- By CNI
- Category: ဖျော်ဖြေရေး
- Hits: 3119
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လာမည့် သင်္ကြန် ၄ ရက်အတွက် မဏ္ဍပ်များတည်ဆောက်ကာ အနုပညာရှင်များဖြင့် ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
သင်္ကြန်ပိတ်ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးသွားများ ပိုမိုဝင်ရောက်စေရန်အတွက် ဖျော်ဖြေရေး မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များ ပြုလုပ်ရန် စီစဉ်ထားပြီး အနုပညာရှင်များအား ငှားရမ်းကာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုဖျော်ဖြေပွဲများသို့ လာရောက်ဖျော်ဖြေရန်အတွက် အနုပညာရှင်များအား ငှားရမ်းရန် အနုပညာကြေးများ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
“အဲဒါကြောင့် လာမယ့်သူလည်း များမယ်လို့ထင်ပါတယ်။ ပေါက်ဈေးကတော့ လောလောဆယ်တော့ ကျနော်တို့ ဝနကို ကမ်းလှမ်းထားတာတော့ သူက သိန်း ၃၀၀ လောက်တောင်းတယ်။ ချယ်ရီသင်းဆိုရင် ၄၅၀ လောက် ပေါက်တယ်ပေါ့။ ကျနော်တို့ကလည်း အဲဒီငွေ ချိန်တာဖြစ်တဲ့အတွက် အခုတော့ ကျနော်တို့က ဈေးနည်းနည်း သင့်တဲ့ အဆိုတော်လေးတွေကို ကမ်းလှမ်းနေတာမျိုးတွေ ရှိပါတယ်။ သင်္ကြန် ၄ ရက်စာပေါ့ အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ရယ်ပေါ့။ ဒါနာမည်ကြီးအဆိုတော်တွေရဲ့ ပေါက်ဈေးပေါ့လေ။ သူတို့နဲ့ ကျနော်တို့ ဆွေးနွေးကြည့်တဲ့အခါမှာ သူတို့ရဲ့ ကမ်းလှမ်းလာတဲ့ဈေးပေါ့လေ။ အခု ကျနော်တို့ မိုးအောင်ရင်လည်း ကမ်းလှမ်း ထားတာရှိပါတယ်။ နောက်ပြီးတော့ ရွှေရူပါဦးကိုတော့ ၈၀ နဲ့ ကမ်းလှမ်းထားတာရှိပါတယ်။ မိုးအောင်ရင်ကတော့ ကျနော်တို့ ညှိနှိုင်းဆဲပဲရှိပါသေးတယ်။ မိုးအောင်ရင်ကတော့ သူကလည်း ဒီကမိတ်ဆွေတွေ ရှိတော့လေ အနုပညာ ကြေးတော့ လောလောဆယ် သူမပြောသေးပါဘူး” ဟု ၎င်းက ပြောသည်။

လားရှိုးသင်္ကြန်မြင်ကွင်း
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဖျော်ဖြေရေးမဏ္ဍပ်များ ပြုလုပ်ခဲ့ခြင်းမျိုး မရှိသလို အနုပညာရှင်များအား ငှားရမ်းခဲ့ခြင်းမျိုးလည်း မရှိခဲ့ကြောင်းနှင့် လက်ရှိ အနုပညာရှင်များအား သင်္ကြန်ဖျော်ဖြေပွဲအတွက် ငှားရမ်းရသည့် အနုပညာကြေးသည် ကိုဗစ်မတိုင်ခင်ကာလများထက် များပြားလျက်ရှိကြောင်းလည်း သိရသည်။
ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်လာသည့် ခရီးသွားများအပေါ်တွင် ယခုထက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ၊ လုံခြုံမှုများ လုပ်ပေးနိုင်ပါက လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ ပို၍ သဘောကျမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အကြံပြုသည်။
ယခုနှစ် သင်္ကြန်ပိတ်ရက်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်ရန်အတွက် နိုင်ငံတော်မှ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ပေးပါက မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုသည် ယခင်ကထက် ပိုများလာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းတို့က အကြံပြုသည်။
- By CNI News
- Category: ဖျော်ဖြေရေး
- Hits: 5264
CNI Entertainment News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈
