CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၆

အိုင်ဗရီကို့စ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်း ထုတ်ပြန်ခဲ့တာမှာ ခရစ္စတယ်ပဲလေ့စ် အသင်း ကစားသမားဟောင်း ဇာဟာ ချန်လှပ်ခံခဲ့ရပါတယ်။ 

မေဂျာလိဂ်ကလပ် ချာလော့အသင်းမှာ ကစားနေတဲ့ ဇာဟာ,ဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ အိုင်ဗရီကို့စ် အသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့် ကမ္ဘာ့ဖလား လူစာရင်းမှာတော့ ချန်လှပ်ခြင်းခံခဲ့ရတာပါ။ 

အိုင်ဗရီကို့စ်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ဝုလ်ဗ်စ်အသင်းက အက်ဘာဒူ၊ နော်တင်ဟမ်ဖောရက်စ်အသင်းက ဆန်ဂါရီ၊ ယူနိုက်တက်အသင်းက အာမက်နဲ့ ပဲလေ့စ်အသင်းက ဂူဆန်တို့ ပါဝင်ခဲ့ကြပါတယ်။

ပုံစာ- အိုင်ဗရီကို့စ်အသင်း လူစာရင်းကို တွေ့ရစဉ်

အင်္ဂလန်ထိပ်တန်းလိဂ် အတွေ့အကြုံတွေရှိခဲ့ကြတဲ့ ဆီကိုဖိုဖာနာ၊ ဆီရီ၊ အဒင်ဂါရာ၊ ပီပီတို့ကိုလည်း အိုင်ဗရီကို့စ် အသင်း နည်းပြဖေးက ရွေးချယ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ လိုက်ပ်ဇစ်အသင်းက ဒိုင်အိုမန်ဒီ၊ အင်တာမီလန် အသင်းက ဘိုနီတို့ဟာ အိုင်ဗရီကို့စ်အသင်းရဲ့ တိုက်စစ်မှူး စာရင်းထဲမှာ ပါဝင်ခဲ့တာပါ။ 

၂၀၂၄ ခုနှစ်က အာဖရိကဖလား ဗိုလ်လုပွဲမှာ အိုင်ဗရီကို့စ်အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟော်လာဟာ ကမ္ဘာ့ဖလား လူစာရင်းထဲမှာ မပါဝင်ခဲ့ပေမယ့် အရန်သင့် အစားထိုးမယ့် ကစားသမား ၅ ဦးထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

အိုင်ဗရီကို့စ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့အုပ်စု E မှာ ဂျာမနီ၊ အီကွေဒေါ၊ ကူရာဆောအသင်းတို့နဲ့ ကျရောက်နေတာပါ။ 

အိုင်ဗရီကို့စ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ပြင်ဆင်မှုအဖြစ် ဇွန်လ ၄ ရက်မှာ ပြင်သစ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: BBC