CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃

တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုမှ မြို့နယ်ပေါင်း ၅၀ ကျော်ကို အရေးပေါ် အခြေအနေ ကြေညာကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေ‌ဒေသ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုမှ မြို့နယ် ပေါင်း ၅၀ ကျော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြို့နယ်များမှာ ကချင်ပြည်နယ်ထဲမှ ဆွမ်ပရာဘွမ်မြို့နယ်၊ ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့ လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကယားပြည်နယ်မှ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ကရင်ပြည် နယ်မှ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချင်းပြည်နယ်မှ ကန်ပက်လက်မြို့နယ်၊ ထန်တလန်မြို့ နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဖလမ်းမြို့နယ်တို့ ဖြစ်သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးထဲမှ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ အင်းတော်မြို့နယ်၊ ပုလဲမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ ပေါက်မြို့နယ်၊ မြိုင်မြို့ နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးထဲမှ ငါန်းဇွန်မြို့နယ်တို့ပါသည်။

အလားတူ ရခိုင်ပြည်နယ်ထဲမှ ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွ မြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်တို့ ပါသည်။

ထို့အပြင် ရှမ်းပြည်နယ်ထဲမှ နမ္မတူမြို့နယ်၊ မဘိမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံ မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ ဟိုပန်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုင်းလားမြို့နယ်တို့ ပါသည်။

အဆိုပါ အရေးပေါ် အခြေအနေ ကြေညာချက် အမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

အရေးပေါ် အခြေအနေ ကြေညာခဲ့သော မြို့နယ် ၅၀ ကျော်ထဲမှာ တိုက်ပွဲမရှိသလို အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA-မိုင်းလား) ထိန်းချုပ်ထားသည့် မိုင်းလားမြို့ ပါဝင်နေပြီးတော့ မြန်မာ့တပ်မတော်ကို တိုက်ခိုက် နေသည့် KIA ထိန်းချုပ်ထားသော ပန်ဝါ၊ ကန်ပိုက်တည်၊ မိုးမောက်နှင့် ဖားကန့်မြို့နယ်တို့ မပါဝင်ပေ။