- By CNI
- Category: အားကစား
- Hits: 225
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄
ယူနိုက်တက်အသင်းဟာ လူငယ်တိုက်စစ်မှူး ချီဒိုအိုဘီကို တိုးတက်မှုတွေ ရရှိစေဖို့အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှားစေလွှတ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းမှာ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ပြီး ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။
ချီဒိုအိုဘီဟာ ယူနိုက်တက်အသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၇ ပွဲ အပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲ ပါဝင် ကစားခဲ့တာ ဖြစ်ပါတယ်။
ချီဒိုအိုဘီဟာ ဒီရာသီမှာတော့ ယူနိုက်တက် အသင်းကြီးအတွက် ပါဝင်ကစားရခြင်း မရှိသေးဘဲ လူငယ်အသင်းမှာ သာ ပါဝင်ကစားပြီး ခြေစွမ်းပြသနေပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ချီဒိုအိုဘီဟာ အသင်းကြီးအတွက် ပါဝင်ကစားဖို့ စောလွန်းသေးတယ်လို့ မကြာသေးခင်က ဝန်ခံထားပါတယ်။
ချီဒိုအိုဘီဟာ ၂၀၂၃-၂၄ ရာသီမှာ အာဆင်နယ် ယူ-၁၈ အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့ တာပါ။

ချီဒိုအိုဘီကို တွေ့ရစဉ်
ဒါပေမယ့် ဒိန်းမတ်လူငယ် ကစားသမားဟာ အာဆင်နယ်အသင်းကြီးမှာ ပါဝင်ကစားခွင့်ရဖို့ မသေချာတာကြောင့် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ချီဒိုအိုဘီဟာ ယူနိုက်တက် ယူ-၁၈ အသင်းအတွက် ၁၀ ပွဲ ကစားထားတာမှာ ၁၂ ဂိုးသွင်းယူပြီး ၁ ဂိုး ဖန်တီးထား ကာ ယူ-၂၁ အသင်းမှာတော့ ၁၉ ပွဲကစားထားပြီး ၇ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးထားတာပါ။
ယူနိုက်တက်အသင်းဟာ အစောပိုင်းက ချီဒိုအိုဘီကို အငှားချဖို့ မရှိပေမယ့် အခုအချိန်မှာတော့ အခြေအနေ ပြောင်းသွားခဲ့ပြီး ကာလတိုအငှားနဲ့ ထွက်ခွာခွင့်ပြုဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ချီဒိုအိုဘီကို အင်္ဂလန်မှာ ဆက်ပြီး ရှိစေချင်တာကြောင့် အင်္ဂလန်အောက်တန်းလိဂ် ကလပ်အသင်းတွေက သူ့ကိုစောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။
ယူနိုက်တက်အသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဟီဗန်နဲ့ ဒီယေဂိုလီယွန်တို့ကိုလည်း ဇန်နဝါရီမှာ အငှားနဲ့ ထွက်ခွာခွင့်ပြုဖို့ ရှိနေတယ်လို့ သိရပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 276
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄
ချယ်လ်ဆီးအသင်းဟာ လိဒ်စ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြမာရက်စ်ကာက အသင်းဟာ သူတို့နဲ့ ထိုက်တန်တဲ့ ရလဒ်ကို ရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “အလွန်ညံ့ဖျင်းခဲ့တဲ့ပွဲပါ။ လိဒ်စ်အသင်းဟာ ဒီပွဲကို အနိုင်ရဖို့ထိုက်တန်ပြီး နေရာစုံမှာ သူတို့ ပိုကောင်းခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာလုပ်ခဲ့တဲ့အမှားတွေကို နားလည်အောင်ကြိုးစားဖို့နဲ့ ပြန်ပြီး စတင် နိုင်အောင် ကြိုးစားဖို့ကိုသာ ကျနော်တို့လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် ၄၈ နာရီအတွင်းမှာ ကျနော်တို့ နောက်ထပ်တစ်ပွဲကစားရဖို့ ရှိနေလို့ပါ”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားတစ်ဦးလျော့နဲ့ အာဆင်နယ်အသင်းကို သရေကစားနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လိဒ်စ်အသင်းနဲ့ ပွဲစဉ်မှာတော့ ရှုံးနိမ့်ခဲ့ရတာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၄ နေရာကိုဆင်းပေးခဲ့ရပြီး အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၉ မှတ်ကွာဟ သွားခဲ့ပါတယ်။

ဒီရှုံးနိမ့်မှုဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့ မျှော်လင့်ချက် တွေကို ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။
ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က ချယ်လ်ဆီးအသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး သူတို့ဟာ ဒီရာသီထိပ်ဆုံး ၄ သင်း ဒါမှမဟုတ် ၅ သင်းထဲသာ ဝင်ရောက်နိုင်မယ်လို့ မှတ်ချက်ပေးခဲ့ ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး၊ဗဟိုနောက်ခံလူတွေနဲ့ ဂိုးသမားတို့က အမှတ်ပေးဖလားကို ရယူနိုင်ဖို့ လုံလောက်တဲ့ အရည်အသွေးမရှိဘူးလို့ ဂယ်ရီနဗီးလ်က ပြောခဲ့ပါတယ်။
ဒဏ်ရာကြောင့် ၂ လကျော်ကြာအနားယူခဲ့ရတဲ့ ကိုးလ်ပါလ်မာဟာ ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် လူစားဝင် အဖြစ်ပါဝင်ကစားသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 455
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၄
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၅ ခုနှစ် SEA Games ပြိုင်ပွဲမတိုင်မီ ထိုင်းအာဏာပိုင်များက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသော်လည်း အားနည်းချက်များရှိနေသဖြင့် ဝေဖန်ခံနေရသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ကို ဒီဇင်ဘာ ၉ ရက်တွင် ထိုင်းနိုင်ငံ၌ စတင် ကျင်းပတော့မည်ဖြစ်ပြီး ထိုင်းသည် ၁၈ နှစ်ကြာ စောင့်ဆိုင်းပြီးမှ အိမ်ရှင်အဖြစ် နောက်တစ်ကြိမ် လက်ခံ ကျင်းပ ခွင့် ရခဲ့ခြင်းဖြစ်သည်။
ပွဲစီစဉ်သူများက SEA Games ပြိုင်ပွဲအတွက် ၁၀၀ ရာခိုင်နှုန်း အဆင့်သင့် ဖြစ်ပြီဖြစ်ကြောင်း ပြောကြားခဲ့သော် လည်း ပြိုင်ပွဲမတိုင်မီ အဓိကအချက် ၄ ချက်တွင် အားနည်းချက်များ ရှိနေကြောင်း ဝေဖန်ခံနေရသည်။
ပထမအချက်မှာ SEA Games ပြိုင်ပွဲနှင့်ပတ်သက်ပြီး ကြော်ငြာမှု အားနည်းနေခြင်းဖြစ်သည်။

ထိုင်းဆီးဂိမ်း ပြင်ဆင်မှုကိုတွေ့ရစဉ်
ထိုင်းပြည်သူ အများစုသည် SEA Games ပြိုင်ပွဲ၏ အစီအစဉ်များ၊ အားကစားကွင်းများကို မသိကြသလို အချို့ကမူ SEA Games ပြိုင်ပွဲ ကျင်းပမည့်အကြောင်းကိုပင် မသိကြပေ။
ထို့ကြောင့် သမိုင်းတစ်လျှောက် လူသိအနည်းဆုံး SEA Games ဟုပင် ဝေဖန်ခံခဲ့ကြသည်။
ဒုတိယအချက်မှာ အားကစားကွင်းများ နေရာရွှေ့ပြောင်းခြင်း၊ နှောင့်နှေးကြန့်ကြာခြင်းနှင့် သဘာဝဘေးအန္တရာယ် များကြောင့် ဖြစ်သည်။
