CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၆

ပရီးမီးယားလိဂ်ကလပ် ဘရန်ဖို့ဒ်အသင်းသားတွေ လက်မှတ်ရေးထိုးထားတဲ့ အသင်းရဲ့ဝတ်စုံတစ်စုံကို ဟားငါးကောင်အဖွဲ့ထံ ပေးပို့ခဲ့တယ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပိုးလေးက သူ့ရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးတင်ထားပါတယ်။

ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးတွင် အမှန်တရားဘက် ရပ်တည်နေတဲ့အတွက် သူတို့အသင်းက ဂုဏ်ပြုတာလို့လည်း ပိုးလေးက ရေးသားထားတာပါ။

ဘရန်ဖို့ဒ်အသင်းဟာ မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ ဘရန်ဖို့ဒ် အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ အသင်းလည်းဖြစ်ပါတယ်။

ဘရန်ဖို့ဒ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အမှတ်ပေးဇယား အဆင့်(၁၅)နေရာမှာ ရပ်တည်နေပြီး အဲရစ်ဆင်တို့လို နာမည်ကျော်ကစားသမားတွေ ပါဝင်နေတာဖြစ်ပါတယ်။

Photos- Ko Ko Poe Lay FB