- By CNI
- Category: အားကစား
- Hits: 2760
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၈
မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုနှစ်ရာသီကို ဖလားလက်မဲ့နဲ့ ကုန်ဆုံးမှာဖြစ်တာကြောင့် ရော်နယ်ဒို ဟာ အပိုဆုကြေး ပေါင်(၅)သန်းရမှာ မဟုတ်တော့ဘူးလို့ metro သတင်းက ဖော်ပြလိုက်ပါတယ်။
ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီက ဂျုဗင်တပ်စ် ကနေ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းကို ပေါင်(၁၂)သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ရုန်းကန်နေရပေမယ့် ရော်နယ်ဒိုဟာ ပွဲပေါင်း(၃၃)ပွဲ ပါဝင်ကစားထားပြီး (၁၈)ဂိုး သွင်းယူထားတာပါ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီ ဖလားရယူနိုင်စရာပြိုင်ပွဲတွေဖြစ်တဲ့ အက်ဖ်အေဖလား၊ ကာရာ ဘောင်းနဲ့ ချန်ပီယံလိဂ်တို့ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
ရော်နယ်ဒို ဟာ ဂျုဗင်တပ်စ် အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၇)သိန်းဝန်းကျင်ရရှိခဲ့ပေမယ့် လုပ်ခလစာကြီးကြီး မားမား လျှော့ချပြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဆုဖလားတွေရယူနိုင်ခဲ့မယ်ဆိုရင် ရော်နယ်ဒို ဟာ အပိုဆုကြေးအများအပြားကို ရရှိမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့ရင် ရော်နယ်ဒိုဟာ အပိုဆုကြေး (၂.၅)သန်း ရရှိမှာပါ။
(၂၀၁၃)နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ပေါင်(၁.၅)သန်းနဲ့ ပြည်တွင်းဖလား တွေကို ရခဲ့ရင် ပေါင်(၁)သန်းကို ရော်နယ်ဒို ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဟာ (၅)ရာသီဆက် ဆုဖလား လက်မဲ့ရာသီကို ဖြတ်သန်းရမှာဖြစ်တာကြောင့် ရော်နယ်ဒို ဟာ အပိုဆုကြေးပေါင်(၅)သန်း ဆုံးရှုံးသွားခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်တော့ ရော်နယ်ဒိုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တွေထပ်မံရှိနေတာဖြစ်ပါတယ်။
ရော်နယ်ဒို ဟာ အခုနှစ်ရာသီအကုန်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စဉ်းစားနိုင်ဖွယ်ရှိနေကာ အသင်းသာ ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)သင်းထဲ မဝင်ခဲ့ရင် ထွက်ခွာသွားဖွယ်ရှိနေတာပါ။ပေါ်တူဂီ အသင်းခေါင်းဆောင် ဟာ လက်ရှိအချိန်မှာ နိုင်ငံအသင်းနဲ့အတူ ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ အာရုံစိုက် နေတာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1894
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၈
နှလုံးရောဂါ သက်သာပြီးနောက် နယ်သာလန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒိန်းမတ်အတွက် ပါဝင်ကစားခဲ့တဲ့ အဲရစ်ဆင်ဟာ ပွဲအပြီးအင်တာဗျူးဖြေဆိုရာမှာ အကြွေစေ့နဲ့ ပစ်ပေါက်ခံခဲ့ရပါတယ်။
ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို(၂၀၂၀) ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ နှလုံးရပ်ခဲ့တာကြောင့် ကွင်းအတွင်းလဲကျ ခဲ့တဲ့ အဲရစ်ဆင် ဟာ ရက်ပေါင်း(၂၈၇)ရက်အကြာမှာ နိုင်ငံအသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် ပါဝင် ကစားနိုင် ခဲ့တာပါ။ အဲရစ်ဆင်ဟာ နယ်သာလန် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ ဒုတိယပိုင်းမှ ဒိန်းမတ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆင် လူစားဝင်ရောက်လာချိန်မှာ ကွင်းထဲမှာရှိတဲ့ သူတိုင်းဟာ လက်ခုပ်တီးကာ ကြိုဆိုခဲ့ကြတာပါ။