ယခင်က ဘန်ကောက် (Bangkok) ၊ ချောင်ဘူရီ (Chonburi) နှင့် ဆောင်ခလာ (Songkhla) ပြည်နယ်များတွင် ပြိုင်ပွဲများ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ထိုနေရာများတွင် ရေလွှမ်းမိုးမှုများကြောင့် လုံခြုံရေးကို အကြောင်းပြပြီး ပြိုင်ပွဲ ၁၀ ပွဲကို ဘန်ကော်ကနှင့် ချောင်ဘူရီ၌ နေရာရွှေ့ပြောင်းခဲ့ရသည်။
တတိယအချက်မှာ ပြိုင်ပွဲဝင် အားကစားသမားများအတွက် ခံစားခွင့်နည်းပါးခြင်း၊ အသုံးစရိတ်များပေးရန် နှောင့်နှေးကြန့်ကြာခြင်းတို့ ဖြစ်သည်။
ထိုအခြေအနေများကြောင့် အားကစားသမားများကြား စိတ်ပျက်ခြင်း၊ ပြိုင်ပွဲဝင်စိတ် လျော့ကျခြင်းတို့ ဖြစ်စေခဲ့ သည်။
ဥပမာတစ်ခု အနေဖြင့် ထိုင်းကြက်တောင် အားကစားသမား ပွန်ပါဝီ ချိုချူဝေါင် (Pornpawee Chochuwong) သည် ထိုအခြေအနေများကို စိတ်ပျက်သဖြင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။
ထို့ကြောင့် တာဝန်ရှိသူများက ၎င်းအား ပြိုင်ပွဲတွင် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ရန် နားချနိုင်ခဲ့သည်။

ထိုင်းဆီးဂိမ်း ပြင်ဆင်မှုကိုတွေ့ရစဉ်
ထို့အတူ ထိုင်းလက်ဝှေ့အသင်း၏ မန်နေဂျာကလည်း အားကစားအဖွဲ့ချုပ်ထံမှ အသုံးစရိတ်များ ရရှိရန် နှောင့်နှေး ကြန့်ကြာခြင်း ပွင့်လင်းမြင်သာမှု အားနည်းခြင်းတို့ကြောင့် အားကစားသမားများကို စိတ်ဓာတ်ကျစေခဲ့သည်ဟု ပြောကြားခဲ့သည်။
စတုတ္ထအချက်မှာ နိုင်ငံရေး စိန်ခေါ်မှုဖြစ်ပြီး ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ပြဿနာက SEA Games ပြိုင်ပွဲကို ဂယက်ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားသည် လုံခြုံရေးကို အကြောင်းပြပြီး အားကစားပြိုင်ပွဲအချို့ကို ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ် ကြောင်း ဆိုင်းမဆင့်၊ ဗုံမဆင့် ကြေညာခဲ့သည်။
ကမ္ဘောဒီးယား အားကစားအသင်းများ၏ နုတ်ထွက်မှုကြောင့် ပြိုင်ပွဲအချိန်ဇယား ရေးဆွဲမှုတွင် ရှုပ်ထွေးသွားစေ ခဲ့ပြီး အချို့ပြိုင်ပွဲများသည် ကျင်းပမည့်ရက်ကို အတိအကျ မသတ်မှတ်ရသေးပေ။
ထိုအချက်များကြောင့် SEA Games ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်း၏ ကြိုတင်ပြင်ဆင်မှုများ သည် ဝေဖန်ခံနေရခြင်းဖြစ်သည်။
Source: The Nation
- By CNI
- Category: အားကစား
- Hits: 149
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄
အာဆင်နယ်အသင်းက ဘရန်ဖို့ဒ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ထပ် ကစားသမား ၂ ဦး ဒဏ်ရာ ရခဲ့ပြီးနောက် နည်းပြအာတီတာက အာဆင်နယ်အသင်းရဲ့ လက်ရှိ ဒဏ်ရာပြဿနာတွေက ပွဲစဉ်အချိန်ဇယား ကြောင့် ဝေဖန်ခဲ့ပါတယ်။
အာတီတာက “ဥရောပမှာ ပွဲတွေ အများကြီး ကစားနေရတဲ့ အသင်းတွေကို နောက်ထပ် တစ်ရက် ထပ်ပေးရပါ မယ်။ ကျနော်တို့ ဒါကိုလုပ်နိုင်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် ကျနော်တို့ အားလုံးဟာ ဒီကနေ အကျိုး ကျေးဇူးတွေ ရရှိမှာဖြစ်လို့ပါ။ ဒါကြောင့် ကျနော်တို့ ဒါကိုလုပ်နိုင်ဖို့ ကြိုးစားရပါမယ်။ ဒီလိုပွဲစဉ် အချိန်ဇယားတွေ ကြောင့် တစ်ချိန်ချိန်မှာ ဒါက အလွန်အကျွံ ဖြစ်လာနိုင်ပြီး ကစားသမားတွေက စက်တွေမဟုတ်ပါဘူး”လို့ ပြောခဲ့ တာပါ။
