CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်အတွက် ထပ်မံပေးချေရမယ့် ပြောင်းရွှေ့ကြေး မပါဝင်ခင်မှာ အနိမ့်ဆုံး ပေါင်သန်း ၆၀ တောင်းဆိုထားတယ်လို့ The Athletic က ဖော်ပြထားပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းမှာ ၂ ရာသီကြာ ပွဲပေါင်း ၁၀၀ ကျော် ပါဝင်ကစားပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။

ဒါပေမယ့် အယ်လ်ဗာရက်ဇ်ဟာ ပွဲကစားချိန် ပိုပြီးလိုချင်တာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီး အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ အယ်လ်ဗာရက်ဇ်ကို ထွက်ခွာခွင့်ပေးဖို့ အစီအစဉ် မရှိပေမယ့် ကစားသမားအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး သတ်မှတ်ခဲ့တာပါ။

The Athletic က မန်စီးတီးအသင်းဟာ အယ်လ်ဗာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ထပ်မံ ပေးချေဖို့ ပေါင် ၁၇ သန်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အသလက်တီကိုအသင်းက စိတ်ဝင်စားနေပေမယ့် မန်စီးတီးအသင်း တောင်းဆို ထားတဲ့ ဈေးနှုန်းကိုတော့ ပေးချေနိုင်ဖို့ မရှိပါဘူး။ 

အယ်လ်ဗာရက်ဇ်ကိုတွေ့ရစဉ်

အာဂျင်တီးနား ကစားသမားကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ကလည်း စိတ်ဝင်စားပြီး ချိတ်ဆက် မှုတွေ ရှိခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့ ချန်ပီယံဆုကို ရယူနိုင်ပြီး နောက် လက်ရှိအချိန်မှာ အာဂျင်တီးနား အိုလံပစ်အသင်းနဲ့ ဆက်ပြီး ပါဝင်နေတာပါ။ 

အဲဒါကြောင့် အယ်လ်ဗာရက်ဇ်ဟာ အိုလံပစ်ပြိုင်ပွဲအပြီးမှာ အနားယူမှာဖြစ်လို့ မန်စီးတီးအသင်းရဲ့ ရာသီအစ ပွဲစဉ် အချို့ကို လွဲချော်မှာ ဖြစ်ပါတယ်။ 

အယ်လ်ဗာရက်ဇ်ဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေတယ်လို့ ပြောထားတာပါ။

အယ်လ်ဗာရက်ဇ်ရဲ့ အာဂျင်တီးနားအသင်းဟာ အိုလံပစ်အုပ်စု အဖွင့်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို အရေးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်အဖြစ် ဇူလိုင် ၂၇ ရက်မှာ အီရတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Metro