CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄ ရက်က မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့နှင့် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့သည်။
တခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်နေသည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဘက်က ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။