CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၇
ဆိုးလ်ရှားနဲ့ဂယ်ရီအိုနေးလ်တို့ဟာ အစ်စဝှစ်ချ်အသင်းနည်းပြရာထူးအတွက် လျာထားတဲ့နည်းပြစာရင်းထဲမှာ ဦးဆောင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
နည်းပြမက်ကန်နာဟာ အစ်စဝှစ်ချ်အသင်းကို ပရီးမီးယားလိဂ်ထံ တန်းတက်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီးနောက် မကြာသေးမီရက်ပိုင်းအတွင်းက အသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
အဲဒါကြောင့် အစ်စဝှစ်ချ် အသင်း ဟာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေမပြုလုပ်မီ နည်းပြသစ်ခန့်အပ်နိုင်ဖို့ ရှာဖွေမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။
တူရကီကလပ်ဘီဆစ်တက်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက် အသင်းကို ပြန်လာပြီး ကိုင်တွယ်ဖို့ရှိခဲ့ပေမယ့် ယူနိုက်တက်အသင်းက ကာရစ်ကို ခန့်အပ်ဖို့ရွေးချယ်ခဲ့တာပါ။

အစ်စဝှစ်ချ်အသင်းဟာ စထရာဘိုးအသင်းနည်းပြဂယ်ရီအိုနေးလ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စား နေပေမယ့် ပြင်သစ်ကလပ်က သူ့ကိုအသင်းမှာ ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဒါပေမယ့် အစ်စဝှစ်ချ်အသင်းက ဂယ်ရီအိုနေးလ်ကို အသင်းရဲ့နည်းပြသစ်ဖြစ်လာနိုင်မယ့် စာရင်းထဲမှာ ဆိုးလ်ရှား နဲ့အတူ ထိပ်ဆုံးနေရာမှာ ထားရှိထားပါတယ်။
မက်ကန်နာဟာ အစ်စဝှစ်ချ်အသင်းကို ၂၀၂၁ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့ပြီး နောက်ဆုံး ၄ ရာသီမှာ ၃ ကြိမ်တန်းတက်အောင် ကိုင်တွယ်ပေးထားတာပါ။
ဒီ ၃ ကြိမ်မှာ ၂ ကြိမ်က ပရီးမီးယားလိဂ်ထံ တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ကန်နာဟာ ဖူလ်ဟမ် အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်ခံခဲ့ရပေမယ့် နည်းပြလောကကနေ ခေတ္တအနားယူပြီး မိသားစုကို အချိန်ပိုပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
Source:BBC
