CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၆

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းကို တာဝန်ယူပြီးကတည်းက အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ထံ ကနေ ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး ပိုမျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။ 

မာရက်စ်ကာက “ကျနော်သူနဲ့ စကားပြောခဲ့ပြီး ခေါင်းဆောင်မှုပိုင်းမှာ ပိုပြီးမျှော်လင့်ထားပါတယ်။ သူဟာ ကောင်းမွန်စွာ လုပ်ဆောင်နေသလို တိုးတက်နေပေမယ့် သူ့ဆီကနေ ခေါင်းဆောင်မှုပိုင်းကို ပိုပြီးမျှော်လင့်ပါ  တယ်။ ကျနော့်အတွက်တော့ အသင်းခေါင်းဆောင်ဟာ အသင်းမှာရှိတဲ့ အခြားသူတွေထက် ပိုပြီးပေးရမှာပါ။ ရီစီဂျိမ်းစ်ဟာ အေးအေးဆေးဆေး နေတက်တဲ့သူဖြစ်ပေမယ့် အသင်းမှာ ခေါင်းဆောင်ကောင်း မရှိတဲ့အတွက် ဒါကိုတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ရီစီဂျိမ်းစ်အနေနဲ့ ခေါင်းဆောင်ကောင်း ဖြစ်နိုင်အောင် ပိုအားထုတ်ရမယ်”လို့ ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့ရာသီ မစတင်ခင်မှာ ချယ်လ်ဆီးအသင်း ခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရတဲ့ ရီစီဂျိမ်းစ်ဟာ ဒဏ်ရာ တွေနဲ့ ရုန်းကန်ခဲ့ရပြီး လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ရီစီဂျိမ်းစ်ကို ပွဲချိန် ၅၃ မိနစ်အထိ အသုံးပြုခဲ့ပြီး လူစားလဲခဲ့ တာပါ။ 

ရီစီဂျိမ်းစ်ကို တွေ့ရစဉ်

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပါနာသီနိုင်ကို့စ်အသင်းနဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ရီစီဂျိမ်းစ်ကို အနားပေးခဲ့ပါတယ်။ 

အင်္ဂလန်နောက်ခံလူဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ပြန်လည်ပါဝင်မှာ ဖြစ်ပေမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်မလားဆိုတာ မသေချာပါဘူး။

၂၀၁၉ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကြီးအတွက် စတင်ပွဲထွက်ခွင်ရခဲ့တဲ့ ရီစီဂျိမ်းစ်ဟာ ၁၅၉ ပွဲ  ပါဝင်ကစားထားပြီး ၁၁ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ 

ရီစီဂျိမ်းစ်ဟာ သူကစားတဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရ ပေမယ့် ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး မနှစ်ကရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၁၁ ပွဲသာ ပါဝင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: Metro