CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈
ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ဂါနာချိုဟာ နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းနေပြီး အသင်းဘက် ကလည်း သူ့ကိုရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။
ရာသီသစ်မှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် တိုက်စစ်ပိုင်းကို အားကောင်းအောင် ပြုလုပ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဂါနာချိုကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ ဂါနာချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ မပါဝင်ခဲ့သလို အခုအချိန်ထိ အသင်းနဲ့အဝေးမှာ သီးခြား လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
ဂါနာချိုကို တွေ့ရစဉ်
နွေရာသီ အပြောင်းအရွှေ့မှာ ကွန်ညာ၊ အမ်ဘူမိုနဲ့ ဆက်စ်ကိုတို့ကို ခေါ်ယူထားတဲ့ ယူနိုက်တက်အသင်းဟာ ဂါနာချို အပါအဝင် ဆန်ချို၊ အန်တိုနီနဲ့ မာလာစီယာတို့ကို အပြောင်းအရွှေ့ မပိတ်မီမှာ အမြန်ဆုံးရောင်းချနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဂါနာချိုဟာ အရည်အသွေးရှိတဲ့ ကစားသမား ဖြစ်ပေမယ့် တစ်ခါတစ်ရံ မှာ အဆင်မပြေမှုတွေ ရှိတယ်လို့ အမေရိကန်ရာသီကြို ခရီးစဉ်မှာ ပြောထားတာပါ။
၂၀၂၀ ပြည့်နှစ်က အသလက်တီကို လူငယ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂါနာချိုဟာ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက် အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်အသင်းကြီးအတွက် ၁၄၄ ပွဲ ကစားထားပြီး ၂၆ ဂိုး သွင်းယူကာ FA ဖလားနဲ့ လိဂ်ဖလား တို့ကို ရယူနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ် ရာသီသစ်ဟာ လာမယ့် အပတ်ထဲ စတင်တော့မှာဖြစ်လို့ ဂါနာချိုဟာ သူ့ရဲ့အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: BBC