CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က ကျောင်းသား/သူ ၇၄ ဦးကို ကျောင်းထားပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှုကို မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်၍ လက်ခံလျက်ရှိသည်။
ထို့နောက် ဇွန်လ ၁ ရက်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် SNA က ဗန်းမောက်မြို့နယ်တွင် Grade-12 ကျောင်းသား/သူ ၁၇ ဦး၊ Grade-11 ကျောင်းသား/သူ ၁၂ ဦး၊ Grade-10 ကျောင်းသား/သူ ၁၈ ဦး၊ Grade-9 ကျောင်းသား/သူ ၁၅ ဦး၊ Grade-8 ကျောင်းသား/သူ ၁၁ ဦး၊ Grade-7 ကျောင်းသား/သူ ၇ ဦး စုစုပေါင်း ၇၄ ဦးကို ကျောင်းအပ်နှံပေးခဲ့ကြောင်း ဒေသခံများနှင့် ပညာရေးဝန် ထမ်းများထံမှ သိရသည်။
ဗန်းမောက်မြို့နယ်သည် KIA-PDF များ၏ မြို့သိမ်း တိုက်ပွဲများကြောင့် တည်ငြိမ်မှုအားနည်းလျက်ရှိပြီး မြန်မာ့ တပ်မတော်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိ သည်။