မယ်ရီနို၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၅ မှတ် ပြန်ဖြတ်နိုင်ခဲ့တဲ့ ဒီပွဲမှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ နောက်ခံလူ မိုစကွဲယားတို့ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းသား ဒဏ်ရာရသွားစဉ်
မိုစကွဲယားဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်း မပြီးခင်မှာ ဒူး ဒါမှမဟုတ် ခြေကျင်းဝတ် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ဒီကလန်ရိုက်စ်ကလည်း ပွဲပြီးဖို့ ၇ မိနစ်အလိုမှာ ဒဏ်ရာကြောင့် ပွဲဆက် မကစားနိုင်တော့လို့ လူစားလဲခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် အိုဒီဂတ်၊ ဂါဘရီရယ်လ်၊ ကိုင်ဟာဗက်ဇ်တို့ အပါအဝင် ဒီရာသီမှာ ကစားသမား အများအပြားကို အချိန်တစ်ခုကြာအထိ အနားပေးခဲ့ရတာပါ။
အာဆင်နယ်အသင်းဟာ အဓိက ဗဟိုနောက်ခံလူ ၂ ဦးဖြစ်တဲ့ ဆာလီဘာနဲ့ ဂါဘရီရယ်လ်တို့ကို အနားပေးထား ရချိန်မှာ မိုစကွဲယားပါ ဒဏ်ရာရခဲ့တဲ့အတွက် ဗဟိုခံစစ်နေရာအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ အဓိက ကစားသမားတွေကို ဒဏ်ရာကြောင့် အနားပေးထားရပေမယ့် ရလဒ်ကောင်းတွေ ရရှိနေတာပါ။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားအဆင့် ၃ နေရာ အထိ ရောက်ရှိလာခဲ့တဲ့ အက်စတွန်ဗီလာအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 153
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
စပိန်ဘယ်နောက်ခံလူ ကူကူရယ်လ်လာက သူဟာ ချယ်လ်ဆီးအသင်းထံ မပြောင်းရွှေ့မီ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ချင်ခဲ့တယ်လို့ El Desmarque နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
ကူကူရယ်လ်လာက “မန်စီးတီးအသင်းက အလွန်ကောင်းပြီး ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ ကျနော် လုံးဝသွားချင်ခဲ့ပါတယ်။ မန်စီးတီးအသင်းရော၊ နည်းပြဂွာဒီယိုလာပါ ကျနော့်ကို လိုချင်ခဲ့ပေမယ့် ကလပ် အသင်းတွေ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့ပါဘူး။ ဘရိုက်တန်ရဲ့တောင်းဆိုမှုတွေကြောင့် ဒီအပြောင်း အရွှေ့ မဖြစ်ခဲ့ဘူး”လို့ ပြောခဲ့တာပါ။
ကူကူရယ်လ်လာဟာ ဘရိုက်တန်အသင်းမှာ အထင်ကြီးဖွယ်ကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းအချို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ချယ်လ်ဆီးအသင်းက သူ့ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့ တာဖြစ်ပါတယ်။
ကူကူရယ်လ်လာအတွက် အသုံးပြုခဲ့တဲ့ ပေါင်သန်း ၆၀ ဟာ များလွန်းတယ်ဆိုပြီး ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် သူကတော့ သံသယရှိတဲ့သူတွေ မှားယွင်းကြောင်း သက်သေပြသနိုင်ခဲ့ပါတယ်။

ကူကူရယ်လ်လာကို တွေ့ရစဉ်
ဘာစီလိုနာအကယ်ဒမီထွက် ကူကူရယ်လ်လာဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ကွန်းဖရန့်လိဂ်၊ ဖီဖာကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ် ဖော်ပြခြင်းခံနေရတာပါ။
