလအစောပိုင်းက လီဝန်ဒေါစကီးရဲ့ ကိုယ်စားလှယ်တွေဟာ မေဂျာလိဂ်ထံ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချီကာဂိုအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြခဲ့ပါတယ်။

နေမာနဲ့ ဒီဘရိုင်းတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ ချီကာဂိုအသင်းဟာ လီဝန်ဒေါစကီးကို ဦးစားပေး ခေါ်ယူမှု အဖြစ် သတ်မှတ်ထားပြီး ချီကာဂိုဟာ အမေရိကန်ရဲ့ အကြီးဆုံး ပိုလန် အသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားပါတယ်။
၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းအတွက် ၁၆၅ ပွဲကစားထားပြီး ၁၀၉ ဂိုး သွင်းယူထားကာ လာလီဂါဖလား ၂ ကြိမ် အပါအဝင် ဆုဖလား ၅ ခု ရယူထားပါ တယ်။
ဒီရာသီကုန်ရင် ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လီဝန်ဒေါစကီးဟာ စပိန်တိုက်စစ်မှူး ဖာရန်တောရက်စ် ရဲ့ ခြေစွမ်းပြသမှုတွေကြောင့် အသင်းမှာ အနာဂတ် မရေမရာဖြစ်နေခဲ့တာပါ။
လီဝန်ဒေါစကီးကတော့ သူဟာ အနာဂတ်နဲ့ပတ်သက်ပြီး အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ဖြေထားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဇန်နဝါရီ ၃ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် အက်စပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 285
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဖို့ ရွေးချယ်ခဲ့ပြီး စာချုပ်ကုန်ဆုံး မယ့် ၂၀၂၆ ခုနှစ်၊ ဇွန်လမှာ ထွက်ခွာဖို့ စီစဉ်ထားတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း အကြီးအကဲတွေဟာ နည်းပြဂလက်စ်နာကို အသင်းမှာ ကာလရှည်ကြာရှိမယ့် စာချုပ် သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် သူကတော့ စိန်ခေါ်မှုအသစ် ရှာဖွေချင်နေတာပါ။
ဂလက်စ်နာဟာ သူ့ရဲ့ ရွေးချယ်စရာတွေကို စဉ်းစားနေချိန်မှာ ပြီးခဲ့တဲ့ ၆ လအတွင်း စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု ၂ ခုကို ငြင်းပယ်ခဲ့ပြီး ဖြစ်ပါတယ်။
ဂလက်စ်နာဟာ ဒီရာသီမှာ ကလပ်ရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးတဲ့အပေါ် စိတ်ပျက်နေပေမယ့် အသင်းဟာ ရလဒ်ကောင်းတွေ ရရှိထားတာပါ။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို စတင် တာဝန်ယူခဲ့တဲ့ ဂလက်စ်နာဟာ မနှစ်ကရာသီမှာ အသင်းကို ပထမဆုံး အဓိကဆုဖလားအဖြစ် FA ဖလား ရယူပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဂလက်စ်နာဟာ ရာသီအဖွင့်အဖြစ် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းကိုလည်း ခရစ္စတယ်ပဲလေ့စ်အသင်း အတွက် ရယူပေးနိုင်ခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းကို တွေ့ရစဉ်
ခရစ္စတယ်ပဲလေ့စ်အသင်းကို ဥရောပပြိုင်ပွဲ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ဂလက်စ်နာဟာ ရင်းနှီးမြှုပ်နှံမှု လုံလောက်စွာ မရရှိတဲ့အပေါ် မကြာခဏဆိုသလို ထုတ်ပြောလေ့ရှိပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နည်းပြ ဂလက်စ်နာ ထွက်ခွာခဲ့ရင် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြစာရင်းကို ပြုစုထားတယ်လို့ သိရပါတယ်။
ဂလက်စ်နာဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အောင်မြင်မှု ရယူပေးနိုင်ဖို့ ရည်မှန်းထားတာကြောင့် အသင်းကို အားကောင်းစေဖို့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အားဖြည့်ပေးဖို့ တောင်းဆိုထား ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၂၅ ခုနှစ်ထဲ နောက်ဆုံးပွဲအဖြစ် စပါးအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 252
