CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၁
ခယ်လ်ဆီးအသင်း ယာယီနည်းပြ မက်ဖာလိန်းက မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလားဗိုလ်လုပွဲမှာ နက်တိုနဲ့ ဂါနာချိုတို့ ဒဏ်ရာကနေ ပြန်ကောင်းလာပြီး ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
နက်တိုနဲ့ဂါနာချိုတို့ဟာ လီဗာပူးလ်အသင်းနဲ့ ၁ ဂိုးစီ သရေကျပြီး ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအသင်း ၆ ပွဲဆက် အရေးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့တဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ အက်စ်တီဗာအို၊ ဂစ်တန်စ်နဲ့ ဒယ်ရီတို့ကလည်း ဒဏ်ရာ ရနေတာကြောင့် အသင်းဟာ တောင်ပံနေရာအတွက် ရွေးချယ်စရာမရှိဘူး ဖြစ်နေပါတယ်။
အဲ့ဒါကြောင့် မက်ဖာလိန်းက FA ဖလား ဗိုလ်လုပွဲမှာ နက်တိုနဲ့ ဂါနာချိုတို့ ၂ ဦးစလုံး ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ပါ။

နက်တိုကို တွေ့ရစဉ်
မက်ဖာလိန်းက သူတို့တွေဟာ လေ့ကျင့်ခန်း ပြန်ဆင်းမှာဖြစ်လို့ အခြေအနေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် အသုံးပြုနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
နက်တိုဟာ ချယ်လ်ဆီးအသင်း FA ဖလား ဗိုလ်လုပွဲတက်တဲ့ လမ်းကြောင်းမှာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး ၅ ပွဲမှာ ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
နက်တိုဟာ ချယ်လ်ဆီးအသင်းက လိဒ်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အန်ဇိုဖာနန်ဒက်ဇ် ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ဂါနာချိုကတော့ ရက်စ်ဟမ်း၊ ပေါ့ဗေးလ်အသင်းတို့ကို အနိုင်ရခဲ့တဲ့ FA ဖလားပွဲတွေမှာ ချယ်လ်ဆီးအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ မကောင်းတာကြောင့် FA ဖလားကို ရယူပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Source: Sportsmole