ဒါပေမယ့် ကူကူရယ်လ်လာဟာ ချယ်လ်ဆီးအသင်းထံ မပြောင်းရွှေ့မီမှာ နည်းပြဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ စိတ်ဝင်စားမှုကြောင့် ကူကူရယ်လ်လာဟာ ဘရိုက်တန်အသင်းကို ထွက်ခွာခွင့် တောင်းဆိုခဲ့ ပါတယ်။
ဒါပေမယ့် ကူကူရယ်လ်လာအတွက် မန်စီးတီးအသင်းရဲ့ ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှုကို ဘရိုက်တန်အသင်းက လက်မခံတာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ကူကူရယ်လ်လာကို မခေါ်ယူနိုင်ခဲ့တဲ့အတွက် သူ့အစား ဆာဂျီယိုဂိုမက်ဇ်ကို ခေါ်ယူခဲ့ပေမယ့် စပိန်ကစားသမားဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 151
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
ဘိုင်ယန်မြူးနစ်အသင်းဂိုးသမား နူအာဟာ အနားယူတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက် ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူကတော့ ကလပ်အသင်းအတွက်သာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
နူအာက “ကျနော်ဟာ ကလပ်အသင်းအတွက် အာရုံစိုက်ထားပြီး ဒီမှာကျနော့်ရဲ့ စွမ်းဆောင်ရည်ကို ပြသချင် ပါတယ်။ အဲ့ဒါက ကျနော့်အတွက် အရေးအကြီးဆုံးအရာပါ။ ဘာလို့လဲဆိုရင် ဒီအသင်းနဲ့ အများကြီးအနိုင်ရ နိုင်လိုပါ”လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဂျာမနီလက်ရွေးစင်အသင်းအတွက် ၁၂၄ ပွဲပါဝင်ကစားပြီး ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ နူအာဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ နိုင်ငံအသင်းကနေ အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
နူအာ အနားယူပြီးကတည်းက ဂျာမနီအသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာဟာ မတည်မငြိမ်ဖြစ်နေခဲ့တာပါ။

နူအာကို တွေ့ရစဉ်
ဘာစီလိုနာအသင်း ဂိုးသမား စတီဂန်ဟာ နူအာရဲ့နေရာမှာ အစားထိုး ဝင်ရောက်မယ့်သူအဖြစ် မျှော်လင့်ခဲ့ပေမယ့် သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။
အဲ့ဒါကြောင့် ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းဟာ ဟော့ဖန်ဟိမ်းအသင်းဂိုးသမား အိုလီဗာကို နံပါတ်တစ် ဂိုးသမားအဖြစ် အသုံးပြုနေရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂျာမနီအသင်း ဂိုးသမားနေရာဟာ တည်ငြိမ်မှု မရှိတဲ့အတွက် နူအာဟာ အနားယူတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားနိုင်တယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
နူအာကတော့ သူဟာ ဘိုင်ယန်မြူးနစ်အသင်း အတွက်သာ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
နူအာဟာ ဒီရာသီကုန်ရင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ့် အရာကို စောင့်ဆိုင်းမှုတွေရှိနေကြပါတယ်။
နူအာက သူဟာ ဒါကို အေးအေးဆေးဆေး ဆုံးဖြတ်ချင်ပြီး ခန္ဓာကိုယ်နဲ့ ကျန်းမာရေး အခြေအနေကို ကြည့် ရဦးမယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ရှော်လ်ကေးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ နူအာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၅၈၀ နီးပါး ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 160
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့အနိုင်ရပြီး လာလီဂါ အမှတ်ပေးဇယားကို ၄ မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပြီးနောက် တောင်ပံကစားသမား ရာဖင်ညာက ဒီနိုင်ပွဲဟာ ချန်ပီယံဆုကို အဆုံး အဖြတ်ပေးနိုင်တဲ့ နိုင်ပွဲမျိုးလို့ ပြောခဲ့ပါတယ်။
ရာဖင်ညာက “ကျနော်တို့ဟာ တစ်ပွဲပြီးတစ်ပွဲ ယုံကြည်မှုတွေ တိုးလာတယ်လို့ ကျနော်ထင်ပါတယ်။ ဒီပွဲက လာလီဂါမှာ ကြီးမားတဲ့ ပွဲတစ်ပွဲဖြစ်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီနိုင်ပွဲဟာ ချန်ပီယံလမ်းကြောင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ပွဲမျိုးပါ။ တစ်ပွဲပြီးတစ်ပွဲ ရမှတ်တွေကို ကျနော်တို့ စုဆောင်းနိုင်မယ်ဆိုရင် အရာ အားလုံးက ပိုပြီးကောင်းလာမှာပါ”လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
ဒီပွဲမှာ အဲလက်စ်ဘေနာက အက်သလက်တီကိုအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် ၂ လကြာ အနားယူရပြီးနောက် ဘာစီလိုနာအသင်းအတွက် ပြန်ပါဝင်ကစားနိုင်ပြီဖြစ်တဲ့ ရာဖင်ညာက ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးတွေကို အော်လ်မိုနဲ့ ဖာရန်တောရက်စ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ရာဖင်ညာကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ၅ ပွဲဆက်တိုက် အနိုင်ရပြီး အမှတ်ပေး ဇယားကို ဦးဆောင်ခွင့် ရရှိထားတာပါ။
အက်သလက်တီကိုအသင်း နည်းပြဆီမြွန်နီက ဘာစီလိုနာအသင်း နည်းပြ ဟန်ဆီဖလစ်ရဲ့ လောက်အောက်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသထားတဲ့ ရာဖင်ညာ Ballon d'Or မရတာကို သူမယုံနိုင်လောက် အောင် ဖြစ်မိတယ်လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ကလည်း ရာဖင်ညာဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမား ဖြစ်ပြီး သူပါဝင်လာချိန်မှာ လူတိုင်းအပေါ် သက်ရောက်မှုရှိတာကို ကွင်းထဲမှာ မြင်တွေ့နိုင်တယ်လို့ ပြောခဲ့တာပါ။
ဒါ့အပြင် ဟန်ဆီဖလစ်က ဒီပွဲဟာ အသင်းတစ်သင်းအနေနဲ့ ဒီရာသီရဲ့ အကောင်းဆုံး ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ပြီး သူတို့ရဲ့ အကောင်းဆုံးအဆင့်ကို ပြန်ရနေပြီလို့ ပြောခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ ဒီရှုံးပွဲကြောင့် ဘာစီလိုနာအသင်းနဲ့ ၆ မှတ်ကွာဟသွားခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 179
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃
မန်စီးတီးအသင်းက ဖူလ်ဟမ်အသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်တဲ့ အမြန်ဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၁၁ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာပါ။