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇
အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အနီကတ်တစ်ကြိမ်မှ ပြသခံထားရခြင်းမရှိတဲ့ သူတို့ရဲ့ စည်းကမ်းပိုင်းကို ဆက်ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်အသင်းနဲ့ တွေ့ခဲ့တုန်းက ၁၀ ဦးတည်းနဲ့ ကစားခဲ့ရ တာက ထိခိုက်စေခဲ့ပြီး အခုကတော့ အလွန်ကွာခြားသွားမယ်လို့ မျှော်လင့်ပါတယ်။ စည်းမျဉ်းတွေကလည်း အခုပြောင်းလဲသွားပြီလို့ ကျနော်ထင်ပါတယ်။ ကစားသမား ၁၁ ဦးနဲ့ ကစားတဲ့ပုံစံကို ကျနော်တို့ဆက်ပြီး ထိန်းနိုင်မယ်လို့ မျှော်လင့်ကြောင်း” ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မနှစ်ကရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ် ၈ ပွဲမှာ ကစားသမား ၃ ဦးအထိ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
ဒီကလန်ရိုက်စ်နဲ့ ထရော့ဆာဒ့်တို့ဟာ ဘရိုက်တန်နဲ့ မန်စီးတီးအသင်းတို့ပွဲတွေမှာ ဘောလုံးကို ကန်ထုတ်ခဲ့ပြီး ပြန်လည် စတင်ချိန် နှောင့်နှေးစေမှုတွေအတွက် ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ အနီကတ်ပြသခြင်း မခံထားရသလို ပရီးမီးယားလိဂ်ရဲ့ Fair play အမှတ်ပေးဇယားမှာလည်း ပြစ်ဒဏ် အနည်းဆုံးအသင်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါ တယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီရပ်တည်မှုကို သူမသိပေမယ့် ဒါက အလွန်ကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အာတီတာက ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျာမန်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် အသင်းအတွက် ပြန်ပါဝင်လာနိုင်တော့မှာကို ပျော်ရွှင်တယ်လို့ ပြောခဲ့တာပါ။
ကိုင်ဟာဗက်ဇ်ဟာ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ ဒူးဒဏ်ရာ ရပြီးကတည်းက အနားယူနေရတာ ဖြစ်ပါတယ်။
ကိုင်ဟာဗက်ဇ်ဟာ ဒူးခွဲစိတ်မှုခံယူခဲ့ရပြီး ၄ လကြာ အနားယူခဲ့ရကာ မကြာမီမှာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ဖို့ နီးစပ်နေတာပါ။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်မှူး ဂျီးဆပ်စ်လည်း အသင်းအတွက် ပါဝင်ကစားနေတာ ကြောင့် နည်းပြအာတီတာဟာ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေပိုပြီး ရှိလာတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 244
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ယူနိုက်တက်အသင်းဟာ Boxing Day ပွဲမှာ နယူးကာဆယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ အာမိုရင်က သူ့ရဲ့လက်ထက်မှာ အကျေနပ်ဆုံး နိုင်ပွဲတွေထဲက တစ်ပွဲလို့ ပြောခဲ့ပါတယ်။
အာမိုရင်က “အလွန် ကျေနပ်ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းကို ကြည့်ရင် ကျနော်တို့ဟာ ခံစစ်ကိုကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ခံစစ်ကို ၆ ယောက်နဲ့လည်း ကစားခဲ့ရပြီး အတူတူ ဒုက္ခခံစားခဲ့ရပါတယ်။ ဒါက ကောင်းမွန်တဲ့ ခံစားချက်ပါ။ ကျနော်တို့မှာ ဒီလိုစိတ်ဓါတ်မျိုး အမြဲတမ်း ရှိနေမယ်ဆိုရင် ပွဲတွေ အများကြီးကို အနိုင်ရမှာပါ။ ကျနော်တို့ဟာ အသင်းရဲ့ စိတ်ဓါတ်၊ စည်းလုံးမှုတို့နဲ့ ပွဲတွေကို အနိုင်ရနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒေါ်ဂူရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ နယူးကာဆယ်အသင်းကို အနိုင်ရပြီး Boxing Day မှာ ရလဒ်ကောင်း ရယူနိုင်တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အဓိက ကစားသမား အများအပြား မပါဝင်နိုင်ခဲ့ပေမယ့် ဒီရာသီမှာ ဒုတိယမြောက် ပေးဂိုး မပေးရတဲ့ ပွဲဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အပေါ် နည်းပြအာမိုရင်က ကျေနပ်နေပါတယ်။

