CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၃
မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်း ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် နေတယ်လို့ Metro က ဖော်ပြထားပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်း အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေကာ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေအတွင်းမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့နိုင်တဲ့အကြောင်း အရိပ်အမြွက် ပြောခဲ့တာပါ။
အဲ့ဒါကြောင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။
Sky Germany က မန်စီးတီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို သူတို့ရဲ့ နွေရာသီ ခေါ်ယူမယ့် စာရင်းထဲမှာ ထိပ်ဆုံး ထည့်သွင်းထားသလို နောက်ကွယ်မှာ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
နွေရာသီမှာ မန်စီးတီးအသင်း နည်းပြသစ်အဖြစ် တာဝန်ယူ ရဖွယ်ရှိတဲ့ မာရက်စ်ကာက အန်ဇိုဖာနန်ဒက်ဇ်ကို မန်စီးတီးအသင်းထံ ခေါ်ယူချင်နေတာပါ။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းမှာ မာရက်စ်ကာနဲ့အတူ လက်တွဲခဲ့ချိန်က ခိုင်မာတဲ့ ဆက်ဆံရေးရှိခဲ့ပြီး မာရက်စ်ကာ ထွက်ခွာမှုအပေါ် အသင်းကို ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အနာဂတ်ဟာ ချယ်လ်ဆီးအသင်း နည်းပြသစ် အလွန်ဆို အပေါ်မှာ မူတည်နေပြီး သူက အာဂျင်တီးနားကစားသမားကို အသင်းမှာ ဆက်ထိန်းဖို့ ရှိ၊မရှိ စောင့်ကြည့်ရဦးမှာပါ။
ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၁၆၈ ပွဲ ကစားထားပြီး ၃၁ ဂိုး သွင်းယူထားတဲ့ အန်ဇိုဖာနန်ဒက်ဇ်နဲ့ အသင်း စာချုပ်ဟာ ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: metro
