CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၅

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ကွင်းလယ်လူ ကိုဘီမိုင်နူးကို နယ်သာလန်ဂန္ထဝင် ဆီးဒေ့ါဖ်နဲ့ နှိုင်းယှဉ် ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်ကတော့ ကစားသမားတွေကို တခြား ကစားသမားတွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်သင့် ဘူးလို့ ထင်ပါတယ်။ ကိုဘီမိုင်နူး အပါအဝင် တခြား ကစားသမားတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်ပုံစံကို သူတို့နည်း နဲ့ တည်ဆောက်ထားကြတာပါ။ အဲဒါကြောင့် တစ်ဦးနဲ့ တစ်ဦးကို မနှိုင်းယှဉ်ကြပါနဲ့။ ကိုဘီမိုင်နူးဟာ ဆီးဒေါ့ဖ်တို့ လို ကစားသမားကြီးတွေဆီကနေ သင်ယူမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ကိုဘီမိုင်နူးက ကိုဘီမိုင်နူးပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ကိုဘီမိုင်နူးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ယူနိုက်တက်အသင်းမှာ ပွဲတိုင်းနီးပါး ပါဝင်ခွင့်ရပြီး ခြေစွမ်းပြသနေ တာ ဖြစ်ပါတယ်။ 

ကိုဘီမိုင်နူးဟာ ယူနိုက်တက်အသင်းက ဝုလ်ဖ်စ်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်း အတွက် နောက်ကျသွင်းဂိုးကို လှလှပပ သွင်းယူခဲ့ပြီး ဒီဂိုးဟာ ဖေဖော်ဝါရီအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး သွင်းဂိုးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပါ။ 

 ကိုဘီမိုင်နူးကို တွေ့ရစဉ်

ယူနိုက်တက်ဂန္ထဝင် ဖာဒီနန်က ကိုဘီမိုင်နူးကို သူတို့ရဲ့မျိုးဆက်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားထဲက တစ်ဦးဖြစ်တဲ့ ဆီးဒေ့ါဖ်နဲ့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ နှိုင်းယှဉ်ပြောဆိုတဲ့ အရာတွေကို သဘောမတူဘဲ ကစားသမားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ပုံစံကို တည်ဆောက်နေတာလို့ ပြောခဲ့တာပါ။ 

ကိုဘီမိုင်နူးဟာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနေပေမယ့် ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ခြေစမ်းမယ့် နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်လူစာရင်းမှာတော့ ရွေးချယ်ခံရခြင်းမရှိပါဘူး။

ဆောက်ဂိတ်က ကိုဘီမိုင်နူးဟာ လက်ရွေးစင် အသင်းကြီးမှာ ပါဝင်ဖို့ အတွေ့အကြုံနည်းသေးတယ်လို့ ပြောခဲ့ တာပါ။

အသက် ၁၈ နှစ်အရွယ်ရှိ ကိုဘီမိုင်နူးဟာ အင်္ဂလန် ယူ-၁၉ အသင်းအတွက် ပါဝင်ကစားနေပေမယ့် ဂါနာနိုင်ငံ ကိုယ်စားပြုခွင့်ရှိနေတာကြောင့် ဂါနာဘောလုံးအဖွဲ့ချုပ်ဟာ ယူနိုက်တက်ကြယ်ပွင့်ကို သူတို့နိုင်ငံအသင်းအတွက် ပါဝင်ကစားစေဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Source: Metro