CNI Entertainment News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈ 

အမေရိကန် YouTuber လည်းဖြစ် Jeffree Star Cosmetics ရဲ့ တည်ထောင်သူ ပိုင်ရှင်လည်းဖြစ်တဲ့ Jeffree Star ရဲ့ နေအိမ်ကို စမိုင်းလ်တို့က ဒေါ်လာ ၁၆ သန်းကျော်နဲ့ ဝယ်ယူလိုက်တယ်လို့ နိုင်ငံတကာ website တစ်ခုဖြစ်တဲ့  Dirt က ဖော်ပြထားပါတယ်။

 Jeffree Star ရောင်းချလိုက်တဲ့ အဲဒီနေအိမ်ရဲ့ ခြံဝန်းဟာ ၂.၈ ဧက ကျယ်ဝန်းကာ Hidden Hills အားလုံးမှာ အကြီးဆုံးနဲ့ အခမ်းနားဆုံး နေအိမ်ဖြစ်နိုင်ပြီး ဒေါ်လာ ၁၆.၇ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ 

နေအိမ်၏အတွင်းခန်းအပြင်အဆင်များ

ဝယ်လက်တွေအကြောင်း မှတ်တမ်းများအရ သူတို့တွေဟာ စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံက ဇနီးမောင်နှံဖြစ်တဲ့ ပြည့်နဲ့ စမိုင်းလ်မောင်(Pyae & Smile Maung) ဆိုပြီး Dirt က ရေးသားဖော်ပြထားတာပါ။ 

ဆက်လက်ပြီး သူတို့ဇနီးမောင်နှံဟာ မကြာသေးမီက Beverly Hills ဧရိယာရှိ ခေတ်ပြိုင်အိမ်ကြီးကို ငှားရမ်းခဲ့ကြောင်းနဲ့ အရင်က Hidden Hills ရဲ့ အရှေ့ဘက် မိုင် ၇၀  ခန့်အကွာမှာ တည်ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ် Rancho Cucamonga မှာလည်း နှစ်ရှည်လများနေထိုင်ခဲ့ကြောင်း ဖော်ပြထားပါသေးတယ်။

 Source-Dirt