- By CNI
- Category: အားကစား
- Hits: 121
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
ဂျပန်အသင်းနည်းပြ မိုရီယာဆုက နယ်သာလန်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ အသင်းရဲ့ တိုက်ပွဲဝင်နိုင်မှုကို ချီးကျူးခဲ့ပေမယ့် အနိုင် ၃ မှတ် မရခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
မိုရီယာဆုက “နယ်သာလန်က အလွန်အားကောင်းပြီး ခက်ခဲတဲ့ ပြိုင်ဘက်အသင်းပါ။ ဒါပေမယ့် ကျနော်တို့ ကစားသမားတွေက စည်းလုံးမှု၊ ဇွဲရှိမှုတို့နဲ့အတူ အဆုံးထိ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကျနော်တို့ဟာ ရမှတ် ၁ မှတ် မဟုတ်ဘဲ ၃ မှတ်ရဖို့ ရည်ရွယ်ခဲ့တာကြောင့် ဒီသရေရလဒ်က စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲရဲ့ပထမပိုင်းက ဂိုးမရှိ သရေကျခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ ဗန်ဒိုက်က နယ်သာလန်အသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့တာပါ။
ဒါပေမယ့် ၆ မိနစ်အကြာမှာ နာကာမူရာက ဂျပန်အသင်းအတွက် ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် ပွဲက အကြိတ် အနယ် ရှိခဲ့ပါတယ်။
ပွဲချိန် ၆၄ မိနစ်မှာ ဆမ်မာဗယ်လီက နယ်သာလန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့တာကို ၈၉ မိနစ်မှာ ကာမာဒါက ဂျပန်အသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်နဲ့ဂျပန် ယှဉ်ပြိုင်နေစဉ်
ဂျပန်အသင်းဟာ ဒီပွဲမှာ နယ်သာလန်အသင်းကို အနောက်ကနေ လိုက်ကစားခဲ့ရပေမယ့် နည်းပြမိုရီယာဆုက အနိုင်မရခဲ့လို့ စိတ်ပျက်နေပါတယ်။
နယ်သာလန်အသင်း နည်းပြ ရော်နယ်လ်ကိုးမန်းက ဒီပွဲမှာ ပြသခဲ့တဲ့အရာက သူတို့ရဲ့ အနည်းဆုံး စံနှုန်းဖြစ်ပြီး ပြိုင်ပွဲအတွင်းမှာ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပြသဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ရော်နယ်လ်ကိုးမန်းက သူတို့ဟာ ၂ ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့တဲ့အတွက် အနိုင်မရခဲ့တာကို စိတ်ပျက် မိပေမယ့် ဂျပန်အသင်းကို လျှော့တွက်ရင် ပြဿနာ ဖြစ်သွားလိမ့်မယ်လို့ ပြောခဲ့တာပါ။
လာမယ့်အုပ်စု ဒုတိယပွဲအဖြစ် နယ်သာလန်အသင်းက ဆွီဒင်အသင်း၊ ဂျပန်အသင်းက တူနီရှားအသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 170
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
လီဗာပူးလ်အသင်း ကွင်းလယ်လူ အန်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲကစားဖို့ ရက်ပိုင်းအလိုမှာ ဂျပန်အသင်း လူစာရင်းကနေ ထွက်ခွာခဲ့ပြီးနောက် နိုင်ငံအသင်းကနေ အနားယူကြောင်း ကြေညာသွားခဲ့ပါတယ်။
အန်ဒိုဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းမှာ ခြေထောက်ဒဏ်ရာ ခွဲစိတ်မှုခံယူပြီး ရုန်းကန်ခဲ့ရပေမယ့် ဂျပန် အသင်းရဲ့ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခဲ့တာပါ။
ဒါပေမယ့် အန်ဒိုဟာ မေလ ၃၁ ရက်က အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာ နာကျင်မှု ခံစားခဲ့ရတာကြောင့် သူ့ရဲ့ အခြေအနေအပေါ် ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အခုအချိန်မှာတော့ ဂျပန်အသင်းဟာ သူ့ရဲ့နေရာမှာ မိုချန်ဂလာဘတ်အသင်း တိုက်စစ်မှူး မာချီနိုကို အစားထိုး ခေါ်ယူခဲ့ပါတယ်။
အန်ဒိုက ကမ္ဘာ့ဖလားအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ဒီပြိုင်ပွဲကို ပါဝင်ခွင့် မရတဲ့အတွက် စိတ်ပျက်မိတယ် လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။

