CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅

စပါးအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်း ပင်နယ်တီရသင့်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ ပင်နယ်တီရသင့်တဲ့ အဖြစ်အပျက်ကို VAR က မစစ်ဆေးခဲ့တဲ့အတွက် အံ့အား သင့်မိပါတယ်။ တစ်ရာသီလုံး ဒီလိုမျိုးတွေ ကြုံတွေ့နေရတာပါ။ စပါးကွင်းမှာတုန်းကလည်း ရိုမဲရိုးလက်နဲ့ ရှင်းရှင်း လင်းလင်းထိခဲ့တာကို ပင်နယ်တီမရခဲ့ပါဘူး။ ဒီလိုမျိုးတွေအများကြီးကို စာရင်းပြုစုလို့ရပေမယ့် တစ်ချိန်ချိန် မှာတော့ ကျနော်တို့ဘက်ကို ပြန်လှည့်လာမယ်လို့ထင်ပါတယ်။ ဒါကိုပဲ မျှော်လင့်ကြတာပေါ့” လို့ ပြောခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ ၁ ဂိုးစီသရေကျနေတဲ့ ပထမပိုင်းအတွင်းမှာ စပါးအသင်းနောက်ခံလူ အူဒိုဂီဟာ ယူနိုက်တက်အသင်း တောင်ပံကစားသမား ဂါနာချိုကို ဂိုးဧရိယာအတွင်း ဆွဲထားခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ပွဲကို ဆက်ကစား ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို VAR ကလည်း စစ်ဆေးမှု မပြုလုပ်ခဲ့တာကြောင့် နည်းပြ အဲရစ် တန်ဟတ်နဲ့ ဂါနာချိုတို့ကို အံ့အားသင့်စေခဲ့တာပါ။

ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက်ဦးဆောင်ဂိုးတွေကို ဟော့ဂျ်လန်းနဲ့ ရက်ရှ်ဖိုဒ့်တို့က သွင်းယူခဲ့ပေမယ့် ရစ်ချာလီဆင်နဲ့ ဘန်တန်ကာတို့က စပါးအသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ စပါးအသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က စပါးအသင်းကို အနိုင်မရခဲ့တဲ့အတွက် အနည်းငယ် စိတ်ပျက် မိတယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ ဂိုး ၂ ဂိုးကိုသွင်းယူနိုင်ခဲ့ပေမယ့် အလွန်ပျော့ပျောင်းတဲ့ ဂိုး ၂ ဂိုးကိုပြန်ပေးခဲ့ရပါတယ်။ ကျနော်တို့ရဲ့ ခံစစ်ပိုင်းက ပိုကောင်းအောင်လုပ်သင့်ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ ကောင်းမွန်စွာကစားနိုင်ခဲ့ပေမယ့် အနိုင်ရလဒ်မယူနိုင်ခဲ့တဲ့အတွက် အနည်းငယ်စိတ်ပျက်မိတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ အခုလာမယ့်အပတ်မှာ ပွဲကစားဖို့မရှိဘဲ ဇန်နဝါရီနောက်ဆုံးအပတ်မှ FA ဖလား ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Metro