CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် လာကြသည့် တိုက်ပွဲရှောင်များအနက် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ရှမ်းနီအမျိုးသားများတပ် မတော်(SNA)က စာသင်ကျောင်းဆောင်များ ဆောက်ပေးခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်၊ သနန့်ဒေသနှင့် ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဖြစ်ပွားသော တိုက်ပွဲများကြောင့် SNA ထိန်းချုပ်နယ် မြေ ဟုမ္မလင်းမြို့နယ်အတွင်းသို့ တိုက်ပွဲရှောင်လာကြသူ ၁၀၀၀၀ ကျော်ရှိသည်။

အဆိုပါ တိုက်ပွဲရှောင်များအနက် ကလေးငယ် ကျောင်းသား/သူ ၂၀၀ ကျော် စာသင်ကြားနိုင်ရေးအတွက် SNA က ဟုမ္မလင်းမြို့နယ်ထဲမှာ စာသင်ကျောင်းဆောင်များ ဆောက်လုပ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

SNA က တိုက်ပွဲရှောင် ကလေးများအတွက် ဆောက်ပေးတဲ့ စာသင်ကျောင်းဆောင်ကိုတွေ့ရစဉ်

SNA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ တမူး၊ ဟုမ္မလင်း၊ ကသာ၊ မော်လိုက်၊ ဗန်းမောက်၊ ဖောင်းပြင်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး အပါအဝင် ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး စသည့် ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ် ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။

လက်ရှိတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူး၊ ဖောင်းပြင်၊ ခန္တီး၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ကသာ၊ ဗန်းမောက် အပါအဝင် အိန္ဒိယနယ်စပ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ ကာမိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ သံလမ်းရိုးတစ်လျှောက်မှာ အခြေပြုလှုပ်ရှားလျက်ရှိသည်။

အဆိုပါ လှုပ်ရှားဒေသများတွင် SNA သည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသတွင်းနေ ပြည်သူများ အသက်၊ အိုးအိမ်၊ စည်စိမ်လုံခြုံစေရေး ဆောင်ရွက်လျက်ရှိသည့်တိုင် KIA-PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက် ခိုက်မှုများကိုလည်း ကာကွယ်နေရသည်ဟု ဒေသခံများက ပြောသည်။