CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

အင်္ဂလန်ကွင်းလယ်လူ ကိုဘီမိုင်နူးက နည်းပြ အဲရစ်တန်ဟတ်ကို အသင်းမှာ ဆက်ထိန်းထားတဲ့ ယူနိုက်တက် အသင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ပြောလိုက်ပါတယ်။

ကိုဘီမိုင်နူးက “သူနဲ့အတူ အသင်းကို တည်ဆောက်ရတာ ပျော်ပါတယ်။ သူဟာ အသင်းအတွက် ဆုဖလား ၂ လုံး ရယူပေးထားပြီး နောက်ထပ် ရယူနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ သူဟာ ကျနော့်ကို ယုံကြည်မှုအပြည့်နဲ့ အသင်းမှာ ကစားခွင့်ပေးတဲ့အတွက် ကျနော်အများကြီး ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့တာပါ။

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုး တွေကြောင့် ထုတ်ပယ်ခံရမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် FA ဖလား ရယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ အသင်းကို ဆက်ပြီး ကိုင်တွယ်ခွင့်ရမှာ ဖြစ်ပါတယ်။ 

အသက် ၁၉ နှစ်အရွယ်ရှိ ကိုဘီမိုင်နူးဟာ နည်းပြ အဲရစ်တန်ဟတ် လက်ထက်မှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့တာပါ။

ကိုဘီမိုင်နူးကို တွေ့ရစဉ်

အဲဒါကြောင့် ကိုဘီမိုင်နူးဟာ နည်းပြ အဲရစ်တန်ဟတ်ကို အသင်းမှာ ဆက်ပြီးထားတဲ့ ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် လူစားဝင်ကစားသမား အဖြစ် ပါဝင်ကစားခွင့်ရခဲ့တာပါ။ 

အင်္ဂလန်အသင်းဂန္ထဝင် ဝိန်းရွန်နီက နိုင်ငံအသင်းအနေနဲ့ ယူရိုပြိုင်ပွဲမှာ ရှုံးထွက်အဆင့်ရောက်ခဲ့ရင် ကိုဘီမိုင်နူးကို ပွဲထွက်လူစာရင်းမှာ အသုံးပြုဖို့ အကြံကြုထားပါတယ်။

ကိုဘီမိုင်နူးက “အရန်ခုံမှာပဲဖြစ်ဖြစ် ပွဲထွက်လူစာရင်းမှာပဲဖြစ်ဖြစ် ကျနော်ဟာ ပွဲကစားဖို့ အမြဲတမ်းအဆင်သင့် ဖြစ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ လူစာရင်းမှာ အလွန်ကောင်းမွန်တဲ့ ကွင်းလယ်ကစားသမားတွေရှိပါတယ်။ ကျနော်ဟာ ပြင်းပြင်းထန်ထန်လေ့ကျင့်နေပြီး အသုံးပြုဖို့ ရွေးချယ်ခံရတဲ့အခါမှာ အဆင်သင့်ဖြစ်နေမှာပါ”လို့ ပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ကိုဘီမိုင်နူးဟာ လက်ရှိအချိန်ထိ နိုင်ငံအသင်း အတွက် ၄ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။ 

Source: Metro