အန်ဒိုကို တွေ့ရစဉ်
ဒါ့အပြင် အန်ဒိုက သူဟာ ဂျပန်အသင်းကနေ အနားယူတော့မှာဖြစ်ပြီး ပရိသတ်တစ်ဦး အနေနဲ့အားပေးကာ ဂျပန်အသင်း တစ်ချိန်ချိန်မှာ ကမ္ဘာ့ဖလား ရယူနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဂျပန်အသင်းကြီးအတွက် ပွဲဦးထွက်ခဲ့တဲ့ အန်ဒိုဟာ ပွဲပေါင်း ၇၃ ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်း ယူနိုင်ခဲ့ တာပါ။
အန်ဒို အနားယူမှုကြောင့် အေဂျက်စ်အသင်း နောက်ခံလူ အိုင်တာကူရာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်သွားမယ်လို့ သိရပါတယ်။
ဂျပန်အသင်းဟာ ဇွန်လ ၁၄ ရက်မှာ နယ်သာလန်အသင်းနဲ့ အုပ်စုအဖွင့်ပွဲ ကစားပြီးရင် တူနီးရှား၊ ဆွီဒင်အသင်း တို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 151
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ အံ့မခန်းဖွယ် ရာသီဖြတ်သန်းခဲ့တဲ့ အသင်းဖော် လူးဝစ်ဒီယက်ဇ်ဟာ Ballon d'Or ဆုအတွက် ယှဉ်ပြိုင်သူတစ်ဦးလို့ ယုံကြည်နေပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်က “ဒီယက်ဇ်က Ballon d'Or ရဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ကျနော့်အတွက် သူဟာ အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ၅ ဦးထဲမှာ ရှိနေပါတယ်။ ကမ္ဘာ့ဖလားမှာ ကျနော်တို့ ဗိုလ်လုပွဲ ရောက်ခဲ့ရင် သူဟာ Ballon d'Or ဆုကို ရနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။
လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်လီဂါ၊ ပိုကယ်ဖလားတို့ကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိခဲ့ပါတယ်။
ဒီယက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အသင်းဖော် အိုလီဆီ တစ်ဦးတည်းသာ လိဂ်မှာ သူ့ထက် ဂိုးဖန်တီးမှုများခဲ့တာပါ။

ဒီယက်ဇ်ကို တွေ့ရစဉ်
ကိုလံဘီယာအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရအောင် လုပ်နိုင်ရင် ဒီယက်ဇ်ဟာ Ballon d'Or ဆုရတဲ့ ပထမဆုံး ကိုလံဘီယာကစားသမား ဖြစ်လာနိုင်ပါတယ်။
ဖယ်လ်ကာအိုက ၂၀၁၂ ခုနှစ်မှာ အဆင့် ၅ နေရာ ရပ်တည်ခဲ့တာက ကိုလံဘီယာသမိုင်းမှာ Ballon d'Or အမြင့်ဆုံး ရောက်ရှိတဲ့ အဆင့် သတ်မှတ်ချက်ဖြစ်ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ခုနှစ်မှာ အဆင့် ၈ နေရာ ရပ်တည် နိုင်ခဲ့ တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ မျှော်လင့်နေတဲ့ ကိုလံဘီယာအသင်းဟာ ပေါ်တူဂီ၊ ဥဇဘတ်ကစ္စတန်၊ DR ကွန်ဂိုအသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပြီး အဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ ရက်မှာ ဥဇဘတ်ကစ္စတန်အသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 147
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
ရီးရယ်လ်အသင်းဟာ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဇူလိုင်လ ၁၃ ရက်မှာ စတင်မယ့် ရီးရယ်လ်အသင်းရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်မှာ စတင်ပြီး ကိုင်တွယ်သွားမှာပါ။
ရီးရယ်လ်အသင်းဟာ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် ဘင်ဖီကာအသင်းကို ပေါင် ၁၃ သန်း လျော်ကြေးပေးခဲ့ရတာ ဖြစ်ပါတယ်။
