CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉
အက်စတွန်ဗီလာအသင်းမှာ အငှားကစားတာ အဆင်မပြေဖြစ်နေတဲ့ အင်္ဂလန်တောင်ပံ ကစားသမား ဆန်ချိုဟာ တူရကီကလပ် ၃ သင်းနဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဆန်ချိုဟာ နည်းပြအာမိုရင်ရဲ့ အစီအစဉ်ထဲမှာ မပါဝင်တာကြောင့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး နေ့မှာ ယူနိုက်တက်အသင်းကနေ အက်စတွန်ဗီလာအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမယ့် ဆန်ချိုဟာ အက်စတွန်ဗီလာအသင်းမှာ ပွဲကစားချိန် မိနစ်တွေရဖို့ ရုန်းကန်နေရတာကြောင့် နောက်ထပ် အသင်းတစ်သင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီလို့ ယူဆရပါတယ်။
ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ နည်းပြဟောင်း အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ပြီး အသင်းလူ စာရင်းကနေ ဖယ်ရှားခံခဲ့ရတဲ့ ၂၀၂၃-၂၄ ရာသီအစကတည်းက ခြေစွမ်းပိုင်း ကျဆင်းသွားခဲ့တာပါ။
ဆန်ချိုဟာ အဆိုပါရာသီရဲ့ ဒုတိယရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ ပြီး နွေရာသီမှာ ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့ပါတယ်။

ဆန်ချိုကို တွေ့ရစဉ်
ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းထံ အငှားချ ခံခဲ့ရပေမယ့် ပုံမှန်ခြေစွမ်း မပြသနိုင်လို့ အပြီးသတ် ခေါ်ယူခြင်း မခံခဲ့ရပါဘူး။
ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပြီးခဲ့တဲ့ နွေရာသီမှာ အပြီးသတ် ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် ဝယ်ယူမယ့် အသင်း မရှိတာကြောင့် အက်စတွန်ဗီလာအသင်းထံ အငှားချခဲ့ပါတယ်။
ဆန်ချိုဟာ အက်စတွန်ဗီလာအသင်းမှာ ၃ ပွဲသာ ပွဲထွက်လူစာရင်းထဲ ပါဝင်ထားရသေးတဲ့အတွက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထပ်မံ ထွက်ပေါ်နေခဲ့တာပါ။
Caughtoffside က ဆန်ချိုနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေဟာ ဖီနာဘာချီ၊ ဘက်ဆစ်တပ်၊ ဂါလာတာစာရေးအသင်း တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆန်ချိုဟာ တူရကီကလပ်တွေထံ ပြောင်းရွှေ့ဖို့အတွက် သူ့ရဲ့လုပ်ခလစာ အများအပြားကို လျှော့ချဖို့ ဆန္ဒရှိနေ တယ်လို့ သိရပါတယ်။
ဒေါ့မွန်အသင်းကလည်း ဆန်ချိုကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထပ်ပြီးခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Bild က ဖော်ပြထားပါတယ်။
Source: Goal
