CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆

ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ရွေးချယ် ခြင်း မခံခဲ့ရတဲ့အပေါ် ငိုမနေဘူးလို့ ပြောခဲ့ပါတယ်။ 

ကိုးလ်ပါလ်မာက “‌ပြောင်းလဲလို့မရတဲ့ ဆုံးဖြတ်ချက်အတွက် ကျနော် ငိုမနေပါဘူး။ သူတို့တွေ အဆုံးထိ အောင် မြင်နိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ရွေးချယ်ခြင်း မခံခဲ့ရတဲ့အပေါ် ကျနော် စိတ်ဓါတ်မကျပါဘူး။ ဘောလုံးအပြင် ဘက်မှာရှိတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောခဲ့ပြီး သူတို့က သာမန်လူတွေ ဖြစ်တဲ့အတွက် ကျနော့်ကို ပုံမှန်လိုခံစား စေပြီး တည်ငြိမ်မှုရှိစေပါတယ်”လို့ ပြောခဲ့တာပါ။ 

ကိုးလ်ပါလ်မာဟာ ဖိုဒန်၊ မက်ဂွဲယားတို့နဲ့အတူ အင်္ဂလန်အသင်း လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရတဲ့ နာမည်ကြီး ကစားသမား တစ်ဦးဖြစ်ခဲ့ပါတယ်။

ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပုံမှန်ခြေစွမ်း ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် လူစာရင်းထဲ ချန်လှပ်ခံရတာ အံ့အားသင့်စရာတော့ မဟုတ်ခဲ့ပါဘူး။ 

ကိုးလ်ပါလ်မာကိုတွေ့ရစဉ် 

ဒါပေမယ့် လူအများအပြားက အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်း ၂၆ ဦးထဲမှာ ကိုးလ်ပါလ်မာ ပါဝင်လာ မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ကိုးလ်ပါလ်မာဟာ အင်္ဂလန်အသင်းရဲ့ အပြီးသတ် လူစာရင်း ထုတ်ပြန်ချိန်မှာ သူ့ကို ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှပြောခဲ့ခြင်း မရှိပေမယ့် အခုအချိန်မှသာ အနည်းငယ် ပြောလာခဲ့တာပါ။ 

ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းနဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေမှာ မပူးပေါင်းမီ အားလပ်ရက် အပန်းဖြေရင်း အနားယူမှုတွေ ပြုလုပ်နေပါတယ်။ 

အင်္ဂလန်အသင်းကတော့ ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲအဖြစ် ဇွန်လ ၂၈ ရက်မှာ ပနားမားအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: Metro