CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉

အက်သလက်တီကိုအသင်းဥက္ကဋ္ဌ ဆီရီဇိုက အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် အသင်းကနေ ထွက်ခွာ ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေကို ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပါတယ်။ 

ဆီရီဇိုက “အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်း ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့ ကစားသမား အဖြစ် ဆက်ပြီးရှိနေမှာပါ။ ထွက်ပေါ်နေတဲ့ ထင်ကြေးတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မလိုပါဘူး”လို့ El Chiringuito နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ PSG အသင်း အပါအဝင် ဥရောပထိပ်သီး ကလပ်အချို့က စောင့်ကြည့်မှုတွေ ပြုလုပ် နေကြပါတယ်။

ဒါ့ပြင် မကြာသေးမီက အယ်လ်ဗာရက်ဇ်ရဲ့ မှတ်ချက်စကားတွေကြောင့် အက်သလက်တီကိုအသင်း ပရိသတ်တွေ အကြားမှာ သူထွက်ခွာနိုင်ဖွယ်ရှိတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် အက်သလက်တီကိုအသင်း အကြီးအကဲကတော့ ဒီထင်ကြေးတွေကို ပိတ်ပင်ပြီး အယ်လ်ဗာရက်ဇ် အသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့ပါတယ်။ 

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်က မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်း အတွက် ၇၂ ပွဲ ကစားထားပြီး ၃၈ ဂိုး သွင်းယူထားတာပါ။

ဒီရာသီမှာတော့ အယ်လ်ဗာရက်ဇ်ဟာ အသင်းအတွက် ၁၅ ပွဲ ကစားထားပြီး ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။ 

အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၃၀ ခုနှစ်ရာသီကုန်အထိ သက်တမ်း ရှိနေ တာပါ။ 

အက်သလက်တီကိုအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် ၁ နေရာက ရီးရယ်လ်အသင်းနဲ့ ၆ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ 

အက်သလက်တီကိုအသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: besoccer