CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၆

ရော်နယ်ဒိုဟာ Bugatti နာရီ အသစ်တစ်လုံးကို ဒေါ်လာ(၁)သန်းကျော် သုံးစွဲပြီး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနာရီ ဟာ ၂၀၂၂ ထဲမှာ စျေးအကြီးဆုံး နာရီတွေထဲက တစ်ခုလည်း ဖြစ်ဖွယ်ရှိနေပါတယ်။

ဒီနာရီဟာ ရော်နယ်ဒိုရဲ့ Bugatti Chiron ဟိုက်ပါကားနဲ့လည်း ကိုက်ညီမှုရှိတာပါ။ ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံး ရရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ နာရီဟာ လက်လီစျေးထက် သိသိသာသာ ပိုပြီး တန်ဖိုးရှိတာ ဖြစ်ပါတယ်။

အဆိုပါနာရီဟာ အကျယ် ၅၅ မီလီမီတာနဲ့ အမြင့် ၂၀ မီလီမီတာရှိပြီး အဖြူရောင် baguette စိန် ၂၃၂ လုံး အပြင် အမည်း ရောင် နီလာ ၁၀၉ လုံးနဲ့ စီခြယ်ထားပြီး စုစုပေါင်း ကျောက်မျက်ရတနာ ၂၁ ကာရတ် ပါဝင်တာပါ။

Bugatti Chiron ရဲ့ W16 အင်ဂျင်ကို နီလာသလင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ အသေးစား ပုံစံတူလည်း ဒီထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါနာရီထဲမှာ သူ့ရဲ့ CR7 အမှတ်တံဆိပ်ကိုလည်း ထည့်သွင်းခဲ့ပါတယ်။

ရော်နယ်ဒို ဝယ်လိုက်တဲ့ ဒေါ်လာ ၁ သန်းကျော် နာရီ

အဲ့ဒီလို အရာတွေ ပါဝင်တဲ့အတွက်လည်း ရော်နယ်ဒိုဟာ ဒီနာရီကို ဒေါ်လာ(၁)သန်းကျော် အကုန်အကျခံ ဝယ်ယူခဲ့တာ ဖြစ်ပါ တယ်။

ရော်နယ်ဒိုဟာ တန်ဖိုးကြီး နာရီပေါင်းများစွာကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူ့ရဲ့ စုဆောင်းထားမှုမှာ နာမည်ကြီး တံဆိပ်တွေဖြစ် တဲ့ Hublot၊ Rolex၊ Richard Mille တို့လို အရာတွေလည်း ပါဝင်တာပါ။ Forbes ရဲ့ အဆိုအရ ရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ သန်း ၁၂၀ တန်ကြေးရှိပြီး မက်ဆီ၊ မက်ဂရီဂေါတို့နဲ့အတူ တန်ဖိုးအရှိဆုံး အားကစားသမားတွေ အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ်အဖြစ် မြောက်မက်ဆီဒိုးနီးယား အသင်းနဲ့ ယှဉ်ပြိုင်ဖို့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်နိုင်တဲ့ ဒီပြိုင်ပွဲကို ပါဝင်နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိနေတာလည်း ဖြစ်ပါတယ်။

Source: Daily Mail