အမေရိကန် YouTuber လည်းဖြစ် Jeffree Star Cosmetics ရဲ့ တည်ထောင်သူ ပိုင်ရှင်လည်းဖြစ်တဲ့ Jeffree Star ရဲ့ နေအိမ်ကို စမိုင်းလ်တို့က ဒေါ်လာ ၁၆ သန်းကျော်နဲ့ ဝယ်ယူလိုက်တယ်လို့ နိုင်ငံတကာ website တစ်ခုဖြစ်တဲ့ Dirt က ဖော်ပြထားပါတယ်။
Jeffree Star ရောင်းချလိုက်တဲ့ အဲဒီနေအိမ်ရဲ့ ခြံဝန်းဟာ ၂.၈ ဧက ကျယ်ဝန်းကာ Hidden Hills အားလုံးမှာ အကြီးဆုံးနဲ့ အခမ်းနားဆုံး နေအိမ်ဖြစ်နိုင်ပြီး ဒေါ်လာ ၁၆.၇ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
နေအိမ်၏အတွင်းခန်းအပြင်အဆင်များ
ဝယ်လက်တွေအကြောင်း မှတ်တမ်းများအရ သူတို့တွေဟာ စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံက ဇနီးမောင်နှံဖြစ်တဲ့ ပြည့်နဲ့ စမိုင်းလ်မောင်(Pyae & Smile Maung) ဆိုပြီး Dirt က ရေးသားဖော်ပြထားတာပါ။
ဆက်လက်ပြီး သူတို့ဇနီးမောင်နှံဟာ မကြာသေးမီက Beverly Hills ဧရိယာရှိ ခေတ်ပြိုင်အိမ်ကြီးကို ငှားရမ်းခဲ့ကြောင်းနဲ့ အရင်က Hidden Hills ရဲ့ အရှေ့ဘက် မိုင် ၇၀ ခန့်အကွာမှာ တည်ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ် Rancho Cucamonga မှာလည်း နှစ်ရှည်လများနေထိုင်ခဲ့ကြောင်း ဖော်ပြထားပါသေးတယ်။
Source-Dirt
- By CNI News
- Category: ဖျော်ဖြေရေး
- Hits: 13202
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၅
မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိပါးစေသည့်အတွက် အခကြေးငွေယူ၍ ညစ်ညမ်းဓာတ်ပုံများ အပါအဝင် ဗွီဒီယိုများ တင်နေခြင်းကြောင့် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ကို ဖမ်းဆီးကာ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း MRTV ရုပ်မြင်သံကြားကနေ နစက-က သတင်းထုတ်ပြန်သွားသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် လိင်အသားပေး မော်ဒယ် ရှင်ယွန်းမြတ်၏ ချိတ်ဆက်ပေးမှုနှင့် အမေရိကန်နိုင်ငံမှာ နေထိုင်သည့် မစ္စတာ ရာဖယ်လ် ဦးစီးလုပ်ကိုင်လျက်ရှိသော ညစ်ညမ်းဝက်ဆိုက်ဖြစ်သည့် Exantria Website မှ အခကြေးငွေ ရယူ၍ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ တင်ရန် သင်ဇာဝင့်ကျော်အမည်ဖြင့် အကောင့်ဖွင့်ခဲ့ကြောင်း၊ ထို့နောက် Website မှာ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ တင်ခဲ့ကြောင်း ဖော်ပြသွားသည်။
MRTV ရုပ်မြင်သံကြားက “ သင်ဇာဝင့်ကျော်ဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ အဲဒီ Website မှာ လိင် အသားပေး ဓာတ်ပုံနဲ့ ဗွီဒီယိုများအား အခကြေးငွေ ရယူပြီး ပို့စ်တင်ခဲ့ကြောင်း။ ရရှိတဲ့ အခကြေးငွေများအား Website မှ ၂၅ ရာခိုင်နှုန်းနဲ့ ပို့စ်တင်သူမှ ၇၅ ရာခိုင်နှုန်း ခွဲဝေ ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရပါတယ်၊ အလားတူ နန်းမွေစံဟာ ၂၀၂၀ ပြည့် နှစ်၊ စက်တင်ဘာလခန့်မှာ အိန္ဒိယနိုင်ငံထုတ် အလှကုန်ပစ္စည်း ရောင်းဝယ် ရေး လုပ်ကိုင်နေသူ မစ္စကူးမားရဲ့ ချိတ်ဆက်ပေးမှု အရ Exantria Website ပိုင်ရှင် မစ္စတာရာဖယ်လ်နဲ့ ရင်းနှီးခဲ့ကြောင်း” ကြေညာသွားခဲ့သည်။
သင်ဇာဝင့်ကျော်ကိုတွေ့ရစဉ်
ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ မစ္စတာရာဖယ်လ် ဦးစီးဖွင့်လှစ်ပေးတဲ့ Only Fan Website မှာ လိင် အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုများအား အခကြေးငွေ ရယူပြီး ပို့စ်တင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ မှစကာ မစ္စတာ ရာဖယ်လ်နှင့် ထပ်မံချိတ်ဆက်၍ Exantria Website သို့ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ ထပ်မံ ပေးပို့ကာ ပို့စ်တင်ခဲ့ကြောင်း၊ Website မှ ရရှိသည့် အခကြေးငွေများအား ပို့စ်တင်သူမှ ၇၀ ရာခိုင်နှုန်းနှင့် Website မှ ၃၀ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့ကြောင်း သတင်းကြေညာသွားခဲ့သည်။
