CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်း ဥရောပဝင်ခွင့် မရခဲ့တာကြာင့် ထွက်ခွာဖို့ ဆန္ဒရှိနေပေမယ့် အသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ တောင်းဆိုထားပါတယ်။
၂၀၂၃ ခုနှစ်က ဘင်ဖီကာအသင်းကနေ ပေါင် ၁၀၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီး အသင်းနဲ့ ၂၀၃၂ ခုနှစ်အထိ စာချုပ်ရှိနေတာပါ။
အန်ဇိုဖာနန်ဒက်ဇ်ဟာ လာမယ့်ရာသီ ချယ်လ်ဆီးအသင်းရဲ့ အစီအစဉ်မှာ ပါဝင်နေဆဲဖြစ်ပေမယ့် အသင်းဟာ သူ့အတွက် သတ်မှတ်ထားတဲ့ တန်ကြေးနဲ့ ကိုက်ညီတဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ၁၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ် ရဲ့ ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့နေရာတွေကို အေးဂျင့်ဖြစ်သူ ပတ်စတိုရီက ရှာဖွေနေပြီး ရီးရယ်လ်အသင်းက ဦးစားပေး အဖြစ် ရှိနေတာပါ။

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်း နည်းပြဟောင်း မာရက်စ်ကာ ကိုင်တွယ်မယ့် မန်စီးတီးအသင်းကလည်း အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ရီးရယ်လ်အသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူချင်နေပေမယ့် ကစားသမား ရောင်းချမှုတွေကနေ ပြောင်းရွှေ့ ကြေး အများကြီး မရရှိဘူးဆိုရင် ချယ်လ်ဆီးအသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေနိုင်မှာ မဟုတ်ပါဘူး။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ နေရာ ရပ်တည်ကာ ဆုဖလားလက်မဲ့နဲ့ စိတ်ပျက်စရာ ရာသီအဆုံးသတ်ခဲ့ပြီးနောက် ကစားသမား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပြီး လာမယ့်ရာသီ ပြည်တွင်း ပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ဖို့ ရည်မှန်းထားပါတယ်။
Source: BBC
