CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅

စပိန်နောက်ခံလူ ကူကူရယ်လာက ချယ်လ်ဆီးအသင်းဖော်ဟောင်း အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှု ပြုလုပ်ခဲ့ပါတယ်။

ကူကူရယ်လာက “အန်ဇိုက အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ကျနော့်ရဲ့ သူငယ်ချင်းလည်း ဖြစ်ပါတယ်။ သူလည်း ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ ချယ်လ်ဆီးမှာ အလွန် ပျော်ရွှင်ခဲ့ကြသလို သူကံကောင်းပြီး ရီးရယ်လ်အသင်း ကစားသမားဖြစ်လာဖို့ မျှော်လင့်တယ်”လို့ စပိန် သတင်းစာမာကာကို ပြောခဲ့တာပါ။ 

ကူကူရယ်လာဟာ ချယ်လ်ဆီးအသင်းကနေ ရီးရယ်လ်အသင်းထံ ၆ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

စပိန်နောက်ခံလူဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာတာ မကြာသေးပေမယ့် ချယ်လ်ဆီးအသင်းမှာ အတူတွဲ ကစားခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ရီးရယ်လ်အသင်းထံ အပြောင်းအရွှေ့ကို စဉ်းစားဖို့ လူသိရှင်ကြား တိုက်တွန်းခဲ့ တာပါ။ 

ကူကူရယ်လ်လာနဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်

အန်ဇိုဖာနန်ဒက်ဇ်ကလည်း ချယ်လ်ဆီးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေပြီး ရီးရယ်လ်အသင်းထံ အပြောင်းအရွှေ့ မှတ်ချက်ကြောင့် ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ ပွဲပယ်ခြင်း ခံခဲ့ရပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရတာကြောင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ အသင်းကနေ ထွက်ခွာချင်နေပြီး ချယ်လ်ဆီးအသင်းက သူ့ကို ပေါင်သန်း ၁၂၀ တန်ကြေး သတ်မှတ်ထားတာပါ။ 

အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေတဲ့အတွက် နည်းပြသစ် ဇာဘီအလွန်ဆိုက သူ့ကို လာမယ့် ရာသီအသင်းမှာ ဆက်ထိန်းဖို့ ရှိ၊မရှိ ဆုံးဖြတ်ရဖို့ရှိနေပါတယ်။ 

Source: Goal