ဖလော်ရန်တီနိုပီရက်ဇ်က သူရီးရယ်လ်အသင်း ဥက္ကဋ္ဌအဖြစ် ပြန်လည်ပြီး ရွေးချယ်ခံရရင် မော်ရင်ဟိုကို နည်းပြ သစ်အဖြစ် ခန့်အပ်မယ်လို့ ပေးထားတဲ့ ကတိအတိုင်း အသင်းဘက်က ခန့်အပ်ခဲ့တာပါ။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အတွင်း ပထမအကြိမ် ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား ရယူပေးနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် ချယ်လ်ဆီး၊ ယူနိုက်တက်၊ စပါး၊ ရိုးမား၊ ဖီနာဘာချီနဲ့ ဘင်ဖီကာအသင်းတို့ကို ကိုင်တွယ်ခဲ့တာပါ။
ပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းကို လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ ပေမယ့် အသင်းဟာ တတိယနေရာနဲ့ ရာသီအဆုံးသတ်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ အဓိက ဆုဖလားတွေနဲ့ လက်လွှတ်ခဲ့ရတဲ့ ရီးရယ်လ်အသင်းကို ဆုဖလားတွေ ပြန်ပြီးရရှိအောင် ကိုင်တွယ် ပေးရတော့မှာပါ။
ရီးရယ်လ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပြင်သစ်နောက်ခံလူ ကိုနာတေး၊ နယ်သာလန် ညာနောက်ခံလူ ဒွန်ဖရိုင်းစ်နဲ့ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါ တယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 144
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
မက္ကဆီကိုနိုင်ငံမှာစတင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲမှာ မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်း ကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ၃ မှတ် ရရှိသွားခဲ့ပါတယ်။
မက္ကဆီကိုအသင်းအတွက် ဂိုးတွေကို ကွီနိုနက်စ်နဲ့ ဂျီမီနက်ဇ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ကွီနိုနက်စ်ရဲ့ သွင်းဂိုးက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးသွင်းဂိုး ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ မက္ကဆီကိုအသင်းဘက်က ၁ ဦးနဲ့ တောင်အာဖရိကအသင်းဘက်က ၂ ဦး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရတာပါ။
အနီကတ် ၃ ကတ်ဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲတွေမှာ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
အဖွင့်ဂိုးသွင်းယူပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ ကွီနိုနက်စ်ဟာ ပြီးခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့သူပါ။
ကွီနိုနက်စ်က အသင်းပရိသတ်တွေ အရှေ့မှာ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေသလို အသင်း ဟာ ကောင်းမွန်စွာ ကစားနိုင်ခဲ့တာကြောင့် နိုင်ပွဲရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မက္ကဆီကိုအသင်း ယှဉ်ပြိုင်နေစဉ်
မက္ကဆီကိုအသင်းအတွက် ဒုတိယဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျီမီနက်ဇ်ဟာ ဂိုးသွင်းယူအပြီးမှာ ခံစားချက်တွေ ထိန်းချုပ် နိုင်ခြင်းမရှိဘဲ ငိုကြွေးခဲ့တာပါ။
ဒီဂိုးဟာ ဂျီမီနက်ဇ်အတွက် မက္ကဆီကို ကစားသမားဘဝ ၄၆ ဂိုးဖြစ်ပြီး နိုင်ငံအသင်းရဲ့ ဒုတိယသွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
မက္ကဆီကိုအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားက ဟာနန်ဒက်ဇ်ဖြစ်ပြီး ၅၂ ဂိုး သွင်းယူထားပါတယ်။
မက္ကဆီကိုအသင်းဟာ ဒီနိုင်ပွဲကြောင့် ရှုံးထွက်အဆင့်တက်ဖို့ မျှော်လင့်ချက် ကောင်းသွားခဲ့ပြီး တောင်အာဖရိက အသင်းကတော့ ရုန်းကန်ရတော့မှာပါ။
မက္ကဆီကိုအသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် ဇွန်လ ၁၈ ရက်မှာ တောင်ကိုရီးယားအသင်း၊ တောင်အာဖရိက အသင်းက ချက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
source: ESPN
- By CNI
- Category: အားကစား
- Hits: 134
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၁
ဟေတီအသင်းရဲ့အင်္ကျီဟာ စစ်ပွဲမြင်ကွင်းကို ပုံဖော်ထားပြီး ဖီဖာရဲ့စည်းမျဉ်းနဲ့ မကိုက်ညီတဲ့အတွက် ကမ္ဘာ့ဖလား ဖွင့်ပွဲမတိုင်မီ သူတို့ရဲ့ဝတ်စုံဒီဇိုင်းကို ပြောင်းလဲခဲ့ရပါတယ်။
၁၈၀၃ ခုနှစ်မှာ ဟေတီနိုင်ငံလွတ်လပ်ရေးရရှိစေခဲ့တဲ့ ဗာတီရက်စ်တိုက်ပွဲရဲ့သရုပ်ဖော်ပုံကို နိုင်ငံရဲ့အလံနဲ့အတူ ဟေတီအသင်းဂျာစီမှာ ထည့်သွင်းခဲ့တာပါ။
ဟေတီအသင်းဟာ ပြီးခဲ့တဲ့ခြေစမ်းပွဲ ၂ ပွဲစလုံးမှာ ဒီအင်္ကျီကို ဝတ်ဆင်ပြီး ကစားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့စည်းမျဉ်းအရ နိုင်ငံအသင်းတွေဟာ သူတို့ရဲ့ဝတ်စုံပေါ်မှာ နိုင်ငံရေး၊ ဘာသာရေး၊ ကိုယ်ရေးကိုယ်တာမက်ဆေ့ချ်တွေနဲ့ ဘယ်လိုဆောင်ပုဒ်မျိုးကိုမဆို ထည့်သွင်းတာကို ပိတ်ပင် ထားပါတယ်။
အဲဒါကြောင့် ဟေတီအသင်းရဲ့ဝတ်စုံကို ထုတ်လုပ်ပေးတဲ့ ကိုလံဘီယာဝတ်စုံထုတ်ကုမ္ပဏီ Saeta က ဝတ်စုံဒီဇိုင်းကို ပြောင်းလဲပေးခဲ့ရတာပါ။

Saeta ကတော့ သူတို့ရဲ့ဝတ်စုံဒီဇိုင်းဟာ ဟေတီရဲ့အနာဂတ်အတွက် နေ့စဉ်နေ့တိုင်းပါဝင်ကူညီနေတဲ့ အမျိုးသား နဲ့အမျိုးသမီးတွေကို ဂုဏ်ပြုတာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာကြေညာချက်တစ်ခုအဖြစ် ရည်ရွယ်ခဲ့တာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဟေတီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅၂ နှစ်အကြာမှ ပထမဆုံးပြန်ပြီး ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
ဘရာဇီးလ်၊မော်ရိုကို၊စကော့တလန်အသင်းတို့နဲ့ ခက်ခဲတဲ့အုပ်စုထဲကျရောက်နေတဲ့ ဟေတီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၃ ရက်မှာ စကော့တလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 186
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁
ဘရိုက်တန်အသင်း ကွင်းလယ်လူ ဘာလီဘာဟာ ယူနိုက်တက်အသင်းထံ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်၊ ကွန်ညာတို့နဲ့ စကားပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာလီဘာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘရိုက်တန်အသင်းက ပေါင်သန်း ၁၀၀ ကျော် တောင်းဆိုမှုကြောင့် အပြောင်းအရွှေ့ ဖြစ်ခဲ့ခြင်းမရှိတာပါ။
နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းကို အဓိကအားဖြည့်မယ့် ယူနိုက်တက်အသင်းဟာ အတ္တလန်တာ အသင်း ကွင်းလယ်လူ အီဒါဆန်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ထပ် ကွင်းလယ်လူတွေ အားဖြည့်ဖို့ ဈေးကွက်ထဲမှာရှိနေပြီး ဘာလီဘာဟာ သူတို့ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ စာရင်းထဲမှာ ပါဝင်နေတာပါ။

ဘာလီဘာကို တွေ့ရစဉ်
The Sun က ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ တစ်ပွဲဖြစ်တဲ့ ယူနိုက်တက်အသင်းက ဘရိုက်တန် အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဘာလီဘာဟာ အိုးထရက်ဖို့ဒ်ထံ အပြောင်းအရွှေ့အတွက် ဘရူနိုဖာနန်ဒက်စ်၊ ကွန်ညာတို့နဲ့ စကားပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဘာလီဘာဟာ ပြီးခဲ့တဲ့ရာသီမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဘရိုက်တန်အသင်းနည်းပြ ဟာဇယ်လာက ယူနိုက်တက်အသင်းထံ အပြောင်းအရွှေ့ မဖြစ်ခဲ့တာက သူ့ရဲ့စွမ်းဆောင်ရည်ကို သက်ရောက်မှုရှိခဲ့တယ်လို့ ပြောခဲ့ တာပါ။
ဘရိုက်တန်အသင်းဟာ ဒီနွေရာသီမှာ ဘာလီဘာအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ရောင်းချသွားနိုင်ပါ တယ်။
