CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုကို အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ခင်သီတာထွန်း၊ ဟင်နရီစံ၊ အိချောပိုတို့က ရရှိသွားခဲ့ပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကိုတော့ ဒီကနေ့(ဖေဖော်ဝါရီ ၃ ရက်နေ့)မှာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1) ခန်းမမှာ ကျင်းပနေတာ ဖြစ်ပါတယ်။
ဇာတ်ကား စိစစ်အကဲဖြတ်ရာမှာ ပထမအဆင့် အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၃၅ ကားကို စိစစ်ခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ ရွေးချယ်ထားတဲ့ ဇာတ်ကား ၁၂ ကားကို ဇန်နဝါရီလ ၃ ရက်မှာ အပြီးအစီး စိစစ် ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အကယ်ဒမီ ရွှေစင်ရုပ်တုမှာ တပ်ဆင်မယ့် ရွှေကြယ်တွေနဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမယ့် အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ရွှေစင်ရုပ်တု ရင်ထိုးတံဆိပ်တွေ ပေးအပ်သွားမှာဖြစ်ပြီး လိုအပ်တဲ့ ရွှေတွေကို နိုင်ငံတော်က ကျခံတာပဲ ဖြစ်ပါတယ်။