CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀
နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်း များအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုလိုက်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပထမအကြိမ် ထောက်ပံ့ပေးခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဒုတိယအကြိမ်အဖြစ် အပိုထောက်ပံ့ကြေး တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ ထောက်ပံ့ပေးခဲ့သည်။
ယခုအခါ လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၆၀,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀ ကို အပို ထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုလိုက်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများကိုလည်း လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၆၀,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့် ပြုလိုက်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အလားတူ နေ့စားဝန်ထမ်းများနှင့် နေ့စား အလုပ်သမားများကိုလည်း လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက် ပံ့ကြေး ကျပ် ၂၀၀၀ အပြင် ထပ်မံ၍ ကျပ် ၁၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုရန်နှင့် နေ့စား အလုပ်သမားများအား နေ့စဉ် လုပ်ခ ကျပ် ၇၈၀၀ ကို ခွင့်ပြုရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။
ထို့နောက် အငြိမ်းစားဝန်ထမ်းများကိုလည်း လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုကြောင်း ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။