၂၀၂၃ ခုနှစ်မှာ လိုင်လီအသင်းကနေ ရောက်လာခဲ့တဲ့ ဘာလီဘာဟာ ဘရိုက်တန်အသင်းအတွက် ၁၁၂ ပွဲ ကစား ထားပြီး ၄ ဂိုးသွင်းယူကာ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 186
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁
တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က သူတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သေချာပြင်ဆင် ထားတာကြောင့် ချက်အသင်းနဲ့ကစားရမယ့် အဖွင့်ပွဲမှာ ရလဒ်ကောင်းရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ဆွန်ဟောင်မင်က “ကျနော်တို့ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားထက် အနည်းငယ် ပိုရင့်ကျက်ပြီး အတွေ့အကြုံ ရှိလာပါ တယ်။ ကျနော်တို့ဟာ ဒီပြိုင်ပွဲအတွက် အလွန်ပြင်ဆင်ထားလို့ အဖွင့်ပွဲမှာ ရလဒ်ကောင်း ရလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ ဘာလို့လဲဆိုရင် ဒါက အသင်းဖော်တွေနဲ့ ထိုက်တန်တယ်ဆိုတာ သေချာလို့ပါ။ အုပ်စုပွဲစဉ် ၃ ပွဲစလုံးက အရေးကြီးတဲ့အတွက် ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားမယ်”လို့ ပြောခဲ့တာပါ။
ဒါ့အပြင် ဆွန်ဟောင်မင်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲလို့ မပြောခဲ့ဖူး ကြောင်းနဲ့ ဒါက သူ့ရဲ့ရွေးချယ်မှု ဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို တုန့်ပြန်ခဲ့ပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းကို ပထမအကြိမ် ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဟောင်မြောင်ဘို ဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းကို ထပ်ပြီး ကိုင်တွယ်မှာပါ။

တောင်ကိုရီးယားအသင်းကို တွေ့ရစဉ်
နည်းပြ ဟောင်မြောင်ဘိုက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျရှုံးမှုနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အဲ့ဒီကနေ အခုအထိ အတွေ့အကြုံတွေ အများကြီးရခဲ့ပြီး အခု ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။
ချက်အသင်းကတော့ နှစ်ပေါင်း ၂၀ အကြာမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ပြန်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြကူဘက်ခ်က အရာအားလုံးဟာ နည်းဗျူဟာတွေနဲ့ သူတို့ရဲ့အားသာချက်တွေကို ဘယ်လိုအသုံးချမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး ပွဲတွေမှာ စည်းကမ်းပိုင်းနဲ့ ဗျူဟာကို သေချာပေါက်ထိန်းသိမ်းဖို့ လိုတယ်လို့ ပြောခဲ့ တာပါ။
တောင်ကိုရီးယားနဲ့ ချက်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲကို ဇွန်လ ၁၂ ရက် မြန်မာစံတော်ချိန် မနက် ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 166
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁
အင်္ဂလန်အသင်းဟာ ကော်စတာရီကာအသင်းနဲ့ ခြေစမ်းပွဲမှာ ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် နည်းပြတူချယ်လ်က အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။