အဲရစ်ဆင် ဟာ လူစားဝင်ပြီး (၂)မိနစ်အကြာမှာပဲ ဒိန်းမတ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူ ပေးနိုင် ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ နယ်သာလန် အသင်းက ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆင် ဟာ ပွဲအပြီးအင်တာဗျုးဖြေဆိုရာမှာ အံအားသင့်ဖွယ် အကြွေစေ့နဲ့ ပစ်ပေါက်တာခံခဲ့ရတာပါ။အဲရစ်ဆင် ဟာ အကြွေစေ့ သူ့ကို ထိမှန်သွားခဲ့တာကြောင့် အနည်းငယ်စိတ်ပျက်သွားခဲ့ပါတယ်။ ဒါကို အံအားသင့်ဖွယ် ကြည့်ရင်းနဲ့ အဲရစ်ဆင် က “သူတို့က အကြွေစေ့ကို ပစ်ချလိုက်တာလား မယုံနိုင်စရာပါပဲ”လို့ ပြောသွားခဲ့ပါသေးတယ်။
နှလုံးခုန်နှုန်း ထိန်းချုပ်စက်(ICD) တပ်ဆင်ထားတဲ့ အဲရစ်ဆင် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ ဘရန်ဖိုဒ့် အသင်းကို အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာပါ။အဲရစ်ဆင် ဟာ ဖေဖော်ဝါရီ(၂၆)ရက်က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ဘရန်ဖိုဒ့်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့ပြီး နောဝစ်ချ်နဲ့ ဘန်လေတို့ ပွဲမှာတော့ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆင် ဟာ ဒိန်းမတ်လက်ရွေးစင် အသင်းနဲ့အတူ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့ ပစ်မှတ်ထား နေခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆင်က “ဘောလုံးက ကျနော့်ဆီကို ရောက်လာတဲ့အတွက် ပျော်ရွှင်ပြီး အလွန် ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခုဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာဘောလုံးလောကို တကျော့ပြန်စတင်ဖို့ ဒါက ပြီးပြည့်စုံတဲ့နည်းလမ်းပါပဲ။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ကြားထဲမှာလည်း ပွဲတွေအများကြီးရှိတာကြောင့် သူတို့တွေကိုလည်း အာရုံစိုက်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
Source:TheSun
- By CNI
- Category: အားကစား
- Hits: 2002
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၈
ကနေဒါ အသင်းဟာ ဂျမေကာ အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီးနောက် နှစ်ပေါင်း(၃၆)နှစ်ကြာမှ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။
ကနေဒါ အသင်းဟာ ဒီပွဲအနိုင်ရခဲ့တဲ့အတွက် မြောက်အမေရိကဇုန်မှာ အဆင့်(၁)နေရာ ရပ်တည်ပြီး ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲကို အောင်မြင်ခဲ့တာပါ။ ကနေဒါ အသင်းဟာ (၁၉၈၆) က မက္ကဆီကို နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ခြင်းမရှိတော့တာဖြစ်ပါတယ်။အဲဒါကြောင့် ကနေဒါ အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြန်လည် ယှဉ်ပြိုင် ခွင့်ရဖို့အတွက် နှစ်ပေါင်း(၃၆)နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာပါ။
ဂျမေကာနဲ့ပွဲအပြီးမှာ ကနေဒါ ပရိသတ်တွေဟာ ကွင်းထဲဝင်ရောက်ပြီး ကစားသမားတွေနဲ့ အောင်ပွဲခံခဲ့ကြပါ တယ်။ ဒီပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကနေဒါ နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ် ဟာ နိုင်ငံရဲ့ အောင်မြင်မှုအတွက် မျက်ရည်မထိန်းချုပ်နိုင်ပဲ ဖြစ်ခဲ့ရတာပါ။ “ကျနော် ကမ္ဘာ့ဖလား သွားကစား ရတော့မယ်။ ကျနော်တို့ ကမ္ဘာ့ဖလားသွားရတော့မယ်။ ကျနော် မယုံနိုင်သေးပါဘူး။ကျနော် ငိုကြွေးနေတယ်။ ကျနော် အိမ်မက် တွေ တကယ်ဖြစ်လာပြီ” လို့ ပြောခဲ့ပါတယ်။
ကနေဒါ နည်းပြ ဟာဒ့်မန်းကလည်း သူတို့နိုင်ငံဟာ ဘောလုံးတိုင်းပြည်ဖြစ်ပြီး သူတို့လိုချင်တာ ဒါပဲလို့ ပြောသွားခဲ့ပါတယ်။ “ကျနော်မယုံနိုင်သေးပါဘူး။ ကျနော်ဟာ ဒီလိုယုံကြည်မှုအကြောင်းကို ပြောခဲ့ပေမယ့် နောက်ဆုံးကြုံတွေ့လာတဲ့အချိန်မှာ ကျနော်စကားမပြောနိုင်တော့ပါဘူး။ ကျနော်တို့ဟာ ဘောလုံးနိုင်ငံပါ။ ကျနော်တို့လိုချင်တာလည်း ဒါပါပဲ။ ကျနော်တို့ဟာ ဘောလုံးနိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ လူတွေကို ယုံကြည်စေပြီး ဒါကိုလည်း သက်သေပြသနိုင်ခဲ့တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မြောက်အမေရိကဇုန်က ကနေဒါ တစ်သင်းတည်းသာ ခြေစစ်ပွဲ အောင်မြင် ထားတာပါ။အမေရိကန်နဲ့ မက္ကဆီကို အသင်းတို့ကလည်း နောက်ဆုံးပွဲစဉ်မှာ သရေတစ်မှတ်ရတာနဲ့ ခြေစစ်ပွဲ အောင်မြင်တော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်ကာတာ အပါအဝင် ခြေစစ်ပွဲအောင် အသင်းအရေအတွက် (၂၀)အထိ ရှိလာပြီလည်းဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1729
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၆
ရော်နယ်ဒိုဟာ Bugatti နာရီ အသစ်တစ်လုံးကို ဒေါ်လာ(၁)သန်းကျော် သုံးစွဲပြီး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနာရီ ဟာ ၂၀၂၂ ထဲမှာ စျေးအကြီးဆုံး နာရီတွေထဲက တစ်ခုလည်း ဖြစ်ဖွယ်ရှိနေပါတယ်။
ဒီနာရီဟာ ရော်နယ်ဒိုရဲ့ Bugatti Chiron ဟိုက်ပါကားနဲ့လည်း ကိုက်ညီမှုရှိတာပါ။ ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံး ရရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ နာရီဟာ လက်လီစျေးထက် သိသိသာသာ ပိုပြီး တန်ဖိုးရှိတာ ဖြစ်ပါတယ်။
အဆိုပါနာရီဟာ အကျယ် ၅၅ မီလီမီတာနဲ့ အမြင့် ၂၀ မီလီမီတာရှိပြီး အဖြူရောင် baguette စိန် ၂၃၂ လုံး အပြင် အမည်း ရောင် နီလာ ၁၀၉ လုံးနဲ့ စီခြယ်ထားပြီး စုစုပေါင်း ကျောက်မျက်ရတနာ ၂၁ ကာရတ် ပါဝင်တာပါ။
Bugatti Chiron ရဲ့ W16 အင်ဂျင်ကို နီလာသလင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ အသေးစား ပုံစံတူလည်း ဒီထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါနာရီထဲမှာ သူ့ရဲ့ CR7 အမှတ်တံဆိပ်ကိုလည်း ထည့်သွင်းခဲ့ပါတယ်။
ရော်နယ်ဒို ဝယ်လိုက်တဲ့ ဒေါ်လာ ၁ သန်းကျော် နာရီ
အဲ့ဒီလို အရာတွေ ပါဝင်တဲ့အတွက်လည်း ရော်နယ်ဒိုဟာ ဒီနာရီကို ဒေါ်လာ(၁)သန်းကျော် အကုန်အကျခံ ဝယ်ယူခဲ့တာ ဖြစ်ပါ တယ်။
ရော်နယ်ဒိုဟာ တန်ဖိုးကြီး နာရီပေါင်းများစွာကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူ့ရဲ့ စုဆောင်းထားမှုမှာ နာမည်ကြီး တံဆိပ်တွေဖြစ် တဲ့ Hublot၊ Rolex၊ Richard Mille တို့လို အရာတွေလည်း ပါဝင်တာပါ။ Forbes ရဲ့ အဆိုအရ ရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ သန်း ၁၂၀ တန်ကြေးရှိပြီး မက်ဆီ၊ မက်ဂရီဂေါတို့နဲ့အတူ တန်ဖိုးအရှိဆုံး အားကစားသမားတွေ အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ်အဖြစ် မြောက်မက်ဆီဒိုးနီးယား အသင်းနဲ့ ယှဉ်ပြိုင်ဖို့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်နိုင်တဲ့ ဒီပြိုင်ပွဲကို ပါဝင်နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိနေတာလည်း ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1889
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၆
ရီးရယ်လ် အသင်း တိုက်စစ်ကစားသမား ဟာဇတ် ဟာ ညာဘက်ခြေထောက်ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်တယ်လို့ ကလပ်အသင်းက သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဟာဇတ် ဟာ ဖေဖော်ဝါရီ(၁၉)ရက်က အလာဗတ်စ် အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ (၅)မိနစ်ကြာ လူစားဝင်ကစား ပြီးတည်းက ရီးရယ်လ် အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတာပါ။ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစား သမားဟာ ဘာစီလိုနာ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း ရီးရယ်လ် အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် အရန် ကစားသမားအဖြစ်နဲ့သာ ပွဲကို ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။
ရီးရယ်လ် အသင်းက ဟာဇတ်ကို ခွဲစိတ်ကုသမှုခံယူဖို့ လိုတယ်လို့ပြောထားတာကြောင့် ကစားသမားဟာ အသင်း ရဲ့ ပွဲစဉ်အချို့ကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ ဟာဇတ် ဟာ ဒီရာသီ ရီးရယ်လ် အသင်းအတွက် ပါဝင် ကစားခဲ့ တဲ့ (၂၁)ပွဲမှာ (၈)ပွဲကိုသာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီး ကစားသမားဟာ ရီးရယ်လ် အသင်းမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး အသင်းကို ရောက်ရှိလာခဲ့တဲ့ (၂၀၁၉) ဇူလိုင်လကတည်းက (၆၅)ပွဲ သာ အကန့်အသတ်နဲ့ ကစားနိုင်ခဲ့တာပါ။
ရီးရယ်လ် အသင်းကတော့ ဟာဇတ်ရဲ့ ပွဲကစားချိန်ထက် အနားယူနေချိန်က ပိုများနေတဲ့အပေါ်မှာ အလွန် စိတ်ပျက်နေပြီး အခုရာသီအကုန်မှာ ရောင်းချသွားဖို့ ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဟာဇတ် ဟာ အသင်းရဲ့ လုပ်ခလစာအများဆုံး ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်တဲ့အတွက် သူ့ကို ရောင်းချလိုက်မယ် ဆိုရင် အသင်းအနေနဲ့ ပေးချေရတဲ့ လုပ်ခလစာကလည်း လျော့ကျသွားနိုင်တာပါ။ ဟာဇတ် ဟာ ရီးရယ်လ်အသင်း အတွက် ပါဝင်ကစားခဲ့တဲ့ (၆၅)ပွဲမှာ (၆)ဂိုးသာ သွင်းယူနိုင်ထားတာဖြစ်ပါတယ်။
ဟာဇတ် ဟာ ဒဏ်ရာကြောင့် အနားယူရမှာဖြစ်တဲ့အတွက် အသင်းဟောင်း ချယ်လ်ဆီး အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ဖို့ရှိနေတာပါ။ ရီးရယ်လ် အသင်းဟာ လာမယ့်နွေရာသီ အပြောင်း အရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းစေဖို့အတွက် ဘတ်ပီနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေတာဖြစ်ပါတယ်။
အဲဒါကြောင့် ရီးရယ်လ် အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ဟာဇတ် အပါအဝင် အသင်းမှာရှိတဲ့ ကစား သမားအချို့ကို ရောင်းချပြီး ဘတ်ဂျတ်ရှာဖွေနိုင်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 2072
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၆