အဆိုပါ လုပ်ဆောင်မှုများကြောင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ ကမ္ဘာ့အလယ်မှာ အထင်အမြင် သေးစေနိုင်သည့်အတွက် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ကို အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
နန်းမွေစံကိုတွေ့ရစဉ်
အလားတူ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ညိုးနွမ်းစေမည့် ကိစ္စမျိုး လုပ်ဆောင်လျက်ရှိသူများအား စိစစ် ဖော်ထုတ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နစကသည် MRTV ရုပ်မြင်သံကြားကနေ သတင်းကြေညာသွားခဲ့သည်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)မှာ နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသား ယဉ်ကျေး မှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ပုဒ်မ ၃၃(က)အရ ပြစ်မှုထင်ရှားပါက မည်သူမဆို ထောင်ဒဏ် အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်ရ မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 5255
CNI Entertainment
၂၀၂၂ ခုနှစ်၊ မေ ၂၅
ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ “နိုင်ငံပျောက်သူ” ဆိုတဲ့ ဇာတ်လမ်းတိုကို မေလ ၃၀ ရက်နေ့တွင် ပဒေသာပင်(Pa Day Thar Pin) YouTube channel ကနေ တင်သွားမှာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။
သူ ရေးသားထားတာကတော့ “ကျနော် စစ်မတိုက်တတ်ဘူး။ Fund raising တွေလည်း မလုပ်တတ်ဘူး။ ကျနော် က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်” ဆိုပြီး ရေးသားထားတာပါ။
“နိုင်ငံပျောက်သူ” ဆိုတဲ့ ဇာတ်လမ်းတိုထဲမှာတော့ သရုပ်ဆောင် ဒေါင်း နဲ့ မင်းသမီး ပိုင်ဖြိုးသုတို့က အဓိက ပါဝင်ထားကြပြီး ဇာတ်ဝင်တေးသီချင်းကို အဆိုတော် ကျားပေါက်က ရေးစပ်ပေးထားတာလည်းဖြစ်ပါတယ်။
ဒါရိုက်တာ ဏကြီးဟာ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး နစကရဲ့ ၅၀၅(က)ပုဒ်မ ထုတ်ပြန်ခံထားရသူလည်း ဖြစ်ပါတယ်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 2935
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂၃
အဆိုတော် စိုင်းထီးဆိုင် ရေးသားခဲ့သော တေးသီချင်းများကို Cover Song အနေဖြင့် သီဆိုခွင့် ပြုမှာ မဟုတ်ကြောင်း သမီးဖြစ်သူ Hseng Sam က သူ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ရေးသား၍ တရားဝင် ပြောကြားခဲ့သည်။
Hseng Sam က “ကျမရဲ့ အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သော တေးသီချင်းများကို Cover Song အနေဖြင့် သီဆိုခွင့်ပြုမှာ မဟုတ်ပါကြောင်း၊ ပရိသတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ Piano ဖြင့်ဖြစ်စေ ကိုယ်တိုင် တီးဆိုပြီး Facebook တင်ခြင်းမှလွဲ၍ ခွင့်မပြုပါ”ဟု ပြောသည်။
ထို့နောက် Studio တွင် တီးခတ်အသံသွင်း MV၊ Lyric Video များ ပြုလုပ်၍ Facebook၊ YouTube နှင့် အခြား Social Media များတွင် ခွင့်မတောင်းပဲ အသုံးပြု သီဆိုခွင့် တင်ခွင့်မရှိကြောင်း၊ တင်ထားပြီးသား ရှိနေခဲ့ရင်လည်း ပြန်လည် ဖြုတ်ချပေးလိုကြောင်း Hseng Sam က ရေးသားဖော်ပြထားသည်။
