CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄

အင်္ဂလန်နဲ့ဂါနာအသင်း ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်း အနီကတ်နဲ့ ပယ်နယ်တီ ရှောင်နိုင်ခဲ့ပြီးနောက် ဂါနာအသင်းနည်းပြ ကားလို့စ်ကွီရော့ဇ်က VAR ဒိုင်လူကြီးဟာ ကော်ဖီသောက်ဖို့ သွားခဲ့တယ်လို့ နောက်ပြောင်ခဲ့ ပါတယ်။ 

ကားလို့စ်ကွီရော့စ်က “ကျနော်တို့အတွက် VAR ရှိသေးလားဆိုတာ သံသယတချို့ရှိပါတယ်။ ဘာလို့လဲဆိုရင် အင်္ဂလန်အသင်းနဲ့ပွဲမှာ ရှင်းရှင်းလင်းလင်း ပေးရမယ့် ပယ်နယ်တီကို မပေးခဲ့လို့ပါ။ သူတို့ အလွန်ကံကောင်းခဲ့ပြီး VAR က ကော်ဖီသောက်ဖို့ ထွက်သွားခဲ့ပါတယ်။ ကျနော်ရဲ့ နောက်ပြောင်မှုအတွက် တောင်းပန်ပါတယ်။ ကျနော် ဒီစကားတွေကို အလေးအနက်ထားပြီး ပြောရင် သူတို့ ကျနော့်ကို အပြစ်ပေးပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။ 

အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းရှိပြီး ဂိုးပေါက် ကန်သွင်းမှု အများအပြား ပြုလုပ် နိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းနဲ့ဂါနာအသင်း ယှဉ်ပြိုင်နေစဉ်

ဂါနာအသင်းကတော့ ပရင့်စ်အဒူးကို အင်္ဂလန်အသင်း နောက်ခံလူ ကွန်ဆာ ဖျက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ပယ်နယ်တီ မပေးခဲ့တာကို စိတ်ပျက်နေခဲ့ပြီး နည်းပြကွီရော့စ်က VAR ကိုဝေဖန်မှုပြုလုပ်ခဲ့တာပါ။ 

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က ဂါနာအသင်းရဲ့ ခံစစ်ဟာ သူမြင်တွေ့ဖူးသမျှထဲမှာ အခိုင်မာဆုံး ဖြစ်တာ ကြောင့် စိတ်ပျက်ခဲ့ရပေမယ့် ပရိသတ်တွေကို အပြုသဘောဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

အင်္ဂလန်နဲ့ဂါနာအသင်းတို့ဟာ အုပ်စုအဖွင့်ပွဲ ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်စီ ရရှိထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းနေတာပါ။ 

အုပ်စုနောက်ဆုံးပွဲတွေအဖြစ် အင်္ဂလန်အသင်းက ပနားမား၊ဂါနာအသင်းက ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN