CNI Sport News 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀

အာဂျင်တီးနားအသင်း တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ပွဲတွေမှာ ပါဝင်ခွင့် မရတာကို မနှစ်သက်ကြောင်းနဲ့ အိုလံပစ်ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်က “ကျနော် ဘာလုပ်ရမလဲဆိုတာကို စဉ်းစားဖို့ မရပ်တန့်ရသေးပါဘူး။ အိုလံပစ်ပြိုင်ပွဲ ပြီးသွား ရင်တော့ ကျနော့်အတွက် ဘာတွေလိုချင်လဲဆိုတာ စပြီးစဉ်းစားသွားမှာပါ။ ပြီးခဲ့တဲ့ရာသီက ကျနော်ဟာ အသင်း မှာ မိနစ်အများဆုံးကစားရတဲ့ ကစားသမားတွေထဲက တစ်ဦးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ပွဲတွေမှာ ချန်လှပ်ခံရတာကို မနှစ်သက်ပါဘူး။ ကျနော်ပံ့ပိုးမှုတွေ ပြုလုပ်ပြီး ဒီပွဲတွေမှာ ကစားချင်တယ်”လို့ DSports Radio  ကို ပြောခဲ့တာပါ။

၂၀၂၂ ခုနှစ်က ရေးဗားပလိတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းအတွက် ၁၀၃ ပွဲ ပါဝင်ကစားထားပြီး ၃၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် မိနစ်အများအပြား ကစားခဲ့ရတဲ့ စာရင်းမှာ နံပါတ် ၈ နေရာ ရပ်တည်ခဲ့ပေမယ့် ပွဲကစားချိန် နည်းပါးနေတာကို စိတ်ပျက်နေတယ်လို့ အခုလအစောပိုင်းက သတင်း တွေမှာ ဖော်ပြထားတာပါ။

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်

ချယ်လ်ဆီး၊ အာဆင်နယ်အသင်းတို့ အပါအဝင် အသင်းအချို့က အယ်လ်ဗာရက်ဇ်ရဲ့ အခြေအနေကို စောင့်ကြည့် နေပြီး မန်စီးတီးအသင်းကတော့ ပေါင်သန်း ၆၀၊ နောက်ထပ် ပေးချေမှု ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းမယ်ဆိုရင် အပြောင်းအရွှေ့ကို ပိတ်ပင်သွားဖို့မရှိတာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အယ်လ်ဗာရက်ဇ်အနေနဲ့ သူ့ရဲ့ အနာဂတ်ကို စဉ်းစားပြီးရင် သူတို့ကို အကြောင်းကြားလိမ့်မယ်လို့ အာဂျင်တီးနားကစားသမားရဲ့ အင်တာဗျူး ထွက်ပေါ်လာအပြီးမှာ ပြောခဲ့တာပါ။

အယ်လ်ဗာရက်ဇ်ဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းနဲ့ အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်နေပြီး အာဂျင်တီးနား အသင်းဟာ အဖွင့်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲမှာ အီရတ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

Source: Metro