တူရကီ ပရိသတ်တစ်ဦးဟာ ပေါ်တူဂီနဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် အကြိုဗိုလ်လုပွဲမှာ ယီလ်မတ်စ်ရဲ့ အရေးပါတဲ့ ပင်နယ်တီဂိုးလွဲချော်မှုကို ကြည့်ရှုပြီး သူ့ရဲ့ တီဗီကိုသေနတ်နဲ့ ပစ်ခဲ့ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီ အသင်းက တူရကီ အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး ပလေးအောဖ့် ဗိုလ်လုပွဲ တက်နိုင် ခဲ့တာပါ။ ပေါ်တူဂီအသင်းဟာ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ပွဲချိန်(၆၅)မိနစ်မှာ ယီလ်မတ်စ် က ချေပဂိုးသွင်းယူခဲ့ပါတယ်။ အဲဒါကြောင့် တူရကီအသင်းဟာ နောက်ထပ်ချေပဂိုးရဖို့ ကြိုးစားရင်းနဲ့ ပွဲချိန်(၈၄)မိနစ် မှာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့တာပါ။ ဒီပင်နယ်တီကို ယီလ်မတ်စ် က ကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ယီလ်မတ်စ်ရဲ့ ကန်သွင်းချက်ဟာ လွဲချော်သွားခဲ့တာကြောင့် တူရကီအသင်းအတွက်(၂၀၀၂) နာက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမယ့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ရတာပါ။
တူရကီ အသင်း အရေးနိမ့်ပြီးနောက် ဒေါသထွက်နေတဲ့ ပရိသတ်တစ်ဦးက တီဗီကို သေနတ်နဲ့ပစ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီပရိသတ်ဟာ ပင်နယ်တီ ကန်သွင်းချိန်မှာကတည်းက သေနတ်ကို ချိန်ရွယ်ထားခဲ့ပြီး ပင်နယ်တီ လွဲသွားတာနဲ့ တီဗီကို သေနတ်နဲ့ပစ်လိုက်တာဖြစ်ပါတယ်။
ယီလ်မတ်စ် ကလည်း ဒီပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွား ခဲ့ပါတယ်။ “ကျနော် ဘယ်လိုလုပ် ဂိုးမသွင်းနိုင်ခဲ့လဲဆိုတာကို မသိပါဘူး။ကျနော် အခုထိ တုန်လှုပ်နေတုန်းပါပဲ။ ကျနော်တို့ နိုင်ငံအတွက် ဒါဟာ စိတ်ပျက်စရာပါ။ အဲဒါကြောင့် ကျနော် အလွန်စိတ်မကောင်းပါဘူး။ ဒါဟာ ကျနော့်ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားအခွင့်အရေးပါ။ အခုတော့ ဒါဟာ ပြီးဆုံးသွားပါပြီ” လို့ ပြောခဲ့ပါတယ်။
အနိုင်ရသွားခဲ့တဲ့ ပေါ်တူဂီအသင်းကတော့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ဗိုလ်လုပွဲအဖြစ် အီတလီ အသင်းကို အနိုင်ရခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:TheSun
- By CNI
- Category: အားကစား
- Hits: 1709
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၆
ဂျီဒတ်ရှ်ရှိ လမ်းကြောင်းအနီးမှာ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နာရီအတော်ကြာအောင် အစည်းအဝေး ပြုလုပ်ပြီးနောက် ဆော်ဒီဂရမ်းပရီပြိုင်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဆက်ပြီးကျင်းပသွားမယ်လို့ ဖော်မြူလာဝမ်းက အတည် ပြုထားပါတယ်။
ပြိုင်ပွဲဝင် ယာဉ်မောင်းတွေဟာ သောကြာနေ့မှာ လေ့ကျင့်မှုတွေ ပြုလုပ်ပြီးနောက် ပြိုင်ပွဲကို ယှဉ်ပြိုင်သင့်လား ဆိုပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ အထက်လူကြီးတွေက ဒီပြိုင်ပွဲအတွက် အာမခံချက်ပေးပြီးနောက် ယှဉ်ပြိုင်ဖို့ သဘော တူညီခဲ့တာ ဖြစ်ပါတယ်။
ယီမင်နိုင်ငံရှိ ဟူသီသူပုန်တွေဟာ ပြိုင်ပွဲလမ်းကြောင်းနဲ့ (၉)မိုင်ခန့် အကွာရှိ ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့တာဟာ သူတို့ လက်ချက်ကြောင်း ပြောထားတယ်လို့ အေပီသတင်းက ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုအပြီးမှာ အသင်းနည်းပြတွေနဲ့ ယာဉ်မောင်းတွေဟာ ဖော်မြူလာဝမ်းဥက္ကဋ္ဌ ဒိုမီနီကာလီနဲ့ တွေ့ဆုံခဲ့တာ ကြောင့် ပြိုင်ပွဲအတွက် ဒုတိယမြောက် လေ့ကျင့်မှုပြုလုပ်ဖို့ ၁၅ မိနစ်ခန့် နောက်ကျခဲ့ပါတယ်။
