CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀

ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားတောင်ပံ ကစားသမား ဂါနာချိုအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ဆန္ဒရှိနေတာကြောင့် သူ့ရဲ့ စတမ်းဖို့ဒ်ဘရစ်ချ် အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပါတယ်။ 

ဂါနာချိုဟာ ပြီးခဲ့တဲ့နှစ်ကမှ ယူနိုက်တက်အသင်းကနေ ချယ်လ်ဆီးအသင်းထံ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာ ခဲ့တာပါ။ 

ဂါနာချိုဟာ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်ဖို့ ရုန်းကန်ခဲ့ရပြီး ပါဝင်ကစားထားတဲ့ ပြိုင်ပွဲစုံ ၄၃ ပွဲ မှာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်တာ အပါအဝင် ရာသီသစ်မတိုင်မီ အပြောင်း အလဲတွေ ပြုလုပ်နေတာပါ။

ဂါနာချိုဟာ ဇာဘီအလွန်ဆိုရဲ့ အစီအစဉ်ထဲမှာ ပါဝင်ဖို့ မရှိနိုင်ဘူးလို့ သတင်းရင်းမြစ်တွေက ဖော်ပြထားသလို ချယ်လ်ဆီးအသင်းက သူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံဖို့ အသင့်ဖြစ်နေပါတယ်။ 

ဂါနာချိုကို တွေ့ရစဉ် 

ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် မရခဲ့တဲ့အတွက် အသင်းလူစာရင်းကို အပြောင်းအလဲ အများအပြား ပြုလုပ်ဖို့ရှိနေပြီး ထွက်ခွာနိုင်တဲ့ အဓိက ကစားသမားတချို့ရဲ့နေရာမှာ အားဖြည့်မှုတွေ ပြုလုပ်နိုင် တာပါ။ 

ဂါနာချိုကို ရောင်းချခဲ့ရင် တောင်ပံနေရာကိုလည်း အားဖြည့်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ဂါနာချိုအနေနဲ့ ချယ်လ်ဆီးအသင်းက ထွက်ခွာခဲ့ရင် စီးရီးအေထံ သွားရောက်ပြီး ကစားဖို့က သူ့အတွက် အလားအလာ အရှိဆုံးနေရာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ 

ဂါနာချိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်တာကြောင့် ရာသီသစ်မတိုင်မီ အနားယူပြီး အားဖြည့်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

Source: besoccer