CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၂၅

နာပိုလီအသင်းကို ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေချန်ပီယံဖြစ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြကွန်တီဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ်မှာ နာပိုလီအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ကွန်တီဟာ သူ့ရဲ့ပထမဆုံးရာသီမှာ အသင်းကို စီးရီးအေ ဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။ 

ဒါပေမယ့် နာပိုလီအသင်းဟာ ဒီရာသီမှာတော့ ချန်ပီယံဖြစ်ခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ၁၁ မှတ်အကွာ စီးရီးအေအမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရာသီအဆုံးသတ်ခဲ့ပါတယ်။ 

နည်းပြကွန်တီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နာပိုလီအသင်းကို ရှုံးထွက်အဆင့်ရောက်ရှိအောင် ကိုင်တွယ်ပေးနိုင် ခဲ့ခြင်းမရှိပါဘူး။ 

နာပိုလီအသင်းက အူဒီးနီးစ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီရာသီ စီးရီးအေ နောက်ဆုံးပွဲ အပြီးမှာ ကွန်တီက သူဟာ အသင်းကနေထွက်ခွာမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ကွန်တီက “နာပိုလီအသင်းကို နည်းပြရတာ ဂုဏ်ယူစရာကောင်းပြီး အလွန်ကောင်းမွန်တဲ့ ရာသီနှစ်ခု၊ ထူးခြားတဲ့ အတွေ့အကြုံပါပဲ။ ဒါက ကျနော့်ရဲ့ဆုံးဖြတ်ချက်ပါ၊ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ထဲက ဥက္ကဋ္ဌကို ပြောခဲ့ ပါတယ်။ နာပိုလီအသင်းက အမြဲတမ်းအိမ်ဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။ 

ကွန်တီဟာ အီတလီအသင်းနည်းပြရာထူးအတွက် ချိတ်ဆက်ခံနေရပြီး သူကတော့ ဂွာဒီယိုလာကို ခန့်အပ်ဖို့ အကြံ ပေးချင်ကြောင်း မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။ 

ကွန်တီဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက နာပိုလီ အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်ရှိခဲ့ပေမယ့် အသင်းအကြီးအကဲ ဒီလော်ရန်းတစ်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး နောက် ဆက်ရှိနေခဲ့တာပါ။

နာပိုလီအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးအသင်းကွင်းလယ်လူဟောင်း ဒီဘရိုင်းနဲ့ ယူနိုက်တက်အသင်း တိုက်စစ်မှူးဟော့ဂျ်လန်းတို့ကို ခေါ်ယူခဲ့ပေမယ့် ဒဏ်ရာတွေ၊တသမတ်တည်းမရှိမှုတွေက စီးရီးအေချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

Source: BBC