CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇

ချယ်လ်ဆီးအသင်းဟာ လူစားဝင် ဂါနာချို၊ နက်တိုတို့ရဲ့ သွင်းဂိုးတွေနဲ့ လိဂ်ဝမ်းကလပ် ကာဒစ်ဖ်အသင်းကို ကွာတားဖိုင်နယ်ပွဲစဉ်မှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး လိဂ်ဖလား ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ 

ဒီပွဲရဲ့ ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ဂါနာချို၊ နက်တိုနဲ့ ပက်ဒရိုတို့ကို လူစားထည့်သွင်းပြီး အနိုင်ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဂါနာချိုက ၂ ဂိုးသွင်းပြီး နက်တိုက ၁ ဂိုးသွင်းယူကာ ချယ်လ်ဆီးအသင်းကို လိဂ်ဖလား ဆီမီးဖိုင်နယ် ပို့ဆောင်ပေး နိုင်ခဲ့တာပါ။ 

ဂါနာချိုက ကာဒစ်ဖ်အသင်းဟာ အလွန်ကောင်းမွန်တဲ့ အလုပ်ကို လုပ်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တဲ့ အတွက် အလွန်ပျော်ရွှင်တယ်လို့ ပွဲအပြီး Sky Sports ကို ပြောခဲ့ပါတယ်။ 

ကာဒစ်ဖ်အသင်းကို အနိုင်ရပြီးနောက်မှာ ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ သူ့ရဲ့ နာမည်ကို သီဆိုခဲ့တာ ကြောင့် ပျော်ရွှင်တယ်လို့ နည်းပြမာရက်စ်ကာက ပြောခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ် 

အီတလီလူမျိုးနည်းပြ မာရက်စ်ကာဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမတိုင်မီ နောက်ဆုံး ၄၈ နာရီဟာ ချယ်လ်ဆီးအသင်း နည်းပြဘဝ သူ့ရဲ့ အဆိုးရွားဆုံး အချိန်ဖြစ်တယ်လို့ ပြောခဲ့တာက သတင်းခေါင်းကြီးပိုင်း ဖြစ်ခဲ့ပါတယ်။ 

မာရက်စ်ကာက သူတို့ဟာ နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရမှာဖြစ်ပြီး ဒါက ပရိသတ်တွေနဲ့ ထိုက်တန်တယ် လို့ ကာဒစ်ဖ်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ဒါ့ပြင် မာရက်စ်ကာက ပရိသတ်တွေကို အမြဲတမ်း ကျေးဇူးတင်ပြီး သူတို့ဟာ အမြဲတမ်း အသင်းဘက်ကနေ ရှိနေခဲ့တယ်လို့ ပြောခဲ့တာပါ။ 

ချယ်လ်ဆီးအသင်း တောင်ပံကစားသမား အက်စ်တီဗာအိုဟာ ကြွက်သား ဒဏ်ရာကြောင့် အသင်းရဲ့ လာမယ့်ပွဲကို လွဲချော်မယ်လို့လည်း မာရက်စ်ကာက အတည်ပြုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: CNA