အဲ့ဒါကြောင့် ဟာလန်းဟာ နယူးကာဆယ်အသင်း ဂန္ထဝင် အလန်ရှီးယား တင်ထားတဲ့ ကာလရှည်ကြာ စံချိန် တစ်ခုကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အလန်ရှီးယားဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၂၄ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာ ဖြစ်တဲ့အတွက် ဟာလန်းက စံချိန်သစ် တင်နိုင်ခဲ့တာပါ။
ဒီမှတ်တိုင်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ မန်စီးတီးအသင်းကို ရောက်လာပြီးနောက် ဟာလန်း ချိုးဖျက်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးစံချိန် ဖြစ်ခဲ့ပါတယ်။
ဟာလန်းက “ဂုဏ်ယူဖို့ကောင်းတဲ့ အခိုက်အတန့်ပါပဲ။ သွင်းဂိုး ၁၀၀ ပြည့်အောင် အမြန်ဆုံး လုပ်နိုင်ခဲ့တာက အံ့သြ စရာ ကောင်းခဲ့ပါတယ်။ ကျနော် ဂုဏ်ယူသလို ပျော်လည်း ပျော်ရွှင်ပါတယ်။ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဟာ ဂိုးအများကြီး သွင်းယူသင့်တယ်ဆိုတာ ကျနော် အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။ ဒါက ကျနော့် ရဲ့ အလုပ်ဖြစ်တဲ့အတွက် ဒါကိုကြိုးစားပြီး လုပ်နေပါတယ်”လို့ BBC Match of the Day ကိုပြောခဲ့ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်တဲ့ တိုက်စစ်မှူး ဟာလန်းကို ဂုဏ်ပြုခဲ့ပြီး ကလပ်အသင်းအတွက် ဂိုးတွေဆက်သွင်းဖို့ သူဆာလောင်နေမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၁၉ ပွဲ ကစားထားပြီး သွင်းဂိုး ၂၀ သွင်းယူထားတာပါ။
ဒီပွဲမှာ မန်စီးတီးအသင်းဟာ ဖူလ်ဟမ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ဖူလ်ဟမ်အသင်းရဲ့ ချေပဂိုးတွေကြောင့် အနိုင် ၃ မှတ်ကို ခက်ခက်ခဲခဲ ရယူခဲ့ရပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒါက ပရီးမီးယားလိဂ် ဖြစ်တဲ့အတွက် ထိန်းချုပ်လို့ မရတာကြောင့် သူ့မှာ အဖြေမရှိဘူးလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 280
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
အင်္ဂလန်ဂိုးသမားဂျိမ်းစ်ထရက်ဖိုဒ့်ဟာ မန်စီးတီးအသင်းထံရောက်ရှိလာပြီး ၅ လအကြာမှာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာနိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဂျိမ်းစ်ထရက်ဖိုဒ့်အပြင် ဂျာမန်ဂိုးသမားအော်တေဂါကလည်း မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေပါတယ်။
ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘန်လေအသင်းကနေ အသင်းဟောင်း မန်စီးတီးအသင်းထံ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ နံပတ်တစ်ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အီတလီဂိုးသမားဒွန်နာရမ်မာကို PSG အသင်းကနေ ခေါ်ယူခဲ့တာပါ။
ဒွန်နာရမ်မာရောက်ရှိလာအပြီးမှာ ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရခြင်းမရှိတော့ဘဲ လိဂ်ဖလား ၂ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲသာကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဂျာမန်ဂိုးသမားအော်တေဂါကို တွေ့ရစဉ်