တူချယ်လ်က “ပွဲမတိုင်မီမှာ ကျနော်တို့ဟာ ပြင်းထန်မှု၊ ကတိကဝတ်၊ စည်းလုံးမှုကနေ နောက်တစ်ဆင့်ကို တွန်းအားပေးချင်တယ်လို့ ကျနော်ပြောခဲ့ပြီး ကျနော်တို့ အဲ့ဒီလို လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ အပူချိန်၊ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ကစားသမားတွေ ဆီကနေ နောက်တစ်ဆင့်တက်ဖို့ ကျနော်တို့ တောင်းဆိုခဲ့ပြီး သူတို့လုပ်နိုင်ခဲ့ပါတယ်။ ရလဒ်က သူ့အလိုလို ကောင်းသွားပေမယ့် ကျနော်တို့ အဆင့်မြင့်မြင့်နဲ့ လုပ်နိုင်ခဲ့တယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ အင်္ဂလန်အသင်းအတွက် ဂိုးတွေကို ဒီကလန်ရိုက်စ်၊ ဂေါ်ဒွန်နဲ့ ဝက်ကင်စ်တို့က သွင်းယူခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲစလုံး ပေးဂိုးမပေးရဘဲ နိုင်ပွဲရယူနိုင်ခဲ့ ပါတယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
အင်္ဂလန်အသင်းဟာ ကြာသပတေးနေ့မှာ မိုင်ယာမီယူနိုက်တက်အသင်းနဲ့ ကွင်းပိတ်ခြေစမ်းပွဲ ကစားဖို့ ရှိနေပါ တယ်။
ဒီပွဲပြီးရင်တော့ အင်္ဂလန်အသင်းဟာ ဖလော်ရီဒါကနေ ထွက်ခွာပြီး ကန်ဆက်စီးတီးမှာရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် သူတို့အခြေစိုက်မယ့် စခန်းကို သွားရောက်မှာပါ။
အင်္ဂလန်အသင်းနဲ့ပူးပေါင်းတာ ရက်ပိုင်းသာရှိသေးတဲ့ ကွင်းလယ်လူ ရိုက်စ်က သူတို့ဟာ အပူချိန်နဲ့လိုက်လျော ညီထွေ ဖြစ်အောင် လုပ်နိုင်ခဲ့ပြီလို့ ထင်ကြောင်းနဲ့ အခုအချိန်မှာ အပူချိန်က ပြဿနာ မဟုတ်ဘူးဆိုတာ မြင်နိုင် တယ်လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ ရက်မှာ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: The Guardian
- By CNI
- Category: အားကစား
- Hits: 169
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀
ဂျူဗင်တပ်စ်အသင်းဟာ လီဗာပူးလ်အသင်း ဂိုးသမား အယ်လီဆန်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် အက်စတွန်ဗီလာအသင်း ဂိုးသမား အီမီမာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဂျူဗင်တပ်စ်အသင်းအနေနဲ့ အီမီမာတီနက်ဇ်အတွက် အက်စတွန်ဗီလာအသင်း တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ပေးနိုင်ခြင်း ရှိ/မရှိအပေါ် မူတည်ပြီး အပြောင်းအရွှေ့ဖြစ်ဖို့ ရှိနေတာပါ။
ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးအသင်း ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို ခေါ်ယူချင်နေတာကြောင့် အီမီမာတီနက်ဇ်ကို ရောင်းချဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အစောပိုင်းက လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ အယ်လီဆန်ကို အသင်းထံ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။

မာတီနက်ဇ်ကို တွေ့ရစဉ်
ဒါပေမယ့် လီဗာပူးလ်အသင်းက တခြားနေရာတွေမှာ ငွေကြေးသုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ဖို့ ရှိနေတာကြောင့် အယ်လီဆန်ကို စာချုပ်ကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်ထိန်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
အယ်လီဆန်ဟာ အီတလီထံ ပြန်သွားဖို့ စိတ်ဝင်စားနေပေမယ့် လီဗာပူးလ်အသင်းအပေါ် သစ္စာရှိတာကြောင့် အသင်းမှာ စာချုပ်ကုန်ဆုံးတဲ့အထိ ဆက်နေဖို့ ရည်ရွယ်ထားပါတယ်။
အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အီမီမာတီနက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး သူ့ကို မရရင် စပါးအသင်း ဂိုးသမား ဗီကာရီယိုကို ပြောင်းလဲပြီး စဉ်းစားနိုင်တာ ဖြစ်ပါတယ်။
ဗီကာရီယိုကလည်း စပါးအသင်းမှာ အနာဂတ် မရေမရာတာကြောင့် အခုနှစ်အစောပိုင်းမှာ အင်တာမီလန်အသင်း နဲ့ ဆွေးနွေးမှုတွေရှိခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ အတွက် ကစားသမား အင်အား တောင့်တင်းအောင် ဖြည့်တင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
Source: Dailymail