ဆက်လက် တွေ့ရှိနေရပါက တရားဥပဒေအရ အရေးယူမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
စိုင်းထီးဆိုင်သည် ရှမ်းတိုင်းရင်းသား အဆိုတော်ဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားများ၏ အငွေ့အသက်များ အပါအဝင် လူမှုဘဝနှင့် နီးစပ်သော သီချင်းများကို သီဆိုခဲ့သူဖြစ်ပြီး နိုင်ငံတဝန်း လူကြိုက်များလှသည့် အဆိုတော် တစ်ဦးဖြစ်သည်။
- By CNI News
- Category: ဖျော်ဖြေရေး
- Hits: 3162
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်အတွင်းရှိ ဟိုင်းပုရေတံခွန်တွင် ယနေ့(ဧပြီ ၁၅ ရက်)သင်္ကြန်အကြတ်နေ့မှာ အနယ်နယ် အရပ်ရပ်က ခရီးသွားပြည်သူများ လာရောက် အပန်းဖြေနေကြသည်ကို ယခုလိုတွေ့ရသည်။
လားရှိုးကနေ မိုင်းရယ်မြို့နယ် ဝမ်ကျွံကျေးရွာမှ မြေနီလမ်းအတိုင်း ၁၀ မိုင်ခန့် သွားရောက်ပါက ဟိုင်းပုရေတံခွန်ကို ရောက်ရှိမည် ဖြစ်သည်။
ဟိုင်းပုရေတံခွန်သို့ အပန်းဖြေ လာရောက်ကြသူများ(ဓာတ်ပုံ-စိုင်းတင်အောင်)
ဟိုင်းပုရေတံခွန်သို့ အပန်းဖြေ လာရောက်ကြ၍ ကားများ ပြည့်နှက်နေ(ဓာတ်ပုံ-စိုင်းတင်အောင်)
ဟိုင်းပုရေတံခွန်သို့ အပန်းဖြေ လာရောက်ကြသူများ(ဓာတ်ပုံ-စိုင်းတင်အောင်)
ဟိုင်းပုရေတံခွန်သို့ အပန်းဖြေ လာရောက်ကြသူများ(ဓာတ်ပုံ-စိုင်းတင်အောင်)
- By CNI News
- Category: ဖျော်ဖြေရေး
- Hits: 1835
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်းကျေးရွာရှိ ဇွဲဘာကုန်းကမ်းခြေသို့ ယနေ့(ဧပြီ ၁၅ ရက်) သင်္ကြန်အကြတ်နေ့တွင် လာရောက်လည်ပတ်ကြသူများကို မြင်တွေ့ရသည်။
သင်္ကြန်အကြတ်နေ့ ဇွဲဘာကုန်းကမ်းခြေ
သင်္ကြန်အကြတ်နေ့ ဇွဲဘာကုန်းကမ်းခြေ
သင်္ကြန်အကြတ်နေ့ ဇွဲဘာကုန်းကမ်းခြေ
သင်္ကြန်အကြတ်နေ့ ဇွဲဘာကုန်းကမ်းခြေ
- By CNI News
- Category: ဖျော်ဖြေရေး
- Hits: 2117
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၅
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာရှိ ခတ်ချိုတိုက်ကုန်းကျောင်းတိုက်အတွင်း ပြုလုပ်သည့် ရှမ်းတိုင်းရင်းသားများ၏ ရှမ်းသင်္ကြန် ကျင်းပနေသည်ကို ယခုလို တွေ့ရပါသည်။
ဓာတ်ပုံ- Jai Seng Aung (MaiSoong Photography)
ဓာတ်ပုံ- Jai Seng Aung (MaiSoong Photography)
ဓာတ်ပုံ- Jai Seng Aung (MaiSoong Photography)
ဓာတ်ပုံ- Jai Seng Aung (MaiSoong Photography)
ဓာတ်ပုံ- Jai Seng Aung (MaiSoong Photography)
ဓာတ်ပုံ- Jai Seng Aung (MaiSoong Photography)
- By CNI News
- Category: ဖျော်ဖြေရေး
- Hits: 2908
- By CNI News
- Category: ဖျော်ဖြေရေး
- Hits: 3261
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
ယနေ့(ဧပြီ ၁၃ ရက်) ကျရောက်သည့် သင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့တော်ဝန် ဗဟိုမဏ္ဍပ်ကို နံနက်ပိုင်းက ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများက ဖွင့်လှစ်သွားခဲ့သည်။
အဆိုပါ ရန်ကုန်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆူးလေးဘုရားအနီး မြို့ တော်ဝန် အဆောက်အအုံရှေ့တွင် တည်ဆောက်ထားသော မဏ္ဍပ်ဖြစ်သည်။
Photo-PMG
- By CNI News
- Category: ဖျော်ဖြေရေး
- Hits: 3491
- 1
- 2
Page 2 of 2