ယူနိုက်တက်နဲ့နယူးကာဆယ် ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာပြီးနောက် ပထမဆုံး အကြိမ်အဖြစ် နောက်တန်း ၄ ဦး အသုံးပြုကာ ပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။
ဘယ်နောက်ခံလူဖြစ်တဲ့ ဒေါ်ဂူဟာ ဒီပွဲမှာ ညာတောင်ပံ ကစားသမားအဖြစ် ပြောင်းလဲကစားခဲ့ရပြီး ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
အာမိုရင်က ဒေါ်ဂူဟာ နယူးကာဆယ်အသင်းနဲ့ပွဲမှာ ကောင်းမွန်စွာ လုပ်နိုင်ခဲ့တယ်လို့ ထင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အဆင့် ၅ နေရာကို ယာယီတက်နိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲအဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 214
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းမှာ အငှားကစားနေတဲ့ ဂိုးသမား အိုနာနာက သူ့ဘဝရဲ့ အကောင်းဆုံး အချိန်ကာလကို ဖြတ်သန်းနေတယ်လို့ ပြောပြီး ယူနိုက်တက်အသင်းကနေ အပြီးသတ်ထွက်ခွာမယ့် အရိပ်အမြွက် ချပြခဲ့ပါတယ်။
အိုနာနာက “ကျနော် အလွန်ပျော်ရွှင်နေပြီး ကျနော့်ကို ယုံလိုက်ပါ။ ကျနော်ဟာ ကျနော့်ဘဝရဲ့ အကောင်းဆုံး အချိန်ကာလကို ဖြတ်သန်းနေပါတယ်။ အစပိုင်းမှာ ခက်ခဲခဲ့ပေမယ့် အခုတော့ ကျနော် နားလည်ပါပြီ။ ပရိသတ် တွေကို ကျနော်ချစ်ပြီး ဒီခံစားချက်ကို နှစ်သက်ပါတယ်။ ဒီမှာကုန်ဆုံးခဲ့တဲ့ အချိန်တွေက ကျနော့်အတွက် ပြီးပြည့်စုံပြီး ကွဲပြားတဲ့ နေထိုင်မှုပုံစံ ဖြစ်ပေမယ့် အလွန်ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ ပုံမှန် လက်စွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ မှာ ထရက်ဇွန်စပေါ်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ရရှိတဲ့ လုပ်ခလစာထက် ထရက်ဇွန်စပေါ်အသင်းမှာ လုပ်ခ ၂ ဆ ရရှိနေတာ ဖြစ်ပါတယ်။

အိုနာနာကို တွေ့ရစဉ်
ယူနိုကတ်အသင်းနဲ့ ၂၀၂၇ နွေရာသီအထိ စာချုပ်ရှိနေတဲ့ အိုနာနာရဲ့ အငှားစာချုပ်ထဲမှာ ထရက်ဇွန်စပေါ်အသင်း အနေနဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် မပါဝင်တာပါ။
အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းမှာ လက်စွမ်းပြသနေတဲ့အတွက် တူရကီကလပ်ဟာ သူ့ကို နွေရာသီမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းဖွယ်ရှိနေသလို သူကလည်း တူရကီမှာ ပျော်ရွှင်နေပြီး ဘဝရဲ့ အကောင်းဆုံး အချိန်ကာလကို ဖြတ်သန်းနေတယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘယ်လ်ဂျီယံဂိုးသမား လမ်းမန်းစ်ကို နံပါတ် ၁ ဂိုးသမားအဖြစ် အသုံးပြုနေတာကြောင့် နွေရာသီမှာ အသင်းထံ ပြန်ရောက်လာမယ့် အိုနာနာကို ဈေးလျှော့ပြီး ရောင်းချနိုင်ပါတယ်။
အိုနာနာကစားနေတဲ့ ထရက်ဇွန်စပေါ်အသင်းဟာ ဒီရာသီ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည် နေပြီး အဆင့် ၁ နေရာက ဂါလာတာစာရေးအသင်းနဲ့ ၇ မှတ်ကွာဟနေတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 243
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ပြင်သစ်ဂန္ထဝင်ဇီဒန်းရဲ့သား လူကာဇီဒန်းဟာ ပြင်သစ်လူငယ်အသင်းတွေမှာ ကစားခဲ့ပြီးနောက် အယ်လ်ဂျီးရီးယား အသင်းအတွက် ပြောင်းလဲကစားဖို့ အဘိုးဖြစ်သူက အားပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လူကာဇီဒန်းက “အယ်လ်ဂျီးရီးယားအကြောင်း စဉ်းစားတဲ့အချိန်မှာ အဘိုးကို သတိရမိခဲ့ပါတယ်။ ငယ်စဉ်ကတည်း က ကျနော်တို့ မိသားစုမှာ အယ်လ်ဂျီးရီးယား ယဉ်ကျေးမှု ရှိခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် မကစားခင် သူနဲ့ စကားပြောခဲ့ပြီး ဒီခြေလှမ်းအတွက် သူအလွန်ပျော်ရွှင်ခဲ့ပါတယ်။ လက်ရွေးစင်အသင်းက ခေါ်ယူတဲ့အချိန်မှာ သူက ကျနော့်ကို ဖုန်းဆက်ပြီး ကျနော် ဆုံးဖြတ်ချက်ကောင်း တစ်ခုချခဲ့ပြီး ကျနော့်အတွက် သူအလွန်ဂုဏ်ယူကြောင်း”ပြောခဲ့တယ်လို့ BeIN Sports France ကို ပြောခဲ့ပါတယ်။