အဲ့ဒါကြောင့် ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ဇန်နဝါရီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေပြီး သူ့ကိုခေါ်ယူဖို့ နယူးကာဆယ်အသင်းက ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။
အော်တေဂါလည်း ထွက်ခွာချင်နေတာကြောင့် မန်စီးတီးအသင်းဟာ ဒွန်နာရမ်မာရဲ့ အရန်ဂိုးသမားထားရှိဖို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေချရတော့မှာပါ။
ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းထဲမှာ ပါဝင်ချင်တာကြောင့် ပုံမှန်ကစားခွင့်ရနိုင်မယ့် အသင်းထံပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက အီဒါဆန်ရဲ့နောက် ဒုတိယဂိုးသမားအဖြစ်ရှိခဲ့တဲ့ အော်တေဂါဟာ ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ စတုတ္ထဂိုးသမားအဖြစ်ရှိနေတဲ့အတွက် အဝေးကွင်းပွဲစဉ်တွေကို လိုက်ပါခဲ့ရခြင်းမရှိပါဘူး။
အသက် ၂၃ နှစ်အရွယ်ရှိ ဂျိမ်းစ်ထရက်ဖိုဒ့်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၆ ပွဲပါဝင်ကစားထားပြီး အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်တော့ ပွဲဦးထွက်ပါဝင်ရခြင်းမရှိသေးတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 136
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
ရှက်ဖီးဝင်းစ်ဒေးအသင်းဟာ ငွေပေးချေမှုနဲ့သက်ဆိုင်တဲ့ အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်မှုကြောင့် ရမှတ် ၆ မှတ်လျှော့ခံခဲ့ရကြောင်း EFL က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဘဏ္ဍာရေးပြဿနာတွေကြောင့် အသင်းကို စီမံခန့်ခွဲမှုအဖွဲ့လက်ထဲထည့်ခဲ့ရတဲ့ ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝင်းစ်ဒေးအသင်းဟာ အောက်တိုဘာလမှာ ရမှတ် ၁၂ မှတ်လျှော့ခြင်းခံထားရပါတယ်။
ရှက်ဖီးဝင်းစ်ဒေး အသင်းဟာ အခုအချိန်မှာ နောက်ထပ် ၆ မှတ်လျှော့ခံခဲ့ရတဲ့အတွက် - ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးနေရာ ရပ်တည်နေပြီး အဆင့် ၂၃ နေရာက နော်ဝစ်ချ်အသင်းနဲ့ ၂၃ မှတ် ကွာဟနေတာပါ။

ကစားသမားများကိုတွေ့ရစဉ်
ရှက်ဖီးဝင်းစ်ဒေးအသင်းဟာ ရမှတ်လျှော့ပြစ်ဒဏ်တွေကြောင့် ဒီရာသီချန်ပီယံရှစ်ပွဲစဉ် ၁၈ ပွဲသာ ကစားရသေးပေမယ့် ရာသီမကုန်မီမှာ တန်းဆင်းရဖို့ ရှိနေပါတယ်။
ရှက်ဖီးဝင်းစ်ဒေးအသင်းရဲ့ ပိုင်ရှင်ဟောင်း ချန်စီရီကိုလည်း လာမယ့် ၃ နှစ်အတွင်း EFL ကလပ်အသင်းတွေရဲ့ ပိုင်ရှင် ဒါမှမဟုတ် ဒါရိုက်တာအဖြစ်လုပ်ခွင့် ပိတ်ပင်ထားပါတယ်။
ရှက်ဖီးဝင်းစ်ဒေးအသင်းဟာ ကစားသမားတွေရဲ့ လုပ်ခလစာကို အချိန်မီပေးချေဖို့ ပျက်ကွက်ခဲ့ပြီးနောက် စည်းမျဉ်းချိုးဖောက်မှုအများအပြားနဲ့ EFL က ဇွန်လမှာ စွဲချက်တင်ခဲ့ပါတယ်။
အင်္ဂလန်ရဲ့ ရှေးအကျဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ၁၅၈ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ ရှက်ဖီးဝင်းစ်ဒေးအသင်းဟာ ကလပ်ကို ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။
ရှက်ဖီးဝင်းစ်ဒေးအသင်းကို ဝယ်ယူဖို့ နယူးကာဆယ်အသင်းပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