ဖော်မြူလာဝမ်းရဲ့ ထုတ်ပြန်ချက်မှာ “ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို လိုက်ကြည့်ပြီးနောက် ဖော်မြူလာဝမ်းဟာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ နီးကပ်စွာ အဆက်အသွယ် ပြုလုပ်ထားပါတယ်။ အစီအစဉ်အတိုင်း ကျင်းပနိုင်မယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ ဒီအခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေ ပါတယ်”လို့ ပြောပါတယ်။
တာ၀န်ရှိသူများ (f1)
ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံ ဗာစတန်ပန်က သောကြာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ချိန်အတွင်းမှာ “ကျနော်တော့ အနည်းငယ် ပူလောင်တဲ့ ခံစားချက်ကို ရလိုက်ပါတယ်။ ဒါဟာ ကျနော့်အသင်းက ကားလား တခြားကားလား ဆိုတာတောင် မသိတော့ဘူး”လို့ ပြောခဲ့ပါတယ်။
Saudi Motorsport Company ကလည်း “ဆော်ဒီလုံခြုံရေး အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိနေပြီး ပြိုင်ပွဲအတွက် လိုအပ်တဲ့ ဘေးကင်းလုံခြုံရေး အစီအစဉ်တွေကို ဆောင်ရွက်နေပါတယ်။ ကျနော်တို့ ဧည့်သည်တွေအားလုံးရဲ့ လုံခြုံမှုနဲ့ လုံခြုံရေးဟာ ကျနော်တို့ရဲ့ အဓိကဦးစားပေးအဖြစ် တည်ရှိနေတယ်”လို့ ပြောထားပါတယ်။
ဆော်ဒီဂရမ်းပရီပြိုင်ပွဲကို မတ်လ ၂၇ ရက်မှာ ကျင်းပသွားမှာပါ။
အခုနှစ်ရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘာရိန်းဂရမ်းပရီပြိုင်ပွဲမှာတော့ ဖာရာရီ ကားမောင်းသမား ချာလတ်စ်က အနိုင်ရထားတာ ဖြစ်ပါတယ်။
Source:Metro/BBC
- By CNI
- Category: အားကစား
- Hits: 1807
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၅
ရုရှားတင်းနစ်ကစားသမား မက်ဗီဒက်ဗ် က ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေပြင်းထန်နေတာကြောင့် သူ ဘယ်လောက်ကြာကြာ တင်းနစ်ပွဲတွေ ကစားနိုင်မလဲဆိုတာ မသိကြောင်း ဝန်ခံလ်ိုက်ပါတယ်။
အားကစားဝန်ကြီး ဟက်ဒဲလ်စတန်က မက်ဗီဒက်ဗ် အပါအဝင် ဝင်ဘယ်လ်ဒန်မှာ ကစားနေတဲ့ အခြား ရုရှား ကစားသမားတွေအကြောင်းကို မကြာသေးခင်က မှတ်ချက်ပေးခဲ့တာပါ။ မက်ဗီဒက်ဗ်အနေနဲ့ ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ကစားဖို့အတွက် သူဟာ ကျုးကျော်မှုကို ထောက်ခံသူမဟုတ်ကြောင်း အာမခံချက်မျိုး ပေးသင့်တယ်လို့ အားကစားဝန်ကြီးက အကြံပြုခဲ့တာဖြစ်ပါတယ်။
မက်ဗီဒက်ဗ် က “ကျနော်ဟာ ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်ဖို့ ကြိုးစားပါတယ်။ ကျနော် ဆိုလိုချင်တာက ကစားရန် ဒါမှမဟုတ် မကစားဖို့ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ အမျိုးမျိုးရှိပါတယ်။ အရိုးသားဆုံးပြောရမယ်ဆိုရင် ကျနော့်မှာ ပြောစရာရှိပါတယ်။ ဒါက ပြိုင်ပွဲတိုင်းနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီပွဲပြီးရင် နောက်တစ်ပွဲက မွန်တီကာလိုပါ။ ကျနော်ဟာ ဒီပြိုင်ပွဲတွေကို နှစ်သက်ပါတယ်။ ဝင်ဘယ်လ်ဒန်နဲ့ပတ်သက်ပြီး တုံ့ပြန်မှု တစ်စုံ တစ်ရာ မရှိပါဘူး။ ဖြစ်ပျက်နေတဲ့အရာတွေကို လူတိုင်းသိပါတယ်။ အဲဒါကြောင့် အခြေခံအားဖြင့် ကျုးကျော်တာ ကို လျစ်လျုရှုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် ရုရှားကစားသမားက “ဒါပေမယ့် ကမ္ဘာပေါ်က မတူညီတဲ့အရာတွေအပေါ် လူတိုင်းမှာ မတူညီတဲ့ အမြင်တွေရှိတယ်လို့ ကျနော်အမြဲတမ်းပြောခဲ့ဖူးပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း ကျနော် အမြဲတမ်းပြောခဲ့ပါတယ်။ ဘဝမှာ ဘယ်အရာက မျှတပြီး ဘယ်အရာက မမျှတဘူးဆိုတာနဲ့ပတ်သက်ပြီး စကားပြောရတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် ကျနော့်မှာ မတူညီတဲ့အကြောင်းအရာတွေအပေါ်မှာ ကိုယ်ပိုင်အမြင်တွေရှိပေမယ့် ကျနော့်မိသားစု၊ ကျနော့်ဇနီးနဲ့ သူတို့အကြောင်းပြောရတာ ပိုကြိုက်ပါတယ်။ တစ်ခါတစ်ရံမှာ သဘောမတူနိုင်ပေမယ့် ဆွေးနွေးနိုင်တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
မက်ဗီဒက်ဗ် ဟာ လက်ရှိ ကမ္ဘာ့အဆင့်(၂)နေရာမှာ ရပ်တည်နေပြီး (၂၀၂၁) က ကျင်းပခဲ့တဲ့ အမေရိကန် အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ မက်ဗီဒက်ဗ် ဟာ ကျင်းပနေတဲ့ မီယာမီအိုးပန်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဒုတိယအဆင့်မှာ ဗြိတိန်နိုင်ငံသား အန်ဒီမာရေးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1367
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၅
စကော့တလန်နဲ့ ပိုလန်အသင်း ပရိသတ်တွေဟာ ယူကရိန်းအတွက် ရန်ပုံငွေရှာဖွေဖို့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အပြာရောင်နဲ့ အဝါရောင် ပင်လယ်ပြင်ကို ဖန်တီးဖို့ ပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပွဲဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခံခဲ့ရတဲ့ ယူကရိန်းနိုင်ငံအတွက် ကူညီပံ့ပိုးပေးတဲ့ ပွဲပါ။ ဒီပွဲရဲ့ လက်မှတ်တစ်ခုချင်းစီကနေ ရရှိတဲ့ ငွေတွေဟာ ယူနီဆက်ဖ်ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုမှာ ယူကရိန်းနဲ့ နောက်ဆက်တွဲ ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းရာမှာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ဒီပွဲဟာ ခြေစမ်းပွဲဖြစ်ပေမယ့် ၂ သင်းလုံး ပရိသတ်တွေဟာ ကွင်းလုံးပြည့် လာရောက် အားပေးခဲ့ကြတာပါ။ ကွင်းထဲမှာ ယူကရိန်း အလံတွေ အများအပြား ရှိနေသလို စကော့တလန်နဲ့ ပိုလန်အလံတွေကလည်း အားကစားကွင်း တစ်လျှောက် ပြန့်ကျဲနေတာ ဖြစ်ပါတယ်။
အလံတွေ အများအပြားမှာလည်း စစ်ပွဲကိုရပ်ပါဆိုတဲ့ စာသားတွေကို ရေးသားခဲ့တာပါ။ ၂ သင်းလုံးက ကစားသမားတွေဟာ သွေးပူ လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ယူနီဆက်ဖ် အမှတ်တံဆိပ်ပါတဲ့ တီရှပ်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ ပရိသတ် တစ်ဦး ဟာဆိုရင် သူ့ရဲ့ မျက်နှာမှာ နိုင်ငံ(၃)နိုင်ငံရဲ့ အလံကို ခြယ်မှုန်းထားခဲ့တာပါ။ ထောင့်ကန်ဘော အလံတိုင်ကိုလည်း ယူကရိန်း အလံ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ယူကရိန်းကို ထောက်ခံအားပေးမှုကို တွေ့ရစဉ်(The Sun)
ဒီခြေစမ်းပွဲကတော့ တစ်ဖက်တစ်ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ တီယာနေးက စကော့တလန် အသင်းအတွက် ပွဲချိန် ၆၈ မိနစ်မှာ ဦးဆောင် ဂိုးသွင်းခဲ့တာဖြစ်ပြီး ပိုလန်အတွက် ချေပဂိုးကို မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၄ မိနစ်မှာ ပီယာတက်ခ် က သွင်းယူခဲ့တာပါ။