ဇီဒန်းဟာ ပြင်သစ်ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၀၀ ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပါတယ်။
ဂရန်နာဒါအသင်းမှာ ဂိုးသမားအဖြစ် ကစားနေတဲ့ လူကာဇီဒန်းဟာ ပြင်သစ် သက်တမ်းလိုက် လူငယ်အသင်းတွေ မှာ ကစားခဲ့ပေမယ့် အသင်းကြီးမှာ ပါဝင်ကစားနိုင်ဖို့ ခက်ခဲနေတာကြောင့် ဒီနှစ်ထဲမှာ အယ်လ်ဂျီရီးယား လက်ရွေး စင် အသင်းထံ ပြောင်းလဲပြီး ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လူကာကို တွေ့ရစဉ်
လူကာဇီဒန်းဟာ လျင်လျင်မြန်မြန်ပဲ အယ်လ်ဂျီးရီးယားအသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်ခဲ့ပြီး ဆူဒန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ဒီပွဲကို သူ့ရဲ့ ဖခင်ဖြစ်သူ ဇီဒန်းလည်း တက်ရောက် ကြည့်ရှုခဲ့ပါတယ်။
လူကာဇီဒန်းက အယ်လ်ဂျီးရီးယားအတွက် ကစားမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဖခင်ဖြစ်သူလည်း ထောက်ခံခဲ့ တယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ဂျီးရီးယားအသင်းဟာ အာဖရိကဖလားအုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၈ ရက်မှာ ဘာကီနာဖာဆိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 286
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အင်္ဂလန်ကွင်းလယ်လူ ကိုဘီမေနူးဟာ အသင်းအနာဂတ် ဖြစ်ပေမယ့် သူ့ရဲ့သက်သေပြဖို့ အခွင့်အရေးကို စောင့်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကိုဘီမေနူးမှာ အခွင့်အရေးတွေ အမြဲတမ်းရှိပြီး သူဟာ မတူညီတဲ့ နေရာတွေမှာ ကစားခဲ့ပါတယ်။ သူဟာ နေရာတိုင်းမှာ ကစားနိုင်တာကြောင့် ယူနိုက်တက်ရဲ့ အနာဂတ် ဖြစ်လာပါလိမ့်မယ်။ ဒါက ကျနော့်ရဲ့ ခံစားချက်ပါ။ သူဟာ အခွင့်အရေးကို စောင့်ဖို့ပဲလိုပြီး ဘောလုံးမှာ ၂ ရက်အတွင်း အရာအားလုံး ပြောင်းလဲသွား နိုင်တယ်”လို့ ပြောခဲ့ပါတယ်။
ကိုဘီမေနူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၂ ပွဲ ကစားထားပေမယ့် ကာရာဘောင်းလိဂ်ဖလား ပွဲစဉ် တစ်ပွဲသာ ပွဲထွက် လူစာရင်း ပါဝင်ခဲ့ရတာပါ။
ကိုဘီမေနူးဟာ ယူနိုက်တက်အသင်းအတွက် ပွဲထွက် ပါဝင်နိုင်မယ့် အခွင့်အရေးရတဲ့ အခုအချိန်မှာ ဒဏ်ရာ ကြောင့် အနားယူနေရပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပွဲမတိုင်မီ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တာ ကြောင့် အသင်းရဲ့ လာမယ့်ပွဲအချို့ကို လွဲချော်ဦးမှာပါ။

ကိုဘီမေနူးကို တွေ့ရစဉ်
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ကိုဘီမေနူးဟာ ဒီရာသီမှာ ပွဲကစားချိန်နည်းနေပေမယ့် အသင်းရဲ့ အနာဂတ်အဖြစ် ရှုမြင်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ ကိုဘီမေနူး၊ ဇက်ခ်ဇီ အပါအဝင် လူငယ် ကစားသမားအချို့ အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် နည်းပြ အာမိုရင်က သူတို့နေရာမှာ အစားထိုးမယ့် ကစားသမားမရရင် ထွက်ခွာခွင့်ပေးဖို့ ခက်ခဲနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ ကိုဘီမေနူး၊ မက်ဂွဲယားနဲ့ ဒီလစ်တို့ကို ဒဏ်ရာကြောင့် အနားပေးထားရပြီး အာမက်၊ အမ်ဘူမိုနဲ့ မက်ဇရာအူရီတို့ကို အာဖရိကဖလားပြိုင်ပွဲထံ စေလွှတ်ထားရတာဖြစ်ပါတယ်။
Source: ESPN
