CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
ကိုမိုအသင်းနည်းပြဖာဘရီဂတ်စ်ဟာ အာဂျင်တီးနားကြယ်ပွင့်နီကိုပက်ဇ်နဲ့ အင်တာမီလန်အသင်းရဲ့ အပြောင်း အရွှေ့သတင်းကို ငြင်းဆန်ပြီး သူ့ရဲ့အနာဂတ်ကို ရီးရယ်လ်အသင်းကသာ ထိန်းချုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဖာဘရီဂတ်စ်က “နီကိုပတ်ဇ်က ၅၀ ရာခိုင်နှုန်း ကိုမိုကစားသမားဖြစ်သလို ဒီကိစ္စမှာ ပြောခွင့်ရှိတဲ့ တစ်ခုတည်း သောကလပ်က ရီးရယ်လ်မက်ဒရစ်ပါ။ ကျနော်တို့ကိုမိုကို လေးစားရမှာဖြစ်သလို ရီးရယ်လ်ကိုလည်း လေးစား ရပါမယ်။ သေချာတာတစ်ခုကတော့ နီကိုဟာ အင်တာမီလန်အတွက် မကစားဘူးဆိုတာပါပဲ၊ ဒါကို ကျနော် ပြောနိုင်တယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ်ရှိ ရီးရယ်လ်အကယ်ဒမီထွက် နီကိုပက်ဇ်ဟာ ဒီရာသီမှာ ကိုမိုအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လမှာ ကိုမိုအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ နီကိုပက်ဇ်ကို ရီးရယ်လ်အသင်းက ပြန်လည်ဝယ်ယူပြီး ခေါ်ယူခွင့်ရှိနေတာပါ။

စီးရီးအေချန်ပီယံအင်တာမီလန်အသင်းအကြီးအကဲ ဇနက်တီက နီကိုပက်ဇ်ဟာ အနာဂတ်မှာ အသင်းရဲ့အရောင် တွေကို ဝတ်ဆင်နိုင်တယ်လို့ ဆိုရှယ်မီဒီယာနဲ့ ရေဒီယိုမှာ အရိပ်အမြွက်ပြောခဲ့ပါတယ်။
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်ကတော့ နီကိုပက်ဇ်ဟာ အင်တာမီလန်အသင်းအတွက် ကစားမှာမဟုတ်ဘဲ ရီးရယ်လ်အသင်းကသာ ဒီအကြောင်းကို ပြောခွင့်ရှိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
နီကိုပက်ဇ်ဟာ ကိုမိုအသင်းကနေ ထွက်ခွာခဲ့ရင် ရီးရယ်လ်အသင်းထံ ပြန်ဖို့ ဆန္ဒရှိနေတာပါ။
ကိုမိုအသင်းအတွက် ၇၅ ပွဲကစားထားပြီး ၁၉ ဂိုးသွင်းယူထားတဲ့ နီကိုပက်ဇ်ဟာ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း အတွက် ပါဝင်ကစားသွားမှာ ဖြစ်ပါတယ်။
Source: Besoccer