ပိုလန် အသင်းဟာ မူလက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် အကြိုဗိုလ်လုပွဲအဖြစ် ရုရှားအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားကို ဖီဖာက ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့တာကြောင့် အလိုအလျောက် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ပိုလန် အသင်းဟာ ဗိုလ်လုပွဲအဖြစ် ဆွီဒင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ စကော့တလန် အသင်းကတော့ ယူကရိန်း အသင်းနဲ့ ပလေးအောဖ့် ကစားရမှာဖြစ်ပေမယ့် ယူကရိန်းအသင်းက ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားတာကြောင့် ဖီဖာက ဒီပွဲကို ရွှေ့ဆိုင်းပေးထားတာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 1472
CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၅
ဝေဖန်သူတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သူတို့ကိုယ်သူတို့ ရှက်သင့်တယ်လို့ ဂါရတ်ဘေးလ် က ဝေးလ်စ် အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့်ဗိုလ်လုပွဲပို့ဆောင်ခဲ့ပြီးနောက် တုံ့ပြန်လိုက်ပါတယ်။
ဝေးလ်စ် အသင်းက သြစတြီးယား အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေး အောဖ့် အကြိုဗိုလ်လုပွဲမှာ ဂါရတ်ဘေးလ် ဟာ ဝေးလ်စ် အတွက် (၂)ဂိုးလုံးကို သွင်းယူပေးနိုင်ခဲ့တာပါ။ ဝေးလ်စ် အသင်းဟာ ပလေးအောဖ့် ဗိုလ်လုပွဲအဖြစ် စကော့တလန်နဲ့ ယူကရိန်းတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ စကော့တလန်နဲ့ ယူကရိန်းတို့ ပွဲကို ရွှေ့ဆိုင်းထားတာပါ။
မက်ဒရစ်နေ့စဉ်သတင်းစာဖြစ်တဲ့ မာကာ က ဂါရတ်ဘေးလ်ကို ဝေးလ်စ်ကပ်ပါးကောင်ဆိုပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ် ဟာ ရီးရယ်လ် အသင်းမှာ တစ်ပတ်လုပ်ခပေါင်(၆)သိန်းရရှိနေပေမယ့် အသင်း အတွက် အသုံးမဝင်ဘဲ ရီးရယ်လ်ဆီကနေ ပိုက်ဆံတွေစုပ်ယူနေတယ်လို့ မာကာ က စွပ်စွဲထားတာပါ။ ဂါရတ်ဘေးလ် ဟာ သြဂုတ်လကုန်ကတည်းက ရီးရယ်လ်အတွက် (၂)ပွဲသာ ကစားရသေးတာဖြစ်ပေမယ့် လက်ရွေးစင်အသင်း အတွက်တော့ ပါဝင်ကစားပြီး ခြေစွမ်းပြသနေတာပါ။
သြစတြီးယားနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် စိတ်အားထက်သန်စွာ အောင်ပွဲခံခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဂါရတ်ဘေးလ် က “ကျနော် မက်ဆေ့ချ် ပေးပို့ဖို့ မလိုပါဘူး။ ကျနော့်ရဲ့အချိန်တွေကို ဖြုန်းတာပါပဲ။ ဒါဟာ စက်ဆုပ် ရွံရှာဖွယ်ကောင်းပြီး သူတို့အားလုံး သူတို့ကိုယ်သူတို့ရှက်သင့်ပါတယ်။ ဒါတွေကို ကျနော် အာရုံမစိုက်ထားပါဘူး လို့” ပြောခဲ့ပါတယ်။
ဒ့ါအပြင် ဂါရတ်ဘေးလ် က “ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ဖို့ တစ်ပွဲပဲလိုပါတယ်။ အလွန်ကောင်းပါတယ်။ ကျနော်တို့ အလုပ်တစ်ဝက်ပြီးသွားပြီလို့ ထင်ပါတယ်။ကောင်းတဲ့အချက်ကတော့ ဒီညမှာ ကျနော်တို့ ပျော်ရွှင် နိုင်မယ်လို့ထင်ပါတယ်။ စကော့တလန် ဒါမှမဟုတ် ယူကရိန်းနဲ့နောက်ထပ်ခက်ခဲတဲ့ပွဲတွေ ရင်ဆိုင်ရမှာဖြစ်တဲ့ အတွက် အဆင်သင့်ဖြစ်ဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။
ဂါရတ်ဘေးလ် ဟာ ဝေးလ်စ်အသင်းကို (၁၉၅၈)ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ ဂါရတ်ဘေးလ်နဲ့ ရီးရယ်လ် အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် စပိန်ကလပ်ကနေ အလွတ်နဲ့ထွက်ခွာတော့မှာလည်းဖြစ်ပါတယ်။
Source:Goal
