CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

ကမ္ဘာ့အဆင့် နံပါတ် ၃ နေရာမှာ ရပ်တည်နေတဲ့ ဂျိုကိုဗစ်ဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် မယ်လို့ ဆားဘီးယားအိုလံပစ်ကော်မတီက ကြေညာခဲ့ပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက အားကစားပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ သူ့ရဲ့ ၅ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲအဖြစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ 

ဂျိုကိုဗစ်ဟာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ကြေးတံဆိပ် ရရှိခဲ့ပေမယ့် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၃ ကြိမ်မှာ ၂ ကြိမ်က အဆင့် ၄ နေရာနဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် ပဲရစ်အိုလံပစ်ပြိုင်ပွဲဟာ သူ့အတွက် ဦးစားပေးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီက ပြောထားပါတယ်။

ဂျိုကိုဗစ်ကို တွေ့ရစဉ်

ဆားဘီးယားတင်းနစ်သမားဟာ ပြီးခဲ့တဲ့လက ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်ခင် ဒူးဒဏ်ရာ ကြောင့် ပြိုင်ပွဲက နုတ်ထွက်ခဲ့ရပြီးနောက် ပဲရစ်အိုလံပစ်ပြိုင်ပွဲဟာ သူ့ရဲ့ပထမဆုံး ပြိုင်ပွဲဖြစ်လာမှာပါ။ 

နိုင်ငံအများအပြားဟာ တင်းနစ်ပြိုင်ပွဲမှာ ပါဝင်မယ့် သူတို့ရဲ့ ကစားသမားစာရင်းကို အတည်ပြု ထုတ်ပြန်ထား ကြပါတယ်။

နာမည်ကြီး တင်းနစ်ကစားသမားတွေဖြစ်တဲ့ ရာဖေးလ်နာဒယ်လ်နဲ့ အန်ဒီမာရေးတို့လည်း ဒီပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပေမယ့် အချို့ကစားသမားတွေကတော့ ဝင်ရောက်ယှဉ်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ တင်းနစ်ပြိုင်ပွဲတွေကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၇ ရက်အထိ Roland Garros မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC